သိန်းထောင်ချီတဲ့ ရှေးခေတ် ဒင်္ဂါးပြားများကို တူးဖော် တွေ့ရှိခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သားများ

သိန်းထောင်ချီတဲ့ ရှေးခေတ် ဒင်္ဂါးပြားများကို တူးဖော် တွေ့ရှိခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သားများ

၄၀၀ ကျော် ကီလိုဂရမ် အလေးချိန်ရှိ ရှေးဟောင်း မင်းဆက်ခေတ် ဒင်္ဂါးပြားကို ဆောက်လုပ်ရေး လုပ်သားများက ရှာဖွေတွေ့ရှိခဲ့ပြီးတော့ ရှေးဟောင်းတရုတ်ပုဂ္ဂလိက ဘဏ်တစ်ခုရဲ့ ပိုင်ဆိုင်မှုလို့ ယုံကြည်ရပါတယ်နော် ။

Baishui County ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု မှာ တရုတ်အလုပ် သမားများက ရှေးဟောင်းဒင်္ဂါးပြားများစွာကို တူးဖော်တွေ့ ရှိခဲ့ကြောင်းကို တရုတ်ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်တဲ့ ။ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း

Shaanxi ပြည်နယ်၊ Weinan မြို့မှာ ၎င်းရှေးဟောင်းဒင်္ဂါးပြားများက Song မင်းဆက်မှ ဖြစ်တယ်လို့ ရှေးဟောင်းသုတေသနပညာရှင်များက ပြောကြားခဲ့ပါတယ်နော် ။ Baishui ကောင်တီရှေးဟောင်းပစ္စည်းများရုံးမှ ညွှန်ကြားရေးမှူ

း Zhao Zhangfeng က “ ရဲတွေက နိုဝင်ဘာ ၉ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ တွေ့ရှိချက်တွေကို သတင်းပို့ပြီး ဝိုင်းထားတဲ့နေရာကိုချက်ချင်းရောက်ခဲ့တယ်။ ” လို့ ဆိုခဲ့တာပါ ။ရှေးဟောင်းသုတေသနပညာရှင်များက ထိုနေရာသို့

ရောက်ရှိလာပြီး ၎င်းဒင်္ဂါးပြားဟာ စုစုပေါင်းအလေးချိန် ၄၆၀ ကီလိုဂရမ်နဲ့ ဒင်္ဂါး ၁၀၀၀၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ်နော် ။ အချို့သော ဒင်္ဂါးများကို Tang မင်းဆက် (၆၁၈-၉၀၇) အတွင်း သွန်းလောင်းခဲ့ကြသော်လည်းဘဲ အများစုမှာ

Song မင်းဆက်ဒင်္ဂါးများဖြစ်ပါတယ်နော် ။ ၎င်းဒင်္ဂါပြားတွေကို မည်သူပိုင်မယ်ဆိုတာ မသိရသေးပေမဲ့ ၎င်းရှေးဟောင်းမင်းဆက်ခေတ် ဒင်္ဂါးပြားကို ရှေးဟောင်းတရုတ်ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ ပိုင်ဆိုင်မှုလို့ ဆိုကြပါတယ်နော် ။JRose (KB Chimmy One)

Reference : sanook

Tags:

Add a Comment

Your email address will not be published. Required fields are marked *