နွားများကို ဟယ်လီကော်ပတာဖြင့် စားကျက်မြက်ခင်း ရှိရာသို့ပို့ဆောင်ပေး

နွားများကို ဟယ်လီကော်ပတာဖြင့် စားကျက်မြက်ခင်း ရှိရာသို့ ပို့ဆောင်ပေး

ဆွစ်ဇာလန်နိုင်ငံတွင် အမြင့်ပိုင်း တောင်ပေါ် မြက်ခင်းပြင်များ၌ ကျက်စားနေခဲ့ကြသည့် နွားများကို ရဟတ်ယာဉ်ဖြင့် သယ်ကာ တောင်အောက်ပိုင်းသို့ ရွှေ့ပြောင်းပေးခဲ့ပြီးတော့ ယင်းက ထူးခြားသည့် မြင်ကွင်းတစ်ခုပါ။ဆွစ်ဇာလန်နိုင်ငံ

Klausenpass ဒေသ Alpine မြက်ခင်းပြင်တွင် ဆောင်းရာသီ ကျက်စားနေထိုင်နေသော နွားအုပ်အတွင်းမှ ကျန်းမာရေးမကောင်းသော နွားတစ်ဒါဇင်ခန့်ကို ထိန်းသိမ်းစောက်ရှောက်နိုင်ရန်အတွက် နွေဦးရာသီ စားကျက်မြက်ခင်း

အသစ်ရှိရာသို့ ဟယ်လီကော်ပတာဖြင့် ပြောင်းရွှေ့ ပို့ဆောင်ပေးနေတဲ့ ပုံတွေပါ။ဆိုင်းကြိုးတစ်ခု သုံးပြီး နွားများကို ရဟတ်ယာဉ်အောက်၌ တွဲလွဲဆိုင်းပြီး သယ်ဆောင်ခဲ့ရာတွင် နွားများမှာ လေထဲပျံနေသလို ဖြစ်ခဲ့သည်။အောက်တွင်

စောင့်ဆိုင်းနေသည့် တောင်သူများက နွားများ ဘေးကင်းစွာ အောက်သို့ ဆင်းသက်နိုင်စေရေးအတွက် ကြိုးများသုံးကာ ကူညီလုပ်ဆောင်ခဲ့ကြကာ ယင်းနောက်နွားများကို ပိုမို၍ သမားရိုးကျဖြစ်သည့် နောက်တွဲယာဉ်များဖြင့် သယ်ကာ

ရွှေ့ပြောင်းပေးခဲ့တာပ့။တချိန်တည်းမှာပင် ပိုပြီး ကြံ့ခိုင်မှု ရှိသည့် ကျန်းမာသန်စွမ်းသည့် အခြားနွားများကိုမူ တောင်နံဘေးအတိုင်း ခြေလျင် ဆင်းသက်စေခဲ့သည်။“ခုလိုမျိုး နွားတွေကို ရဟတ်ယာဉ်နဲ့ သယ်ယူပို့‌ဆောင်ရတဲ့ အကြောင်းရင်းကတော့ တစ်ချို့ စားကျက်မြေတွေဆိုရင် ကားနဲ့ သွားလို့မရနိုင်တာက

တစ်ကြောင်း ဖြစ်သလို အခြားအကြောင်းတစ်ခုကလည်း နွားတစ်ချို့ ဒဏ်ရာရနေလို့ သူတို့ ဒီတိုင်း လမ်းလျှောက်မဆင်းနိုင်လို့ ဖြစ်ပါတယ်” ဟု တောင်သူတစ်ဦးဖြစ်သည့် ဂျိုးနက်စ် အာနိုးက ပြောသည်။“ခုလို ရဟတ်ယာဉ်နဲ့ လိုက်စီးရပြီးတော့ ဘယ်လို ခံစားရလဲ ဆိုပြီး နွားတွေကို မမေးလိုက်ရဘူ

း၊ မေးလည်း ဖြေမှ မဖြေနိုင်တာပဲလေ၊ ဒါပေမယ့် ဒါက တိုတောင်းတဲ့ အကွာအဝေးတစ်ခုပါပဲ၊ သူတို့ ဆက်ပြီးသွားရမှာလေ” ဟု ၎င်းက ပြောခဲ့သည်။“ဒါက တိုတောင်းတဲ့ ပျံသန်းမှုတစ်ခု သာ ဖြစ်ပါတယ်၊ ရဟတ်ယာဉ်နဲ့ စီးခဲ့တဲ့ နွားတွေနဲ့ ပုံမှန်အတိုင်း လမ်းလျှောက်ခဲ့တဲ့နွားတွေအကြား ဘာတွေ ကွာခြားသလဲ

ကျွန်တော် သတိမထားမိခဲ့ပါဘူး”စုစုပေါင်းအားဖြင့် နွားကောင်ရေ ၁,၀၀၀ ဝန်းကျင်ရှိနေရာ အဆိုပါ နွားအုပ်၏ ၁ ရာခိုင်နှုန်းကသာ လေကြောင်းဖြင့် ကူညီသယ်ပို့ပေးခဲ့ရခြင်း ဖြစ်သည်။အဆိုပါ နွားများသည် ဆွစ်ဇာလန်၏ Urnerboden အရပ်သို့

ဆက်လက် ဦးတည်သွားနေပြီး ယင်းတို့သည် အဆိုပါ နေရာတွင် ပြုလုပ်မည့် တစ်နှစ်တာ နွားပြပွဲအတွက် ပြင်ဆင်နေလျက် ရှိသည်။ဆွစ်ဇာလန်နိုင်ငံတွင် ဆောင်းအကုန်

နွေးဦးရာသီသို့ရောက်လျင် ရေခဲပြင်များဖုန်းကွယ်နေသော မြက်ခင်းများဟာ စားကျက်မြေများအဖြစ် ပြန်လည်ပေါ်ထွက်လာပြီး ထိုစားကျက်နေရာများသို့ နွားများကိုရွှေ့ပြောင်းပေးလေ့ရှိကြောင်းသိရပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *