အသက် ၈၀ အရွယ်ထိ စုဆောင်းလာခဲ့တဲ့ ငွေကြေးတွေကို ဆေးရုံကို လှူဒါန်းခဲ့တဲ့ လေးစားဖွယ် ဇနီးမောင်နှံ
Unicode…အသက် ၈၀ အရွယ်ထိ စုဆောင်းထားခဲ့တဲ့ ငွေကြေးတွေကို ဆေးရုံကို လှူဒါန်းခဲ့တဲ့ လေးစားဖွယ် ဇနီးမောင်နှံ
ထိုင်းနိုင်ငံမှာနေထိုင်တဲ့ Yenjai Wongpaiboonsri အမည်ရှိသော အသက်၈၀ အရွယ်ရှိတဲ့ အဘွားအို နှင့် အသက် 83နှစ်အရွယ် Prachuap Wongpaiboonsri အမည်ရှိတဲ့အဘိုးအို လင်မယားဟာ
သူတို့ စုဆောင်းထားတဲ့ငွေ 1.15 မီလီယံဘတ်ကိုသူတို့ နေတဲ့ မြို့မှာရှိတဲ့ ဆေးရုံ 2ရုံကို လှူဒါန်းခဲ့ပါတယ်နော်။ လေးစားဖွယ် အဘိုးအို တို့လင်မယားဟာ ထိုင်းနိုင်ငံအရှေ့ဖက် ၊ Chon Buri မှာ
ဘဲသားခေါက်ဆွဲဆိုင်လေးဖွင့်ပြီးတော့ စီးပွားရေးကို လုပ်ကိုင်နေကြတာပါနော်။ Queen Savang Vadhana ဆေးရုံကို 500,000 ဘတ်လှူဒါန်းခဲ့ပြီး ၊ 650,000 ဘတ်ကို Lamchabang ဆေးရုံကို
လှူဒါန်းပေးခဲ့ပါတယ်နော် ။ အဘိုးအို တိို့ လင်မယားဟာ အတော်လေးကို အသက်ရွယ် ရနေပြီ ဖြစ်တဲ့ အတွက် သူတို့ဟာ လောကကြီးကနေ ဘယ်အချိန်မှာ ထွက်သွားရမလဲဆိုတာကို မသိတဲ့အတွက် ယခုလိုလှူတန်းခဲ့တာဖြစ်ပါတယ်
လို့ ဆိုပါတယ်နော် ။ အဘွားအို ပြောပြတာကတော့ ဟိုးအရင်ချိန်တုန်းက အဘိုးအိုဟာ ခြေထောက်နှစ်ဖက်လုံးကျိုးသွားခဲ့တဲ့အချိန်မှာတုန်းက ဆေးရုံရှိဆရာဝန်များနှင့် သူနာပြုများက ဂရုစိုက်ပေးကြတဲ့အပြင် ၊ ဆေးဖိုးကုသစရိတ်များကိုပါ
ထောက်ပံ့ပေးခဲ့တာဖြစ်လို့ အတော်လေးကျေးဇူးတင်ခဲ့ရတာဖြစ်ကြောင်းကို ပြောပြခဲ့ပါတယ်နော် ။အဘိုးအဘွားတို့ လင်မယား နှစ်ဦးကတော့ အဆိုပါခေါက်ဆွဲဆိုင်ကိုဖွင့်ခဲ့တာ နှစ်ပေါင်း 50 ရှိနေခဲ့ပြီဖြစ်ပြီးတော့
အဲ့မှာရှိတဲ့ ဒေသခံတွေကတော့ အဘိုးအိုတို့ရဲ့ခေါက်ဆွဲကိုအတော်ကြိုက်နှစ်သက်ကြသူပါနော် ။ ဒါ့အပြင် အဖိုအို တို့ရဲ့ခေါက်ဆွဲချက်ပြုတ်နည်းကိုမေးမြန်းခဲ့တဲ့ အချိန်မှာလည်း လတ်ဆတ်ပြီးသန့်ရှင်းတဲ့အစားအသောက်တွေကိုသာ
အသုံးပြုပြီး ၊ စေတနာအပြည့်နှင့်ချက်ပြုတ်ထားတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်နော်။ချစ်ပရိတ်သတ်ကြီးလည်း အဖိုးအိုလင်မယားရဲ့ လှူဒါန်းမူကို
လေးစားအားကျ နေပြီ ထင်ပါတယ်နော်။ဖတ်ရူပေးတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာ ချမ်းသာကြပါစေနော်။Source:Jasmine (Mckzone Daily)
Tags:
Add a Comment
Your email address will not be published. Required fields are marked *