ဘဏ် acc ထဲသို့ မှားယွင်းစွာ ဒေါ်လာ ၅၀ ဘီလီယံငွေလွှဲရောက်လာပြီးနောက် ကမ္ဘာပေါ်ရှိ ၂၅ ယောက်မြောက် အချမ်းသာဆုံးလူ ဖြစ်သွားခဲ့ရတဲ့ အမျိုးသား

ဘဏ် acc ထဲသို့ မှားယွင်းစွာ ဒေါ်လာ ၅၀ ဘီလီယံငွေလွှဲရောက်လာပြီးနောက် ကမ္ဘာပေါ်ရှိ ၂၅ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သွားခဲ့ရတဲ့ အမျိုးသား

အမေရိကန်နိုင်ငံ Louisiana ပြည်နယ်ရှိမိသားစုတစ်စုဟာ ၎င်းတို့ရဲ့ဘဏ် acc ထဲသို့ မတော်တဆလွှဲမှားရောက်လာတဲ့ ဒေါ်လာ ၅၀ ဘီလီယံကို လက်ခံရရှိခဲ့ပြီးနောက်မှာ ၎င်းတို့မိသားစုဟာ ၄ ရက်မပြည့်မီမှာ ကမ္ဘာပေါ်ရှိနံပါတ်၂၅ ခုမြောက်

အချမ်းသာဆုံးပုဂ္ဂိုလ်များ ဖြစ်လာခဲတာပါ။ Baton Roughe မြို့မှ အဆိုပါမိသားစုရဲ့အိမ်ထောင်ဦးစီးနှင့် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် Darren James အမည်ရှိအမျိုးသား ဟာ တစ်နေ့ အိမ်သို့ပြန်ရောက်ပြီးနောက်

ဇနီးဖြစ်သူထံမှ ထိတ်လန့်ဖွယ်သတင်းအကြောင်းကို ကြားသိခဲ့တာပါ။ဇနီးဖြစ်သူက ဖုန်းကိုကိုင်ရင်း “ ဒီကိုကြည့်!” ဆိုပြီး သူ့အားပြလိုက်တဲ့အခါ James ဟာ ၎င်းတို့ရဲ့ဘဏ်အကောင့်ထဲမှ လက်ကျန်မပါဘဲ ဒေါ်လာ ၅၀ ဘီလီယံ ထပ်တိုးလာတာကို

တွေ့ခဲ့ရပါတယ်တဲ့။“ ဒီငွေတွေကို ဘယ်သူပို့လိုက်မှန်း ငါတို့မသိပါဘူး၊ ငါ့အကောင့်ထဲမှာ သုညတွေအများကြီးရှိနေတာက ခံစားချက်ကောင်းစေတယ်၊ ငါက 1-comma club ရဲ့အဖွဲ့ဝင်တစ်ယောက်မဟုတ်ရင်

3-comma club (ဘီလျံနာတွေအတွက် ကလပ်)မဟုတ်ပါဘူး “ လို့ James က ဆိုပါတယ်။James တို့ရဲ့ဘဏ်အကောင့်ထဲက ပုံမှန်အားဖြင့် ဒေါ်လာထောင်ချီ ဒါမှမဟုတ် ဒေါ်လာသန်းပေါင်းများစွာဘဲ ရှိပါတယ်။ထို့နောက် James နှင့်ဇနီးဖြစ်သူတို့ဟာ ပြီးခဲ့တဲ့အပတ် တနင်္လာနေ့က ထူးဆန်းတဲ့ငွေများက

၎င်းတို့ရဲ့ဘဏ်အကောင့်ထဲသို့ဝင်နေတာကိုတွေ့ခဲ့ပြီး သိပ်မကြာခင်မှာဘဲ Chase Bank သို့ဖုန်းဆက်ခဲ့ပြီး “ ငါ သူဌေးဖြစ်နေတာ လေးရက်ရှိပြီ ၊ မင်းတို့ အဲဒါကိုဘာမှမလုပ်ပေးနိုင်ရင်တော့ ဒါဟာ အရမ်းကောင်းတဲ့ခံစားချက်ပဲ

၊ ငွေက ငါတို့ဟာမဟုတ်ဘူးဆိုတာ ငါတို့သိတယ် ၊ ဒါကြောင့် ငါတို့လုပ်နိုင်တာဘာမှမရှိဘူး ၊ ဒါကခိုးမှုကြောင့် ငါတို့သုံးလို့မရဘူး “ လို့ James က ဆိုခဲ့ပါတယ်။တစ်ချိန်တည်းမှာပင် Florida ပြည်နယ် Largo မြို့မှ Julia Yonkowski အမည်ရှိအမျိုးသမီးတစ်ဦးကလည်း မကြာသေးမီက

ATM စက်မှ သူမ ဒေါ်လာ ၂၀ သာထုတ်ယူလိုက်တဲ့အခါ သူမရဲ့ Chase Bank အကောင့်မှာ ဒေါ်လာ ၁ ဘီလီယံကို ရရှိခဲ့ကြောင်း သိရှိခဲ့ရပါတယ်တဲ့။သို့ပေမဲ့ James တို့မိသားစုအကောင့်အား ငွေမှားယွင်းလွှဲပြောင်းခဲ့မိတဲ့ကိစ္စကို

ဖြေရှင်းပြီးပြီဖြစ်ကြောင်းနှင့် လွန်ခဲ့တဲ့တစ်ပတ်လောက်က နည်းပညာပိုင်းပြဿနာတစ်ခုကြုံခဲ့ရပြီး ၎င်းပြဿနာကို ဖြေရှင်းပြီးသွားပြီဖြစ်သလို မှားယွင်းသွားတဲ့အကောင့်များကလည်

း ပြန်လည်ကောင်းမွန်စွာ လည်ပတ်နေပြီဖြစ်ကြောင်း Chase Bank မှ အကြီးတန်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြန်လည်ဖြေရှင်းပြောကြားခဲ့ပါတယ်နော်။

Mia (Mckzone Daily)

Source : everytruenews24

Tags:

Add a Comment

Your email address will not be published. Required fields are marked *