မိတ်လိုက်များပြီး ခြေထောက် အဆစ်ရောင် ရောဂါရလို့ ဘီးတပ်ဆင်ပေးခဲ့ရတဲ့ လိပ်ကြီး

မိတ်လိုက်များပြီး ခြေထောက် အဆစ်ရောင်ရောဂါရလို့ ဘီးတပ်ဆင်ပေးခဲ့ရတဲ့ လိပ်ကြီး

Bert လို့ အမည်ရတဲ့ အသက် 22 အရွယ် AfricanSpurred တစ်ကောင်ကတော့ မိတ်လိုက်ရာသီအတွင်းမှာ မိတ်လိုက်မှုတွေ အများကြီး ပြုလုပ်ခဲ့လို့ ဘယ်ဘက် နောက်ခြေထောက်ဟာ အဆစ်ရောင်ရောဂါတွေ ရခဲ့တာပါတဲ့။ Bert ဟာ Norfolk မှာ တည်ရှိတဲ့

Secret Animal Garden, Dinosaur Adventure Park မှာ စောင့်ရှောက်ထားတဲ့ လိပ်ကြီးတစ်ကောင်ဖြစ်ပါတယ်နော်။တရိစ္ဆာန် စောင့်ရှောက်ရေး လုပ်သား Bert Wallder က ဘီးတပ်ဆင်ပေးခဲ့ပါတယ်တဲ့။

၎င်းရဲ့လိပ်ဟာ 220 ပေါင် အထိ အလေးချိန်ရှိပါတယ်နော်။ ရောဂါကြောင့် ခြေထောက်တွေဟာ လမ်းလျှောက်ဖို့ အခက်အခဲ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ဘီးကြီးတွေ တပ်ဆင်ပေးခဲ့ရပြီး၊တော့ ဘီးတပ်ဆင် အသုံးပြုရတဲ့ လိပ်တွေထဲမှာ

အကြီးဆုံးဖြစ်နိုင်ချေ ရှိပါတယ်။Bert ဟာ လက်မသုံးဆယ် အလျှားရှိပြီး၊တော့ အခုအခါမှာတော့ လမ်းလျှောက်ရတာ အတော်လေး အဆင်ပြေနေပါပြီ။ Wallder ရဲ့အဆိုအရ ဘီးတွေ တပ်ဆင်ပြီးနောက်ပိုင်း လိပ်မငါးကောင်နဲ့မိတ်လိုက်မှုတွေ

ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Bert ဟာ 2011သားပေါက်ရာသီ နောက်ပိုင်းမှာ ခြေထောက် ယောင်ရမ်းနာ ရခဲ့တာပါနော်။အဲဒီနှစ် အဆုံးမှာလည်း ရောဂါက ပျောက်မသွားခဲ့ပါဘူး။ ဒါကြောင့် လိပ်ကို ဘီးတွေတပ်ပြီး ကူညီခဲ့ပါတယ်။

တိရိစ္ဆာန် ချစ်သူတွေက လိပ်ကြီးမှာ ဘီးတွေရှိနေလို့ အံ့သြပြီး မေးမြန်းမှုတွေ လုပ်လို့ ခဏခဏ ရှင်းပြရတယ်လို့ သိရပါတယ်။ 2007 ခုနှစ်အထိ Bert ဟာ Norfolk မှာ နေထိုင်ခဲ့ရပြီး၊ 2013 ခုနှစ်ရောက်မှ

Secret Animal Garden ကို အပြီးလှူဒါန်းခဲ့တာလို့ သိရပါတယ်။African Spurred လိပ်တွေဟာ အသက် 60 အထိ နေနိုင်ကြပြီး၊တော့ ဆောင်းခိုတတ် အလေ့အထမရှိတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ခြေထောက်နဲ့ပတ်သက်တဲ့ ရောဂါတွေ မကြာခဏ ခံစားရတတ်တဲ့ သတ္တဝါတွေဖြစ်ပြီး

ကျွမ်းကျင်ပညာရှင် Peter Wedderburn ကလည်း ” သူတိုရဲ့ အဆစ်ရောင်ရောဂါ ပျောက်ဖို့အတွက် သူတို့ အသက်သုံးဆယ် မတိုင်ခင် အတောအတွင်းမှာ တိုးတက်လာမယ်လို့ ကျွန်တော် မမျှော်လင့်ပါဘူး ” လို့ ပြောခဲ့ပါတယ်နော်။

ဒီလို လိပ်ကို ဘီးတပ်ပေးခြင်း အတွက်လည်း Peter က ” ဒါက သူ့နောက်ခြေထောက်တွေ မတန်တဆ ဝန်ပို ထမ်းထားရခြင်းကို တိတိကျကျ လျှော့ချပေးရာရောက်ပါတယ်။

သူတို့ကလည်း လူတွေလိုပဲ အဆစ်အမြစ်တွေ၊ ကြွက်သားတွေ မတန်တဆ အသုံးပြုရတဲ့အခါမျိုးမှာ အဆစ်မြစ်နာတတ်ပါတယ် “လို့ ပြောခဲ့ပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *