ဇာတိမြေရှိ ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ်များအတွက် စက်ဘီး အစီးရေပေါင်း ၁၀,၀၀၀ ကို လှူဒါန်းပေးခဲ့တဲ့ အမျိုးသား

ဇာတိမြေရှိ ဆင်းရဲနွမ်းပါးတဲ့ကလေးသူငယ်များအတွက် စက်ဘီးအစီးရေပေါင်း ၁၀,၀၀၀ ကို လှူဒါန်းပေးခဲ့တဲ့ အမျိုးသား

UNICEF က ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံရှိကလေး ၅၅ ရာခိုင်နှုန်းက ဆင်းရဲနွမ်းပါးပြီးတော့ အသက် ၁၇ နှစ်အရွယ်ကလေးငယ်များထက်ဝက်မှာ ပညာရေးသိပ်မရှိဘဲ အရွယ်ရောက်သွားရတယ်လို့ ဆိုထားပါတယ်နော်။

Singapore နိုင်ငံရှိ Mike Than Tun Win အမည်ရှိအမျိုးသားဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အစောပိုင်းလောက်က သူ့ရဲ့ဇာတိနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရှိဆင်းရဲတဲ့ကလေးများရဲ့ ပညာရေးနှင့်ကျောင်းဆက်တက်နိုင်ရန် သွယ်ဝိုက်တဲ့အားဖြင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရန်မျှော်လင့်ချက်ဖြင့်

စွန့်ပစ်ထားတဲ့စက်ဘီးအစီးရောပေါင်း ၁၀,၀၀၀ ကိုဝယ်ယူပြီး လှူဒါန်းပေးခဲ့တာပါ။ Mike က ကျောင်းသို့ အကြာကြီးလမ်းလျှောက်သွားရတဲ့ခရီးကို နှစ်နာရီလောက်ဘဲသွားရအောင်ဘဲ လုပ်ပေးချင်တာကြောင့် ဆင်းရဲတဲ့ကျောင်းသားများအား စက်ဘီးများလှူဒါန်းပေးဖြစ်ခဲ့ကြောင်း ပြောတာပါ။

Channel News Asia ရဲ့အဆိုအရ အကျိုးခံစားခွင့်ရရှိခဲ့တဲ့ ပထမဦးဆုံးကလေးအယောက် ၂၀၀ ထဲရှိ အသက် ၁၁ နှစ်အရွယ် Thae အမည်ရှိကလေးမလေးတစ်ဦးက အခုလိုစက်ဘီးအသစ်လေးရတော့ သူငယ်ချင်းတွေနဲ့ ကစားဖို့အချိန်ပိုရကြောင်း ပြောကြားခဲ့ပါတယ်နော်။

ထို့နောက် ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ Mike ဟာ မွမ်းမံထားတဲ့စက်ဘီး ၂၀၅ စီးကို ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ အစိုးရကျောင်း ၂ ကျောင်းနှင့် မိဘမဲ့ဂေဟာနှစ်ခုသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ပါတယ်။ ကျန်ရှိတဲ့စက်ဘီးများကို မြို့နယ်များသို့ပို့ဆောင်တဲ့အခါ မိုးသည်းထန်စွာရွာသွန်းခဲ့ပေမဲ့

ကုန်တင်ကားကြီးနှစ်စီးနှင့် သေတ္တာတင်ယာဉ်တစ်စီးတို့ဖြင့် အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်နော်။Mike ဟာ စက်ဘီးတစ်စီးစီရဲ့ကုန်ကျစရိတ်နှင့်ပို့ဆောင်ရေးစရိတ်အပါအဝင်ဟာ စုစုပေါင်း ဒေါ်လာ ၃၅ ၀န်းကျင်ခန့်ကုန်ကျကြောင်းနှင့် ထိုကုန်ကျစရိတ်အားလုံးရှိပိုက်ဆံတစ်ဝက်က

သူ့ကိုယ်ပိုင်ပိုက်ဆံဖြစ်ပြီး အခြားတစ်ဝက်က စပွန်ဆာများထံမှယူခဲ့ကြောင်း ဆိုခဲ့ပါတယ်။ “ စက်ဘီးတွေက စင်္ကာပူမှာ တန်ဖိုးမရှိပေမယ့်လည်း ဆင်းရဲတဲ့ကလေးတွေအတွက်ကတော့ တန်ဖိုးအလွန်ရှိပါတယ် ” လို့ Mike က

အလေးအနက်ပြောကြားခဲ့တာပါ။ သို့ပေမဲ့ ကလေးများကတော့ မည်သို့ပင်ဖြစ်စေ ၎င်းတို့အားလုံးကျောင်းသွားရန် သုံးနိုင်တဲ့စက်ဘီးအသစ်များကို လက်ခံရရှိပြီးနောက် ၀မ်းသာနေခဲ့ကြပါတယ်နော်။Mia (KB Chimmy One)

Reference : goodtimes

Add a Comment

Your email address will not be published. Required fields are marked *