သန်း ၇၀ လောက်ကုန်တဲ့ ဇိမ်ခံကား အစီး ၄၀ ကိုလက်ဆောင်အနေဖြင့် ထူးချွန်တဲ့ ဝန်ထမ်းများကို ပေးအပ်ခဲ့တဲ့ ကုမ္ပဏီ

သန်း ၇၀ လောက်ကုန်တဲ့ ဇိမ်ခံကား အစီး ၄၀ ကို လက်ဆောင်အနေဖြင့် ထူးချွန်တဲ့ ဝန်ထမ်းများကို ပေးအပ်ခဲ့တဲ့ ကုမ္ပဏီ

World of Buzz” သတင်းဌာနတစ်ခုမှ တရုတ်နိုင်ငံ၊ Shandong ပြည်နယ်၊ Dezhou ရှိ ကုမ္ပဏီတစ်ခုမှာ အကောင်းဆုံးကြိုးစားခဲ့တဲ့ ထူးချွန်တဲ့ ဝန်ထမ်းများရဲ့ စိတ်ဓာတ်ကို မြှင့်တင်တဲ့အနေနဲ့ ငွေများရင်းနှီးမြုပ်နှံပြီး

ဇိမ်ခံကားများကို ဝန်ထမ်းများအား လက်ဆောင်ပေးခဲ့တဲ့အကြောင်းပြောလာတာပါ ။ ဇိမ်ခံကားဈေးနှုန်းပြောကြားချက်အရ စုစုပတန်ဖိုးက စုစုပေါင်းတန်ဖိုးက ယွမ် ၁၅ သန်း (သို့) ဘတ် ၆၉.၇ သန်းခန့်ရှိပြီး ဝန်ထမ်းတစ်ဦးက သူဟာ

တစ်သန်းကိုအနိုင်ရခြင်းထက် အလွန်ပျော်ရွှင်ပြီး စိတ်လှုပ်ရှားခဲ့ရတယ်လို့ ပြောကြားလာခဲ့ပါတယ်နော် ။ဇိမ်ခံကားများကို ဝန်ထမ်းများ ပေးအပ်နေစဉ် ၎င်းအရာက အလွန်မြင့်မားတဲ့ ရင်းနှီးမြှုပ်နှံမှုလိုအပ်တဲ့ လက်ဆောင်တစ်ခုဖြစ်သော်လည်း

ဝန်ထမ်းများရဲ့ စေတနာနဲ့ ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ်က မကုန်ဆုံးသေးပါဘူးတဲ့ ။ ၎င်းကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာက ဒီကားများဟာ ကုမ္ပဏီမှ ၎င်းရဲ့ ဝန်ထမ်းအချိုးကိုသာ လက်ဆောင်ပေးခဲ့တာပါ ။

သို့ပေမဲ့ ကုမ္ပဏီက ဝန်ထမ်းများအားလုံးကို ကြီးမားတဲ့ ငွေများနဲ့ အခြားဆုများ ပေးအပ်လိမ့်မယ်ဖြစ်ပါတယ် ။ကုမ္ပဏီက ယခုလို ထူးချွန်တဲ့ ဝန်ထမ်းများကို ကားများအပ်ပေးခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး စီးပွားရေးအခြေအနေများ

ဆိုးရွားနေသော်လည်း ၎င်းကို ဆက်လက်လုပ်ဆောင်နေလျက်ရှိပါတယ် ။ ထိုကဲ့သို့သော ဝန်ထမ်းများကို ပေးအပ်တဲ့ ဆုများမှ အကဲဖြတ်တဲ့အခါ ကုမ္ပဏီရဲ့စီးပွားရေးက ပိုမိုဆိုးရွားလာလိမ့်မည်လို့ ထင်မြင်သော်လည်း ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်မှာ

အတော်လေးကောင်းနေဆဲဖြစ်ပါတယ် ။ လက်ခံသူအတွက် မနည်းတဲ့ကြင်နာမှုလေးများပြသနေစဉ် ဝန်ထမ်းများအတွက် စိတ်ဝင်စားမှုနဲ့ စိတ်အားထက်သန်မှုတို့ကို ဖန်တီးပေးပါလိမ့်မယ်နော် ။JRose (Mckzone daily)

Reference : thainewsonline

Add a Comment

Your email address will not be published. Required fields are marked *