သားရဲ့ အပြာကားတွေကို လွှင့်ပစ်တဲ့ မိဘတွေကို တရားသူကြီးက ဘယ်လို အမိန့်ချတာလဲဆိုတော့

သားရဲ့ အပြာကားတွေကို လွှင့်ပစ်တဲ့မိဘတွေကို တရားသူကြီးက ဘယ်လို အမိန့်ချတာလဲဆိုတော့

သားဖြစ်သူ စုဆောင်း ထားတဲ့ အပြာကား တွေကို လွှင့်ပစ်ခဲ့မှု အတွက် မိဘနှစ်ပါးကို ဒေါ်လာ ၃၀,၄၄၁ ပေးလျော်စေဖို့ မီချီဂန်က တရားသူကြီး တဦးက အမိန့် ချခဲ့ပါတယ်နော်။အသက် ၄၃ နှစ် အရွယ် David Werking ဟာ လွန်ခဲ့တဲ့ ရှစ်လလောက်က

အဲဒီ ကိစ္စအတွက် သူ့မိဘတွေကို တရား စွဲဆိုခဲ့ရာ အနိုင် ရခဲ့တာပ့။ အဲဒီအမှုကို ဒီအပတ်ထဲမှာ အမေရိကန် စီရင်စု တရားသူ ကြီး Paul Maloney က အမိန့် ချခဲ့တာ ဖြစ်ပါတယ်။သူ စုထားတဲ့ထဲမှာ ရုပ်ရှင်၊ မဂ္ဂဇင်းနဲ့ တခြား ပစ္စည်းတွေ

ပါဝင်ပြီးတော့ စုစုပေါင်း တန်ကြေး ဒေါ် လာ ၂၉,၀၀၀ လောက် ရှိတယ်လို့ တရားလိုက ဆိုပါတယ်။ သူ့မိဘတွေ အနေနဲ့ ဒါတွေကို လွှင့်ပစ်ပိုင်ခွင့် မရှိဘူးလို့ သူက ပြောခဲ့ပါတ ယ်။တရားသူကြီးဟာ ဒီတပတ် အမိန့် မချခင်မှာ ကျွမ်းကျင်သူ

တဦး အကူအညီနဲ့ ပစ္စည်းတွေကို တန်ဖိုး ဖြတ်ခဲ့ပါတယ်နော်။ မိဘ ဖြစ်သူတွေက သားဖြစ်သူရဲ့ ရှေ့နေကို ဒေါ်လာ ၁၄,၅၀၀ ပေးဖို့လဲ အမိန့်ချ ခဲ့ပါတယ်။တရားလိုဟာ ဇနီးနဲ့ ကွာရှင်းပြီး အင်ဒီယားနား ပြည်နယ်၊ Muncie မြို့ကို

မပြောင်းရွှေ့ခင် သူ့မိဘတွေရဲ့ Grand Haven အိမ်မှာ ၁၀ လလောက် နေထိုင်ခဲ့ ပါတယ်တဲ့။ ပြောင်းရွှေ့ ပြီးတဲ့အခါမှာ သူ့ရဲ့ ရုပ်ရှင်နဲ့ မဂ္ဂဇင်း သေတ် တာတွေ ပျောက်နေတာကို သတိထားမိ သွားတာ ဖြစ်ပါတယ်။သူ့ရဲ့ အဖေက

သူ့ဆီ ပို့လိုက်တဲ့ အီးမေးလ် ထဲမှာ “ဒးဗစ်ရေ၊ ပွင့်ပွင့်လင်းလင်း ပြောမယ်ကွာ၊ ငါတို့ မင်းပစ္စည်းတွေ အကုန်လုံးကို ကူရှင်းပေးလိုက်ပြီ” ဆိုပြီး ရေးသား ထားခဲ့ ပါတယ်။မနှစ်က ဒီဇင်ဘာလမှာ စီရင်ချက် ချတုန်းကတရားသူကြီးက “ဖျက်ဆီးခံရတာ

ဒေးဗစ်ပစ္စည်းတွေလား ဆိုတဲ့ မေးခွန်းမျိုး မမေးခဲ့ရပါဘူး။ တရားခံတွေ ကိုယ်တိုင်က သူတို့ဟာ ဒီပစ္စည်းတွေကို ဖျက်ဆီး ပစ်လိုက်တာလို့ ထပ် တလဲလဲ ထွက်ဆိုခဲ့ကြပါတယ်” လို့ ဆိုပါတယ်။မိဘဖြစ်သူတွေက သူတို့ဟာ မြေရှင်တွေ အိမ် ရှင်တွေ

ဖြစ်တဲ့အတွက် အခုလို လုပ်ခွင့် ရှိတယ်လို့ ဆိုကြပါတယ်နော်။တရားသူကြီး Paul Maloney ကမြေရှင် အိမ်ရှင်က သူတို့ မကြိုက်တဲ့ ပစ္စည်းကို ဖျက်ဆီးခွင့် ရှိတယ်ဆိုပြီး

တရားခံတွေဘက်က အခိုင်အမာ ပြောနေပေမဲ့ ချမှတ်ဖူးတဲ့ စီရင်ချက်တွေကို အကိုးအကား သာဓကနဲ့ တင်ပြတာမျိုး မရှိခဲ့ပါဘူး” လို့ ဆိုတာပါ။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *