ဒေါ်လာ(3)သိန်းနီးပါး တန်ဖိုးရှိ ရောမခေတ် ရွှေဒင်္ဂါးတွေ တွေ့ရှိခဲ့တဲ့ အမျိုးသားနှစ်ဦ

ဒေါ်လာ(3)သိန်းနီးပါး တန်ဖိုးရှိ ရောမခေတ် ရွှေဒင်္ဂါးတွေ တွေ့ရှိခဲ့တဲ့ အမျိုးသားနှစ်ဦး

လွန်ခဲ့တဲ့ နှစ်ပေါင်း 2000 ကျောါလောက်က လည်ပတ်သုံးစွဲခဲ့တဲ့ ရောမခေတ် ရွှေဒင်္ဂါး အမြောက်အများကို တံငါသည်တစ်ဦးနဲ့ လယ်ပိုင်ရှင်တစ်ဦးတို့ ပူးပေါင်းပြီး တွေ့ရှိခဲ့ကြတာပါ။တန်ဖိုးအားဖြင့်တော့ အနည်းဆုံး အမေရိကန် ဒေါ်လာ 267000 ရှိမယ်လို့

ခန့်မှန်းထားကြောင်း Viral က ဖော်ပြထားပါတယ်နော်။ဒင်္ဂါးပြားတစ်ခုချင်းဆီကို ရောင်းချမယ်ဆိုပါက အမေရိကန် ဒေါ်လာ 12000 တန်ကြေးရှိပြီး၊ တွေ့ရှိသူနှစ်ဦးအနက် တစ်ဦးရဲ့အမည်မှာ Mike Smale (35) နှစ်ပါ။

သူက ငါးဖမ်းသမားတစ်ယောက်ဖြစ်ပြီး၊ သတ္တုရှာဖွေရေးစက်နဲ့ သတ္တုရှာရတာကိုလည်း စိတ်ပါဝင်စားသူတစ်ယောက်ပါနော်။Mike ကတော့ သူ့အနေနဲ့ ဒီလောက် များပြားမယ့် ဒင်္ဂါးတွေ တွေ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူးလို့ ဆိုပါတယ်နော်

။ ရွှေဒင်္ဂါးနဲ့ ငွေဒင်္ဂါး ရောရာ မြောက်များစွာ တွေ့ရှိခဲ့တာဖြစ်ပြီး၊ လွန်ခဲ့တဲ့ 32 ဘီစီတုန်းကတည်း ရောမခေတ်မှာ သုံးစွဲခဲ့တဲ့ ငွေတွေဖြစ်ပါတယ်။ ဒင်္ဂါးပြားရေ 600 ကျော် တွေ့ရှိခဲ့တာလို့ သိရပါတယ်နော်။Mike ဟာ အင်္ဂလန်နိုင်ငံ Plymouth, Devon မှာ နေထိုင်တဲ့ ကလေးတစ်ယောက်

ဖခင်ဖြစ်ပြီး၊တော့ ဒီရရှိတဲ့ ဒင်္ဂါးတွေကို ပြတိုက်တစ်ခုဆီမှာ ရောင်းချမယ်လို့ ဆိုပါတယ်။အမြတ်ငွေကိုတော့ လယ်ပိုင်ရှင်နဲ့ Mike နှစ်ဦး ခွဲဝေယူကြမှာပါနော်။Mike က ” ဘယ်လောက်တန်တယ်ဆိုတာတော့ ပြောရခက်ပါတယ် “လို့ ဆိုပါတယ်။

သူက ” ဒီငွေဒင်္ဂါးတွေဟာ ဘယ်လောက်အထိ ရှားပါးသလဲဆိုတာပေါ် မူတည်ပြီး ဒါတွေ ဘယ်လောက် တန်ကြေးရှိတယ် မရှိဘူးဆိုတာကို ဆုံးဖြတ်ကြတာပါ … နောက် တွေ့ရှိခဲ့တဲ့ ပစ္စည်းတွေရဲ့ အခြေနေ … စတာတွေပေါ်မှာ တွက်ချက်ကြပါတယ် … ဒါပေမယ့် သေချာတာကတော့ ကျနော်နဲ့အတူတူ ရှိနေတဲ့လူနဲ့ ခွဲယူမှာပါ “လို့ ပြောခဲ့ပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *