ဆောက်သမ်တန်နဲ့ ပွဲစဉ်မတိုင်မီ ယူနိုက်တက် အသင်းသတင်းများ

ယူနိုက်တက်တို့ဟာ လာမယ့် တနင်္လာနေ့ည (၁)နာရီ ခွဲအချိန်မှာ ဆောက်သမ်တန်အသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မတိုင်မီ ဒီနေ့မှာပြုလုပ်တဲ့ ယူနိုက်တက်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက ယူနိုက်တက်ရဲ့ အခြေအနေအရပ်ကို ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

အသင်းမှာ သွင်းဂိုးတွေရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်နဲ့ ပတ်သက်ပြီး၊ ရက်ဖို့ဒ်ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေအပေါ်မှာ သူ့အနေနဲ့ အပြည့်အ၀ယုံကြည်မှုရှိတယ်လို့ပြောကြားခဲ့ပြီး၊ လက်ရှိရက်ဖို့ဒ်ရဲ့ ပုံစံနဲ့ ပတ်သက်ပြီးတော့လည်းပျော်ရွှင်မှုရှိတယ်လို့ပြောကြားသွားခဲ့ပါတယ်။

(၂)လက်ရှိယူနိုက်တက်ရဲကခြေစွမ်းတွေကြောင့် အရင်က နေ့ရက်တွေကလိုပြန်ခံစားနေရပြီလား လို့မေးမြန်းခဲ့ရာမှာတော့ ဆိုးလ်ရှားက လက်ရှိယူနိုက်တက်က ဆူုဖလားတွေကိုစိန်ခေါ်နေနိုင်ပြီဆိုရင်တော့ သူ့အနေနဲ့ ဒီအကြောင်းကိုပြောရလိမ့်မယ်လို့ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

(၃)ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာလူစာရင်းကို အပြောင်းအလဲလုပ်ဖို့ရှိနေလားဆိုတဲ့ မေးခွန်းကိုတော့ဆိုးလ်ရှားက ကျွန်တော်ကောင်လေးတွေအကုန်လုံးက အကောင်းဆုံးပုံစံတွေနဲ့ ကစားနေနိုင်ပြီဆိုရင် ကျွန်တော့်အနေနဲ့ ဒီလူစာရင်းကို အပြောင်းအလဲလုပ်စရာအကြောင်းမရှိဘူးလို့ဆိုးလ်ရှားကပြောကြားသွားခဲ့ပါတယ်။

(၄)ဂရင်းဝုဒ်ရဲ့ခြေစွမ်းတွေနဲ့ပတ်သက်ပြီးတော့လည်းဆိုးလ်ရှားက ဂရင်းဝုဒ်ဟာ ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ဒီရာသီမှာတော့ ဂရင်းဝုဒ်ရဲ့ ခြေစွမ်းအပေါ်စိုးရိမ်မှုမရှိဘူးလို့ပြောကြားခဲ့ပြီး သူ့ရဲ့ ကစားသမား၀တစ်လျှောက်လုံးကို စောင့်ကြည့်သွားရမယ်လို့ပြောကြားသွားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *