အိမ်မှာ အလွယ်တကူ ရနိုင်တဲ့ သံပုရားသီးရဲ့ အသုံးဝင်ပုံမျာ

အိမ်မှာ အလွယ်တကူ ရနိုင်တဲ့ သံပုရားသီးရဲ့ အသုံးဝင်ပုံများ

ချစ်တဲ့ ပရိတ်သတ်ကြီးကို သိသူဖော်စား မသိသူကျော်သွား သံပုရာသီး၏ အသုံးဝင်ပုံများကို ပြောပြပေးသွားမှာပါ။ချစ်တဲ့ ပရိတ်သတ်ကြီးတွက် ဖော်ပြပေးလိုက်ပါတယ်နော်။သံပရာသီးရဲ့ အသုံးဝင်ပုံတွေကတော့

(၁)ယားနာ,ပွေးနာ,အရေပြား၌အမဲကွက်များပေါက်ခြင်း အမွှေးများကျွတ်ခြင်း စသော ရောဂါများအတွက် သံပုရာသီး ကို ထက်ခြမ်းပြု၍ နာနာပွတ်တိုက် ပေး ပါက ပျောက်စေပါတယ်။

(၂)သံပုရာအရည်ကို သကြားအနည်း ငယ် ထည့်၍ သောက်ပါက အရက်မှ ဖြစ်သောအဆိပ် အစာမှဖြစ်သောအဆိပ် ဘိန်းမူး လွန်သော အဆိပ်သင့် နာ များအတွက် လည်းကောင်း အော့အန်ခြင်းများအတွက်လည်းကောင်းပျောက်ကင်းစေပါတယ်။

(၃)သံပုရည်ကို သကြားခတ်၍ သောက်ပါက အဆီများ၍ ချောင်းဆိုးခြင်း သည်းခြေအားနည်းခြင်း အဆစ်အမြစ် ကိုက်ခြင်း သွားမှသွေးယို စီးခြင်း မောပန်းခြင်း အထိုင်အထသွားလာရာ၌ မူးဝေတတ်ခြင်း စသည် ရောဂါများ ပျောက်ကင်းသက်သာစေပါတယ်။

(၄)လက်ဖက်ရည်ကျကျ ထဲ သံပုရာရည် ညှစ်သောက်ပါက ခေါင်းကိုက်ရောဂါပျောက်ပါတယ်။

(၅)သံပုရာရည်ပူပူဖြင့် ပျားရည်ရော၍ နေ့အခါနှစ်ကြိမ်မျှ လျှက်ပါက လည် ချောင်းနာရောဂါ ပျောက်တယ်။

(၆)သံပုရာသီးကို မီးကျွမ်းအောင် ဖုတ်၍ လေးညှင်းတစ်ပွင့် ထည့်ကြိတ်ပြီး သွားရင်း၌ သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ပါတယ်။

(၇)သံပုရာအစေ့ကို ကြိတ်ပြီး နားသယ် တွင် လိမ်းပါက ခေါင်းတစ်ခြမ်းကိုက် ရောဂါပျောက်ပါတယ်။

(၈)သံပုရာ အခေါက်ကို ရေနှင့်ထက်ဝက် ခန့်ကျို၍ ည နံနက် တစ်ကြိမ်ကျစီ သောက်ပါက အဖျားပျောက်ပါတယ်နော်။ (၉)သံပုရာသီးအစိမ်း၏ အခွံကို စားပါက လေနာ ရင်နာပျောက်ပါတယ်နော်။

(၁၀)သံပုရာသီး သနပ်ကို ထမင်းနှင့် အမြဲစားပါက သရက်ရွက်ကြီးသော ရောဂါ ပျောက်ပါတယ်နော်။ ချစ်ပရိတ်သတ်ကြီးလည်း သံပရာသီးရဲ့ အသုံးဝင်ပူံတွေသိပြီး အသုံးချနိုင်ပါစေနော်။Crd

Add a Comment

Your email address will not be published. Required fields are marked *