၁၃ နှစ် အရွယ်ချစ်သူမှာ ကိုယ်ဝန် ရှိနေလို့ စိုးရိမ်နေတယ် ဆိုတဲ့ ၁၀နှစ်အရွယ် ကောင်လေး

၁၃ နှစ် အရွယ်ချစ်သူမှာ ကိုယ်ဝန်ရှိနေလို့ စိုးရိမ်နေတယ် ဆိုတဲ့ ၁၀နှစ်အရွယ် ကောင်လေး

ရုရှားနိုင်ငံက သတင်းထူးတစ်ခု ထွက်ပေါ်လာတာကြောင့်ဘဲ ကမ္ဘာ့သတင်းမီဒီယာထက်မှာတော့ အတော်လေးကို အုတ်အော်သောင်းတင်းဖြစ်နေတာပါနော်။ဘာကြောင်းလဲဆိုတော့ ၁၀နှစ်အရွယ်

ကောင်လေးတစ်ယောက်ရဲ့ပယောဂကြောင့်(၁၃ နှစ်အရွယ် ကောင်မေလးမှာ ကိုယ်ဝန်ရှိခဲ့တာ ကြောင့်ပါတဲ့။ ထိုစုံတွဲကတော့ Ivan နဲ့ Darya ပါ။ သူတို့နှစ်ယောက်က ချစ်သူတွေပါတဲ့။ အခုလို သတင်းကြေင့် Ivan ဟာ အေတ်ာလေးကို တုန်လှုပ်နေတယ်လို့ ဆိုပါတယ်နော်။

သူတို့နှစ်ယောက်ဟာ မိဘတွေခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့အပတ်ကဘဲ ကမ္ဘာကိုကိုင်လှုပ်မယ့် သတင်းမျိုးကို လူသိရှင်ကြား ထုတ်ဖော်ခဲ့တာပါတဲ့။သူတို့ဟာရုရှားတီဗွီအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ပြီးတော့ သူတို့အကြောင်း ဖွင့်ဟခဲ့တာပါ။

ဒီအဖြစ်အပျက်က သိပ္ပံပညာရှင်တစ်ချို့တွက် မေးစရာမေးခွန်းတွေ ဖြစ်စေခဲ့တာပါ။အသက်(၁၀နှစ်အရွယ် ကောင်လေးတစ်ယောက်အတွက် ဒီလို ဖြစ်ရပ်ဖြစ်စေဖို့ အလွန်စောနေသေးလို့ပါ။သူတို့နှစ်ယောက်စလုံးကတော့ ဗိုက်ထဲက ကိုယ်ဝန်ဟာ Ivan ကြောင့်ပါလို့ တညီတညွှတ် ဆိုတာပါ။

Darya ရဲ့ဗိုက်ထဲမှာ ကိုယ်ဝန်က အခုဆို (၈)ပတ်အရွယ်ကိုတောင် ရှိနေပါပြီတဲ့။နောက်ပြီးတော့ သူတို့နှစ်ယောက်ဟာ မြင်မြင်ချင်း ချစ်မိခဲ့ကြတာလို့ ဆိုတာပါ။ Ivanဟာ သူတို့ တွေ့တွေ့ချင်း နှင်းဆီပန်းတွေ ပေးတာပါတဲ့။ နောက်ပြီး Ivanဟာကလေးအဖေက သူကလွဲပြီး ဘယ်သူမှ

မဖြစ်နိုင်ဘူးလို့ အတိအကျဆိုတာပါ။Darya နဲ့ သူမရဲ့မိခင်ကတော့ ကလေးကို ဖြစ်မြောက်အောင်မွေးဖို့အတွက် ဆုံးဖြတ်ထားပြီးတော့ လောလောဆယ် ကလေးအဖေ ဘယ်သူဘယ်ဝါဖြစ်ကြောင်းသိနိုင်ဖို့ DNA စဈဆေးဖို့ စောလွန်းသေးတယ်လို့ Yahoo News ရဲ့ ဖော်ပြချက်ကြောင့်

သိရတာပါနော်။Father at 10!? တီဗွီအစီအစဉ်မှာ Darya က ကြောက်နေသလား လို့ Ivan ကို တိုးတိုးမေးတော့ အရမ်းပဲ လို့ဖြေခဲ့တာပါ။ Darya က ကြောက်ဖို့ မလိုဘူးလို့ သူတို့နှစ်ယောက်ရဲ့ ခရေစေ့တွင်းကျကျ ဖွင့်ဟပွဲမှာ

တိုးတိုး ကပ်ပြောခဲ့တာပါတဲ့။သူတို့အဆိုအရ သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမှုနဲ့ ပြီးခဲ့တဲ့တစ်နှစ်လောက်က စတွေ့ခဲ့ကြတာပါတဲ့နော်။ စတွေ့ပြီး နှစ်ရက်အကြာမှာ နှစ်ယောက်သား Date ပါတော့တယ်တဲ့။ သူမကသူကပြောတယ် ကျွန်မကို ချစ်မိနေပြီတဲ့ ။ကျွန်မတို့ ရသလောက်

အတူတူ အချိန်တွေ ကုန်ဆုံးချင်တယ်ပြောတယ် ။ကျွန်မတို့ လက်ချင်းချိတ်ပြီး သွားရတာကို ကြိုက်တယ် ။ အနမ်းချင်း ဖလှယ်ရတာကိုရောပေါ့ လို့ ပြောခဲ့တာပါ။ ဒါပေမယ့် ရုရှားဆေးဘက်ဆိုင်ရာ သိပ္ပံပညာရှင်တွေကတော့ Ivan ဟာ

ကလေးအဖေ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေတာပါ။Urology Andrology ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Evgeny Grekov က Ivan အနေနဲ့ Sperm cellsထုတ်လုပ်နိုင်တဲ့အရွယ် မဟုတ်သေးပါဘူးတဲ့နော်။ ကျွန်တော်တို့ ဓာတ်ခွဲခန်းအဖြေတွေကို သုံးကြိမ်အထိ ပြန်စစ်ပြီးပါပြီ ။

ဒါကြောင့် ကျွန်တော်တို့ဘက်ကတော့ မမှားဘူးလို့ ပြောတာပါ။ Ivan ဟာ အခုမှာAdrenarche တွေ့ရုံမှသာ ဖွံ့ဖြိုးကာစဖြစ်ပြီး Testosterone ဟိုမုန်းတောင် မရှိသေးပါဘူး။ နောက်ပြီး ကလေးရဲ့ လိင်အရွယ်အစားဟာ ကလေးအဆင့်ပဲ ရှိပါသေးတယ်။လူပျိုဖော်ဝင်ခြင်းတောင် မရှိသေးဘဲ ဒီကိစ္စနဲ့

ပတ်သက်ပြီး ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ဒေါက်က Evgeny က ပြောခဲ့တာပါ။ Darya ကတော့ ၁၀ နှစ်သာရှိသေးတဲ့ သူမှာ ဒီလိုစွမ်းဆောင်ရည်မျိုး ရှိမယ်မထင်ထားဘူး။နောက်ဒီလိုလုပ်လိုက်လို့ ဘာမှ မဖြစ်ဘူးလို့လည်း တွေးခဲ့တယ်လို့ ပြောတာပါ။ သူမရဲ့ မိခင်ကေတာ့ သူတို့ဟာ တစ်ကြိမ်သာ

လွန်ကြူးခဲ့ပြီးတော့ ဒီကနေ့ ကလေးရတယ်ဆိုလို့ နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ ပြောခဲ့တာပါ။Ivan ရဲ့ မိခင် Galina ကလည်း ကလေးအဖေဟာ သူ့သားပဲဖြစ်နိုင်မယ်လို့ ဆိုတာပါ။ နောက်ထပ် ကျယ်ပြန့်စွာ ထွက်ပေါ်လာတဲ့

သတင်းတွေ ရှိနေတာပါ။ Darya ရဲ့ အိမ်နီးချင်းတစ်ချို့ရဲ့ အဆိုအရတော့ သူမမှာ အရွယ်ရောက်ပြီးသား ချစ်သူတစ်ဦးလည်း ရှိနေခဲ့တယ်လို့ ဖော်ထုတ်ခဲ့တာပါတဲ့နော်။သတင်းတွေမှာလည်း Darya က သူမရဲ့ ကိုယ်ဝန်ကို ဖုံးကွယ်ဖို့ Ivan ကို အသုံးချခဲ့တာလို့ ဖော်ပြခဲ့ကြတာပါ။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *