ငွေကျပ် သိန်း(၃၂၅) ဖြင့် အမေစုရဲ့ လက်ရေးမူ ကဗျာကို လေလံဝင်ဆွဲခဲ့တဲ့ အဆိုတော် ကိကိကျော်ဇော
Unicode…ငွေကျပ်(၃၂၅) သိန်းဖြင့်အမေစုရဲ့ လက်ရေးမူ ကဗျာကို လေလံဝင်ဆွဲခဲ့တဲ့ အဆိုတော် ကိကိကျော်ဇော
ဒါရိုက်တာမင်းထင်ကိုကိုကြီးပိုင်ဆိုင်တဲ့ အမေစုရဲ့လက်ရေးမူကဗျာလေးကို လတ်တလော လေလံတင်ထားတယ်ဆိုတာကိုတော့ ချစ်ပရိသတ်ကြီး အားလုံးသိပြီးသားဖြစ်မှာပါနော်။ အမေစုရဲ့ ဒီလက်ရေးမူကဗျာလေးကိုတော့
သြဂုတ်လ(၃၁) ရက်နေ့ကစတင်ပြီး လေလံဆွဲချိန်(၅) ရက်သတ်မှတ်ထားကာ ကြမ်းခင်းဈေး (၅၄) ဈေးနဲ့ လေလံဖွင့်ခဲ့တာပါနော်။အမေစုကို ချစ်ကြတဲ့ ပိုက်ဆံတတ်နိုင်တဲ့လုပ်ငန်းရှင်တွေအသီးသီး
လေလံဝင်ဆွဲခဲ့ကြတာဖြစ်ပြီးတော့ မနေ့ညကတော့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ကိကိကျော်ဇောလည်း ဒီလေလံမှာပါဝင်လာခဲ့တယ် သိရပါတယ်။ ကိကိ ကတော့ ကလေးဘဝကတည်းက
စိုင်းစိုင်းခမ်းလိုင်နဲ့အတူ သီချင်းတွေတွဲဖက်ဆို ခဲ့တာလဲ ဖြစ်ပါတယ်။အဆိုတော်ကိကိကိုတော့ ပရိသတ်ကြီးလည်း ချစ်ကြပြီးသားဖြစ်မှာပါနော်။ ကိကိက အမေစုရဲ့လက်ရေးမှုကဗျာကို ငွေကျပ်(၃၂၅) သိန်းနဲ့
လေလံဝင်ပြိုင်ခဲ့ကြောင်း မောင်မောင်အေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်နော်။လေလံကိုတော့ မနက်ဖြန်စက်တင်ဘာလ(၅) ရက်နေ့ ည(၉)နာရီမှာပိတ်သွားမှာဖြစ်ပြီးတော့ ဒီနေ့မနက်(၉း၄၇) ထိ
နောက်ဆုံးလေလံဈေးကတော့ ကျပ်သိန်း(၄၀၅) ထိရောက်ရှိနေပြီဖြစ်ပါတယ်နော်။ အကုန်လုံးမြတ်မြတ်နိုးနိုးနဲ့ လေလံဝင်ဆွဲနေတဲ့ အမေစုရဲ့လက်ရေးမူကဗျာလေးကို ပရိသတ်အချစ်တော်ကိကိတစ်ယောက် (၃၂၅)သိန်းအထိ
ပေးခဲ့ကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။ နက်ဖြန်မှာတော့ အမေစုရဲ့လက်ရေးမူကဗျာလေး နောက်ဆုံးဈေးဘယ်လောက်နဲ့ ပိတ်သိမ်းသွားမလဲဆိုတာ အားလုံးသိချင်နေပြီ လို့ ထင်ပါတယ်နော်။ Source – Mg Mg Aye
Add a Comment
Your email address will not be published. Required fields are marked *