မိဘတွေကို လုပ်ကျွေးရန် လက်များမရှိပေမဲ့ မိတ်ကပ်လိမ်းခြယ်ရန် ခြေကိုသုံးပြီး ကြိုးစားခဲ့တဲ့ မသန်စွမ်း မိတ်ကပ်ပညာရှင်လေး

မိဘတွေကို လုပ်ကျွေးရန် လက်များမရှိပေမဲ့ မိတ်ကပ်လိမ်းခြယ်ရန် ခြေကိုသုံးပြီးကြိုးစားခဲ့တဲ့ မသန်စွမ်း မိတ်ကပ်ပညာရှင်

လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိပါတယ် ။ သို့သော် ၁၇ နှစ်သားအရွယ် လက်နှစ်ဖက်မရှိတဲ့ မသန်စွမ်းမိန်းကလေး “Nong FaiBunthida Chinwong” လိုလူက သူရဲ့ အိပ်မက်များကို ဘယ်လိုအကောင်အထည်ဖော်တာလဲ။

Nong Fai ဟာ မွေးကတည်းက လက်များမပါဘဲ မွေးဖွားလာပြီးတော့ ခြေထောက်တစ်ဖက်တို တစ်ဖက်ရှည်ဖြစ်နေပါတယ်တဲ့ ။ သူမဟာ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပြီး ဒီနေ့မှာတော့ သူမရဲ့အိပ်မက်ကို

အောင်မြင်စွာ ဖြည့်ဆည်းနိုင်ခဲ့ပါတယ်နော် ။ ကိုယ်အင်္ဂါ ၃၂ ခုမရှိသော်လည်း Nong Fai က မည်သည့်အခါမှ လက်လျှော့ခြင်းမရှိဘဲ သူမက YouTube ပေါ်မှာ မိတ်ကပ်လိမ်းခြယ်ခြင်းကို လေ့လာခြင်းဖြစ် စတင်ခဲ့ပါတယ်နော် ။ အဲ့ဒီနောက်သူမက

ခြေဖဝါးမိတ်ကပ်သုံးပြီး youtube က video clip တစ်ခုပြုလုပ်ကာ သူမရဲ့ မိတ်ကပ်ပညာကို ပြန်လည်ဝေမျှပေးခဲ့ပါတယ်တဲ့ ။မကြာသေးမီက သူမဟာ “Tim Ten Day” အစီအစဉ်မှာ ပါဝင်ခဲ့ပြီး “Pat Napapha” အတွက်

သူမရဲ့ခြေဖဝါးတွေ အသုံးပြုနိုင်စွမ်းကို ပြသခဲ့ပါတယ် ။ အခု Nong Fai မှာ အလုပ်တွေအများကြီးဝင်လာပြီး ဝေဖန်သုံးသပ်ဖို့ အဆက်အသွယ်တွေရော၊ နှုတ်ခမ်းနီတံဆိပ်ရောသူတို့ကဓါတ်ပုံရိုက်ဖို့ တင်ဆက်ဖို့ဆက်သွယ်လာကြပါတယ်နော်။

မိသားစုအတော်လေးဆင်းရဲသောကြောင့် Nong Fai က သူမရဲ့ မိဘများကို အခက်အခဲမရှိအောင် နေထိုင်နိုင်ရန်နဲ့ အိမ်တစ်လုံးဝယ်ဖို့အတွက် သူမငွေတွေရရှိဖို့ အလုပ်လုပ်ခဲ့ရပါတယ်တဲ့ ။

ခန္ဓာကိုယ်ကတော့ တခြားသူတွေလို မပြည့်စုံပေမယ့်လည်း Nong Fai က သူမနှစ်သက်တဲ့အရာကိုလုပ်ဖို့ အခိုင်အမာဆုံးဖြတ်ထားပါတယ်နော် ။

သူမက ထက်မြက်ပြီး အလွန်ခိုင်မာတဲ့ စိတ်ရှိတယ် ။ စိတ်ဓာတ်ကျနေသူများအတွက် ဒီမိန်းကလေးက သင်တို့ကို inspire ဖြစ်စေလိမ့်မယ် လို့ ထင်ပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *