ကမ္ဘာ့ ပထမဆုံး ငလျင်တိုင်းတာတဲ့ ပစ္စည်းအဖြစ် အသုံးပြုခဲ့တဲ့ရုပ်ထုကြီး

ကမ္ဘာ့ ပထမဆုံး ငလျင်တိုင်းတာတဲ့ ပစ္စည်းအဖြစ် အသုံးပြုခဲ့တဲ့ ရုပ်ထုကြီး

ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တည်းက လူသားတွေဟာ တီထွင် ကြံဆမှုများ ရှိခဲ့ကြပါတယ်နော်။Socialkhit ပရိသတ်ကြီးကို ခုဖော်ပြမယ့် အကြောင်းအရာ ကလည်း ‌ရှေးဦးလူတွေ ပြုလုပ် ဖန်တီးခဲ့ကြတဲ့ ကမ္ဘာတစ်လွှားက

ရှေးဟောင်း နည်းပညာတွေနဲ့ ပတ်သက် တာပဲ ဖြစ်ပါတယ်နော်။အဲ့ဒီထဲကမှ လူသားတွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ ငလျင်တိုင်း ကိရိယာ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်၂၀၀၀ ခန့်က ကမ္ဘာ့ ပထမဆုံး ငလျင် တိုင်းတဲ့ နည်းပညာကို တရုတ် လူမျိုး Zhang Chang Heng က တီထွင်ခဲ့တာ ဖြစ်ပါ တယ်နော်။ သံလိုက် အိမ်မြောင် တပ်ထားတဲ့

ကြေးအိုးကြီးမှာ နဂါး ၈ ကောင်နှင့် ဖား ၈ ကောင် တည်ရှိပါတယ်နော်။အဲ့အရုပ်တွေက မိုးလေဝသနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ခန့်မှန်းပေးသလဲ ဆိုတော့ နဂါး နှင့်

ဖားရုပ်ထုရဲ့ ပါးစပ် အရှည်လိုက် မြှောင်းထဲမှာ ကြေးဝါဘောလေးများ ထည့်သွင်း ထားပါတယ်။ငလျင် လှုပ်ခတ်တဲ့အခါမှာ ဖားပါးစပ် အထဲက အရှည်လိုက် အံဝှက် အတွင်းရှိ ကြေးဝါ

ဘောလေး စတင် လှုပ်ခတ်ပြီး ငလျင်လှုပ်ရာ အရပ်မျက်နှာကို ညွှန်ပြပေးပါတယ်တဲ့။အဲ့ဒီ နည်းပညာဟာ အဲ့ခေတ်အခါတုန်းက ပြိုင်စံရှား မိုးလေဝသ ခန့်မှန်းပညာရပ် တစ်ခုပဲဖြစ်ပါတယ်တဲ့။ လူသားတွေရဲ့ တီထွင်နိုင်စွမ်းကလည်း တကယ့် အံ့မခန်းပါပဲဗျာ။ Credit

Add a Comment

Your email address will not be published. Required fields are marked *