ဗုဒ္ဓဘာသာကို ယုံကြည်လို့ မိဘတေ တားတဲ့ကြားက ဦးဇင်းဝတ်ပြီး မြန်မာနိုင်ငံမှာ သီတင်းသုံးနေတဲ့ နယ်သာလန်က ဦးအဂ္ဂ 

ဗုဒ္ဓဘာသာကို ယုံကြည်လို့ မိဘတေ တားတဲ့ကြားက ဦးဇင်းဝတ်ပြီး မြန်မာနိုင်ငံမှာ သီတင်းသုံးနေတဲ့ နယ်သာလန်က ဦးအဂ္ဂ

မော်လမြိုင်က အပြန် သထုံ ရွှေဆံတော် ဘုရားရှေ့ ကားကြုံတားနေတာ ရှေ့က ကားက ရပ်မပေးတာတွေ့လို့ ကိုယ်တွေက ရပ်ပီး မေးလိုက်မိတာ လှည်းကူးကို ပါ။ သင်္ဃန်းကို လက်ကတော့ထိုးပြီး အပြည့်ရုံထားပီး ဖိနပ်မစီးဘဲ

ကဲ ကားပေါ်တင်ခေါ် လမ်းကြုံပေါ့။ဒါနဲ့ မေးကြည့်တော့ နယ်သာလန် ကပါ။ရန်ကုန်ကို ဗီဇာ အတွက် သွားမလို့တဲ့။ သထုံ တောရမှာ ဝါဆိုမယ့်ကြောင်း ပြေတယ်။ဗမာစကားကို ကြိုးစားပီတော့းပြောရှာတယ်

ကိုယ်လဲ နဲနဲပါးပါး ထောပတ်လေချဉ်တက်တော့(အင်္ဂလိပ်စကားနဲနဲတတ်တာကို ပြောတာပါ) ဝမ်းသာပီး ပျော်လို့ ထောပတ်အိုးကို ငပိကော်တဲ့ ယောင်းမ နဲ့ မွှေရင်းစပ်စု ပါတယ်။ အချုပ်ပြောရရင်တော့ သင်္ဃန်း ( သံဃာရဲ့ ယူနီဖေါင်း )

လက်ကတော့ထိုး သေချာ ရုံထားတယ်… ဖိနပ်မစီးမထား။ကားနောက်ခန်းက ထိုင်လာတယ် အပိုစကားမပြော မျက်လွှာချ သီတငိးသုံးလာတာပါ။အဖေအမေ က မကန့်ကွက်ဖူးလားမေးတော့ အမေက ငိုတယ်

သားလေးတယောက် စွန့်ပစ်လိုက်ရလို့ ဆိုပြီးပြောတယ်။အသက်ကိုမေးတော့ ၃၇ ရဟန်းဝါ က ၈ ဝါပါ။ ဦးဂိုအင်ကာ ဆီမှာ တရားစထိုင်ရင်း က စတာပါ။အရင်ဆုံး မုံရွာဖက်က မဟာမြိုင်တောနက်ထဲမှာစပြီးသီတငိးသုံးခဲ့တာတဲ့

မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ကျောင်းနဲ့ သူနေတဲ့ နေရာက ၄၅မိနစ်လောက်ခရီးရှိပါတယ်တဲ့။၂ ကြိမ် ဖူးခွင့်ရခဲ့သတဲ့။သူဆရာတော်ကြီးကို ဖူးရချိန်မှာ သူရခဲ့တာလေးကို ရှင်းပြတာတော အဲ့မှာ ဘာမှမရှိဘူးယဒါပေမယ့်အားလုံးရှိတယ်

အကုန်ရှိတယ်။ဘာမှတော့မရှိဘူး တဲ့တခုပြောပြပါတယ်။သူရောက်စတုံးက မဟာမြိုင်တော ဆိုတာ တောနက် (Jungle) ပါ။နော်။သူအဲ့ကနေပြန်ခဲ့တဲ့အချိန်မှာ ပြောင်သလင်းခါနေပီ ဆိုတာ ပြောတယ်။

အိုင်အမ် ဆိုးဆက်ဒ် ဆိုပြီး ပြောတယ်။ရှက်စရာကောင်းလိုက်တာ လမ်းမှာ Feel စားသောက်ဆိုင် ခန ဝင်နားတော့ ဘေးဝိုင်းက လူတွေက သူကားပေါ်ပြန်ကြွခါနီး ပိုက်ဆံ လှုတာ ကို လက်မခံဘူး ပိုက်ဆံမကိုင်တာပါ။

မြန်မာ လူမျိုး ဘုန်းကြီးပါတဲ့။ ဖိနပ်မစီးတဲ့သံဃာနဲ့ Lexus နံပါတ်ပြားအဝါ နဲ့မှဆိုတဲ့ ဘုန်းကြီး ငနဲတို့ဘယ်လိုတွေတောင် ကွာခြားနေတာလဲ။ဒီလိုနဲ့ဘဲ ပဲခူးရောက်ခါနီး ဝါဆိုလပြည့်နေ့ နီးလို့ ဝါဆိုသင်္ဃန်း ကပ်ပါရစေဆိုတော့ ရပါတယ်

လို့ ပြောတယ်။တခုတော့ပြောတယ်။မင်းသဘောပါတဲ့ တကယ်တော့ ငါ့မှာ သင်္ဃန်းတွေ ဆိုတာ အများကြီးပိုနေတာမလိုပါဘူး။ကိုယ်ပတ် ဆိုတဲ့ ချည်သားအပိုင်းလေးရရင် ပဲ အဆင်ပြေပါပြီတဲ့။အခင်းလိုပဲ ခင်း တာဖြစ်ဖြစ် သထုံ

ဖက်က မိုးများလို့ အကာလေးပဲ ဖြစ်ပါစေ။အဲတာနဲ့ ပဲခူးမြို့က နာမည်ကြီး သင်္ဃန်းဆိုင် ၂ဆိုင် အထိပင့်ပြီး သူလိုချင်တဲ့ ကိုယ်ပတ် သ င်္ဃန်းအပိုင်း ချည်သားစစ်စစ် ရဖို့ လိုက်ဝယ်တာ အဲ့ဆိုင်တွေက စပန့်သားကို ချည်သားပါဆိုပီးအတင်း

ပြောရောင်းတယ်သူကလဲ တကယ့် အသေအချာ အလုပ်တခု ကို လုပ်တဲ့သူ ပီပီ သူသင်္ဃန်း အစနဲ့ကို ယှဉ်ပြသေးတာ ရှက်စရာကောင်းပါတယ်ဗျာ။ကျနော်တို့လူမျိုးတွေ နိုင်ငံခြားသား ဘုန်းကြီး ပါဗျာ။သာမန်

သူတောင်းစားဘုန်းကြီးအဆင့်လောက်ထင်ပြီး ဂျင်းထဲ့ချင်တာဗျာ။ဒါတောင် နိဗ္ဗာန်ကုန်ရောင်းနေတာ သူကသဘောထားကြီးစွာနဲ့ ကျနော် သိပ်လှုချင်နေမှန်းသိလို့ လက်ခံလိုက်ပါတယ်ဗျာ။ဆိုင်ပြန်သွင်းလို့ရမယ့် သင်္ဃန်းမဟုတ်ဘူး။

ပုဆိုးပိုင်းလူသေ လွှမ်းတဲ့အဝတ်စပိုင်းလောက် ဟာလေးနော် ။ချည်သားအစစ် မိတ်အင် ထိုင်းလန်းဆိုပီး ငရဲမှာတောင် ကျွန်စိတ်မွေးတာ ဗမာ ဗုဒ္ဓဘာသာအချို့ကတော့ လိမ်ရောင်းတာ (အိဒမ်မေပုံညံ နိဗာန်နသ ပစ်စယောဟောတု ) လို့ ကျနော်ကို လိုက်ဆိုခိုင်းပြီး အဲ့အဝတ်စ ကိုယ်ပတ်ကို

အလှုခံသွားတာကို ကျနော်မေးတယ် ပိုက်ဆံ မကိုင် ဖိနပ်မစီး ဒီလိုပဲ တနေရာကတနေရာကို ကြွနေလားဆိုတော့ ပိုက်ဆံပေး လိုင်းကားစီးတော့ အပေးအယူ သဘောတဲ့ ။သူကျနော်ရှေ့က ကားရပ်မပေးဘဲ ကျနော်က ရပ်ပေးလိုက်ပို့

ပါတယ်။လှုဒါန်းတဲ့ အခွင့်အရေးကို သူ လူတွေကို ပေးထားပြီးသားပါ။ကျနော်က ယူတတ်လို့ ရတာပါတဲ့။မယူနိုင်တဲ့သူကသာမရတာတဲ့ ဘဝမှာ အကျေနပ်ဆုံးပါ ။

သံဃာ သရဏံ ဂစ်ဆာမိ နယ်သာလန် မဟာမြိုင်တော ( သစ်ပင်တွေမရှိတော့ဆိုပဲ) ဖားအောက် မော်လမြိုင်အာနာပါန ပရိယတ္တိ ပရိပတ္တိ။မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်ခင်ဗျာ။

Add a Comment

Your email address will not be published. Required fields are marked *