အိမ်ပိုင်မရှိတဲ့ ဆင်းရဲတဲ့ ဝန်ထမ်းများအတွက် နှစ်စဉ်နှစ်တိုင်း အိမ်နှစ်လုံးကို give away ဖောက်ပေးလေ့ရှိတဲ့ ကုမ္ပဏီ

အိမ်ပိုင်မရှိတဲ့ ဆင်းရဲတဲ့ဝန်ထမ်းများအတွက် နှစ်စဉ်နှစ်တိုင်း အိမ်နှစ်လုံးကို give away ဖောက်ပေးလေ့ရှိတဲ့ ကုမ္ပဏီ

လူများစုကတော့ ကုမ္ပဏီပိုင်ရှင်များဟာ အမြတ်အစွန်းကို အတတ်နိုင်ဆုံးနည်းနိုင်သမျှနည်းတဲ့အရင်းငွေဖြင့် ၀င်ငွေရအောင်အတတ်နိုင်ဆုံးကြိုးစားကြတယ်လို့ ထင်ထားတတ်ကြတာပါ။ သို့ပေမဲ့ ကုမ္ပဏီအတော်များများအတွက် ၎င်းကမှန်တယ်ဆိုပေမဲ့လည်း

၎င်းတို့ရဲ့ဝန်ထမ်းများရဲ့ကောင်းကျိုးချမ်းသာမှုကိုသေချာစေရန်အတွက် ၎င်းတို့ရဲ့တာဝန်ထက် ပိုပြီး ဝန်ထမ်းများကို အလေးထားပေးတဲ့ကုမ္ပဏီများလည်း ရှိနေပါတယ်နော်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ၊ Guangdong ပြည်နယ်မှ Anyu Industry Co Ltd ဟာ

ပါဝါသုံးကိရိယာများကိုထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဆိုပေမဲ့ ဆင်းရဲတဲ့ ၎င်းတို့ရဲ့ဝန်ထမ်းများအား အိမ်သစ်မှာနေထိုင်နိုင်ရန် နှစ်စဉ်နှစ်တိုင်း အိမ်နှစ်လုံးကို Give away ပေးတာကြောင့် လူကြိုက်များပြီး အိမ်တစ်လုံးစီရဲ့တန်ဖိုးကလည်း

ဒေါ်လာ ၃၀,၀၀၀ ( ၄၉၃ သိန်း နီးပါး) လောက် ရှိပါတယ်တဲ့။ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ Zhongming Yu က ၎င်းအိမ်ရာအစီအစဉ်ဟာ အခြေခံအားဖြင့် ဆင်းရဲတဲ့ဝန်ထမ်းများကို ကူညီပေးမဲ့အစီအစဉ်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကုမ္ပဏီရဲ့၁၀ နှစ်တာအစီအစဉ်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်နော်။

ဒီစီမံကိန်းက ကုမ္ပဏီအတွင်း အခက်အခဲဖြစ်နေတဲ့မိသားစုဝန်ထမ်းတချို့ကို အကူအညီပေးဖို့ပါ ၊ ကုမ္ပဏီက မင်းကို အိမ်ပေးမယ်၊ မင်းကလေးတွေကို ကျောင်းသွားဖို့အတွက် အစိုးရနဲ့ပေါင်းပြီး စီစဉ်ပေးမယ် ၊ မင်းရဲ့မိန်းမက ကုမ္ပဏီမှာ

အလုပ်ဝင်လုပ်နိုင်မယ် ၊ မိသားစုဝင်သက်ကြီးရွယ်အိုများက ဥယျာဉ်စိုက်ပျိုးရတာကိုနှစ်သက်ရင်တော့ သူတို့လည်း ကုမ္ပဏီရဲ့ခြံတွေမှာ အသီးပင်တွေကို စိုက်ပျိုးနိုင်သလို မွေးမြူရေးအချို့ကိုလည်း လုပ်ကိုင်နိုင်မယ် ဟုလည်း Zhongming က ရှင်းပြခဲ့ပါတယ်နော်။Zhongming က

မိသားစုနှင့်တစ်နေရာစီဝေးကွာနေရတဲ့ ဝန်ထမ်းများကို ၎င်းတို့ရဲ့မိသားစုနှင့်တစုတစည်းတည်းရှိနေတာကို မြင်ချင်လို့သာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဥက္ကဌဟာ ၎င်းအိမ်ရာစီမံကိန်းအစီအစဉ်က မည်သို့လုပ်ဆောင်ရသည်ကိုအပြည့်အဝမရှင်းပြခဲ့ပေမဲ့

ဝန်ထမ်းများက ၎င်းတို့ကုမ္ပဏီကလည်း ၎င်းအစီအစဉ်အား လက်တွေ့ကျင့်သုံးနေခဲ့တာကို ရှင်းလင်းစေခဲ့ပါတယ်နော်။Zhongming ဟာ ၂၀၁၅ ခုနှစ်ကစပြီး ဝန်ထမ်းနှစ်ဦးကို အိမ်တစ်လုံးစီပိုင်ဆိုင်ရန်ကူညီပေးခဲ့ပါတယ်။

ထိုအချိန်မှစ၍ နှစ်စဉ် ကံကောင်းတဲ့ဝန်ထမ်းနှစ်ဦးဟာ အိမ်တစ်လုံးစီကို လက်ခံရရှိခဲ့ကြပြီး Zhongming ဟာ ဝန်ထမ်းများရဲ့မိသားစုဝင်များအား အလုပ်ရှာနိုင်ရန်အတွက် အခွင့်အလမ်းများစွာကိုပါ ပေးခဲ့ပါသေးတယ်။

ဘယ်လိုတောင် ရက်ရောသဘောကောင်းတဲ့သူဌေးပါလားဗျာ။သို့ပေမဲ့ ကုမ္ပဏီက အမြတ်အစွန်းများတဲ့အကြီးစားကုမ္ပဏီမဟုတ်သလို တစ်ကယ်တော့ ကုမ္ပဏီဟာ ဘဏ်ချေးငွေများလည်း ရှိနေခဲ့ပါတယ်။ သို့ပေမဲ့ Zhongming ဟာ

ဝန်ထမ်းတွေက သူ့အတွက်အရေးပါသလို မိသားစုလိုလည်းဖြစ်ကြောင်းကို ဝန်ထမ်းများအား သိစေလိုပြီး ယုံကြည်ပေးစေချင်ခဲ့ပါတယ်။ထို့အပြင် Zhongming က ဝန်ထမ်းများက သူ့ရဲ့မိသားစုဖြစ်တာကြောင့် အကူအညီလိုတဲ့အခါ လက်ကမ်းပေးဖို့အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပါသေးတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *