အနာဂတ်မှာ လူသား မော်ဒယ်တွေကို ကျော်တက်ဖွယ်ရှိနေတဲ့ စက်ရုပ် မော်ဒယ်မလေး ရိုဇီ

အနာဂတ်မှာ လူသား မော်ဒယ်တွေကို ကျော်တက်ဖွယ်ရှိနေတဲ့ စက်ရုပ်မော်ဒယ်မလေး ရိုဇီ

AI နည်းပညာစနစ် ထည့်သွင်းထားတဲ့ စက်ရုပ်မော်ဒယ်မလေး ရိုဇီကတော့ အခုဆိုရင် ကြော်ငြာစီးပွားရေးနယ်ပယ်ဘက်ကို ခြေဆန့်နေပါပြီတဲ့။ Rozy ဟာ အမြဲတမ်းနုပျိုတဲ့ အသက်(၂၂)အရွယ်က ဘယ်တော့မှ မတက်တော့တဲ့

စက်ရုပ်မလေးဖြစ်ပြီး၊ လူသားတစ်ယောက်ပုံစံနီးနီး ဖန်တီးထားတာပါနော်။သူမဟာ အခုဆိုရင် ဖက်ရှင်မော်ဒယ်အပိုင်းနဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာအပိုင်းကို စတင်လှုပ်ရှားနေတာပါ။ သူမဟာ ကိုရီးယားဆိုရှယ်မီဒီယာထက်မှာ စိတ်ဝင်စားမှု ခံနေရပါပြီတဲ့။

သူမကို ဖန်တီးခဲ့တဲ့ ကုမ္ပဏီကတော့ Sidus Studio X ပါ။ (၂၀၂၀)ခုနှစ် ဒီဇင်ဘာမှာ သူမကို စက်ရုပ်လူသားအဖြစ် စတင်ဖန်တီးခဲ့တာပါ။Studio X ရဲ့ CEO ဖြစ်တဲ့ Baek Seung Yeop က အခုဆို တစ်ပတ်ကို နှစ်ခါလောက်

ကြော်ငြာတွေ ရိုက်နေရပါပြီ အခုဆိုရင် လုပ်ငန်းဆိုင်ရာ စာချုပ် (၈)ခုကို ချုပ်ဆိုထားနိုင်ပြီးပါပြီနော်။ နောက်ပြီးတော့ စပွန်ဆာက (၁၀၀) ကျော် ရရှိထားပါတယ်နော်။ အခုထက်ထိတော့ အကောင်အထည် မပေါ်တာတွေ ရှိနေပါသေးတယ်

ဘာပဲဖြစ်ဖြစ် အခုဆို ရည်မှန်းထားတဲ့အတိုင်း အကျိုးအမြတ် စပြနေပါပြီလို့ ပြောပါတယ်နော်။ သူက ဆက်လက်ပြီး `ရိုဇီဟာ အခုနှစ်အပြီးမှာ ကိုရီးယားဝမ် တစ်ဘီလီယံအထိ ရှာဖွေနိုင်ဖို့ သေချာနေပါတယ် လို့ ဖြည့်စွက်ပြောပါတယ်နော်။

အဲဒီပမာဏဟာ အမေရိကန်ဒေါ်လာ (၈၅၀၀၀၀)နဲ့ ညီမျှပါတယ်။ သိရသလောက်ကတော့ Rozy ကို မျက်နှာအမူယာပေါင်း (၈၀၀)အထိ ဖော်ပြနိုင်တဲ့ အရုပ်မလေးအဖြစ် အသက်သွင်းထားပါသတဲ့။သူမရဲ့ အင်စတာဂရမ်ပေ့ စဖွင့်တဲ့အချိန်ကဆို

ဘယ်သူကမှ သူမကို သက်မဲ့စက်ရုပ်ကလေးလို့ မတွေးကြဘဲ၊ ကုမ္ပဏီက ဒါဟာ စက်ရုပ်မလေးဖြစ်ကြောင်း ကြေညာချိန်မှာတောင် လူတွေက သို့လောသို့လောနဲ့ သံသယပွားခဲ့ကြတယ်လို့

ဆိုပါတယ်နော်။ လက်ရှိအချိန်မှာတော့ လူသားသရုပ်ဆောင်တွေ၊ သတင်းကြေညာသူတွေအစား AI စက်ရုပ်တွေ အစားထိုးလာမှုဟာ တဖြည်းဖြည်း တွင်ကျယ်နေပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *