ပြတ်သွားတဲ့ ချစ်သူဆီက စပွန်ဆာ ယူတယ်ဆိုတဲ့ စွပ်စွဲပြောဆိုနေမှုတွေကို ပြန်လည်ဖြေရှင်းလိုက်တဲ့ ထားထက်ထက်

ပြတ်သွားတဲ့ ချစ်သူဆီက စပွန်ဆာ ယူတယ်ဆိုတဲ့ စွပ်စွဲပြောဆိုနေမှုတွေကို ပြန်လည်ဖြေရှင်းလိုက်တဲ့ ထားထက်ထက်

သရုပ်ဆောင် ထားထက်ထက်ကတော့ တောထဲမှာ တော်လှန်ရေးအတွက် အလှူငွေ ကောက်ခံနေတာ ပါနော်။ အလှူခံထားတဲ့ ငွေတွေကို အလွဲသုံးစား လုပ်တယ်လို့ ခဏခဏ သတင်းတွေ ထွက်နေတာကြောင့်ဘဲ ထားထက်ထက်ခမျာ

စိတ်သောက ရောက်နေရတာပါ။မနာလိုသူများမှ ထားထက်ထက်ကို sponsor ယူတယ်လို့ စွပ်စွဲခဲ့ကြ ပြန်ပါပြီနော်။ ရည်းစားနဲ့ ပြတ်တာ လူသိရှင်ကြား ရှင်းရမယ့် ကိစ္စလို့ကို မထင်ပါဘူ Sponsor ဆိုတဲ့ စကားလုံးအတွက်

ဒီစာစုကို လိပ်ပြာသန့်သန့် နဲ့ ရေးလိုက်ပါတယ်…၁၊ ကျွန်မတို့ အချင်းချင်း ချစ်ခြင်းမေတ္တာနဲ့ ၄ နှစ် ကြာ ရည်းစား ဖြစ်ခဲ့ပါတယ် ၂၊ ငွေကြေး ၊ တိုက်ခန်း ၊ ကား ၊ လက်ဝတ်ရတနာ စတဲ့ တန်ဖိုးကြီး လက်ဆောင်ပစ္စည်း တခုမှ မယူခဲ့ဖူးပါ

၃၊ နှစ်ဖက် သဘောထား မတိုက် ဆိုင်တဲ့ အတွက် ၂၀၁၉ မှာ ကျွန်မဖက်ကနေပဲ စတင်ခွင့်တောင်းခဲ့ပြီးအေးအေးဆေးဆေး လမ်းခွဲခဲ့ပါတယ်၎၊ ဒီလိုခေတ်ကြီးမှာ မိန်းမ တယောက် ကို ထိုးနှက်တိုက်ခိုက်ဖို့ အခြားနည်း မစဉ်းစားတတ်ကြတာ အံ့ဩပါတယ်

၅၊ အခုလို တိုက်ခိုက်ခြင်း အပေါ် ကျွန်မ မဟုတ် တာ မလုပ်ထားတဲ့ အတွက် ကျွန်မ ရဲ့ လိပ်ပြာ သည် သန့်လျက် ၊ကြည်လျက် ၊ လင်းလျက်…ထားထက်ထက် 30 August 2021″ လို့ ထားထက်ထက်မှ ပြန်ဖြေရှင်းထားတာဘဲ ဖြစ်ပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *