မိန်းမနဲ့ ရည်းစားပေါင်း ၁၀၀ ကျော် ရှိပြီးတော့ တစ်နေရာတည်း အတူထားတဲ့ တရုတ် အိမ်ခြံမြေ လုပ်ငန်းရှင်

မိန်းမနဲ့ ရည်းစားပေါင်း ၁၀၀ ကျော် ရှိပြီးတော့ တစ်နေရာတည်း အတူထားတဲ့ တရုတ် အိမ်ခြံမြေလုပ်ငန်းရှင်

တရုတ်နိုင်ငံက မြေယာစီမံခန့်ခွဲမှု ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌဟောင်းတစ်ဦးဟာ အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးခံထားရပြီးတော့ သူရဲ့ မြွာပွေမှုဟာ နိုင်ငံအတွင်း ပြောစမှတ်တွင်နေပါတယ်တဲ့။ဘာကြောင့်လည်းဆိုတော့

သူ့မှာ ဇနီးမယားနဲ့ ချစ်သူရည်းစား အမျိုးသမီးပေါင်း ၁၀၀ ကျော်နဲ့ ပေါင်းသင်းခဲ့တာကြောင့်ပါ။အသက် ၅၇ နှစ်ရှိ လိုက်ရှောက်မင်းဆိုတဲ့ အနှီပုဂ္ဂိုလ်ဟာ သူ့ရဲ့ ဇနီးမယားနဲ့ ချစ်သူမိန်းကလေးတွေကို ကျူဟိုင်မြို့က စီရင်စုတစ်ခုတည်းမှာပဲ

အိမ်တစ်ဆောင်မီးတပြောင်စီနဲ့ အသီးသီး ထားထားတာ ဖြစ်ပြီးတော့ တရုတ်က လူမှုမီဒီယာမှာ သူ့အကြောင်းက ဟိုးလေးတကျော်ကျော် ဖြစ်နေပါတယ်နော်။အဲဒီလို သူ့ရဲ့ ဇနီးတွေ၊ ချစ်သူတွေနဲ့ ကလေးတွေကို တစ်နေရာတည်းမှာ

ထားထားတာ ဖြစ်ပေမယ့် ပြဿနာလည်း ဖြစ်ကြပုံ မရပါဘူးတဲ့။ ဒါအပြင် ရှောက်မင်းဟာ သူရဲ့ ကုမ္ပဏီတွေမှာ သူ့ မိန်းမနဲ့ ရည်းစားတွေကို မန်နေဂျာ၊ အမှုဆောင်နဲ့ ဒါရိုက်တာရာထူးတွေလည်း အသီးသီး ခန့်အပ်ထားပြန်တာပါ။

မောင်းမမိဿံ တရာကျော်နဲ့ ရှောက်မင်းကို ဧပြီလအတွင်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်နော်။ဖမ်းဆီးချိန်မှာ ရှောက်မင်းဟာ သူ့ နာမည်နဲ့ အိမ်ခြံမြေပေါင်း ၁၀၀ ကျော်ထက်မနည်း ပိုင်ဆိုင်ထားပြီး အလေးချိန် သုံးတန်ရှိတဲ့

ယွမ် သန်း ၂၇၀ ငွေသားတွေကိုလည်း သိမ်းဆည်းရမိပါတယ်။စုံစမ်းစစ်ဆေးသူတွေ တွေ့ရှိချက်တွေအရ ရှောက်မင်းရဲ့ တရားမဝင်ပိုင်ဆိုင်မှုပေါင်းဟာ ယွမ် နှစ်ဘီလီယံကျော်ထက်မနည်း ရှိမယ် ခန့်မှန်းထားပါတယ်တဲ့။

ရှောက်မင်းဟာ ၂၀၁၃ ကနေ ၂၀၁၈ အထိ အမျိုးသားပြည်သူ့လွှတ်တော်မှာ တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် ဖြစ်ခဲ့သူပါ။ပါတီကနေ ထုတ်ပယ်ခံရပြီး သူဟာ၂၀၁၇ နောက်ပိုင်း

အိမ်ထောင်ရှိရက် နောက်အိမ်ထောင်ပြုခြင်းကြောင့် တရားစွဲဆိုခံရတဲ့ ပထမဆုံး ပါတီခေါင်းဆောင်လည်း ဖြစ်ခဲ့သူ ဖြစ်ပါတယ်တဲ့။Writer_ မောင်သံဆင့်(XYZ News)

Add a Comment

Your email address will not be published. Required fields are marked *