ဒီနှစ် လီဗာပူးတို့ချိုးဖျက်ဖို့ ခက်နေဆဲစံချိန် ၇ခု

လီပါပူးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းရဲ့ အကောင်းဆုံးအသင်း ဖြစ်နိုင်တဲ့ လမ်းကြောင်းပေါ်မှာရှိနေခဲ့ပါတယ်။၂၀၁၇/၁၈ရာသီက မန်စီးတီး အသင်းတင်ရှိခဲ့တဲ့ အမှတ်၁၀၀ စံချိန်ကို

လီပါပူးအသင်းက ချိုးဖျက်နိုင်မယ့် အခွင့်အရေးတွေ ကျန်ရှိနေပါတယ်။ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ လီပါပူးအသင်းဟာ စံချိန်များစွာတင်ရှိခဲ့တာကို ပရိတ်သတ်များလည်း သိရှိကြမှာပါ။လီပါပူးအသင်းဟာ တစ်ရာသီအတွင်း အိမ်ကွင်းနိုင်ပွဲအများဆုံးအသင်း၊ အိမ်ကွင်းရမှတ်အများဆုံးအသင်းနဲ့ ရမှတ်အများဆုံးနဲ့ ချန်ပီယံဖြစ်တဲ့အသင်း စတဲ့စံချိန်တွေ ရရှိနိုင်တဲ့

လမ်းကြောင်းပေါ်မှာလည်း ရှိနေပါတယ်။ဒါပေမယ့်လည်း လီပါပူးအသင်းဟာ ခြေချော်ကာ ဝက်ဖို့တ်အသင်းကို ၃ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး၊ မန်စီးတီးအသင်းကို ၄ဂိုး ပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ဒါကြောင့် စံချိန်များစွာတင်ရှိဖို့ကြိုးစားနေတဲ့ လီပါပူးအသင်းအနေနဲ့ သိက္ခာကျခဲ့ရပါတယ်။ယခုဖော်ပြသွားမယ့် အကြောင်းအရာတွေဟာ လီပါပူးအသင်းအနေနဲ့ ချိုးဖျက်နိုင်စရာ အကြောင်းမရှိတော့တဲ့ ပရီးမီးယားလိဂ်ရဲ့ စံချိန်တွေဖြစ်ပါတယ်ရှုစားကြည့်ကြပါဦးဗျာ။

Add a Comment

Your email address will not be published. Required fields are marked *