စိန်လက်စွပ်ကို 13 ဒေါ်လာနဲ့ ဝယ်ယူခဲ့ပြီးတဲ့ နောက်မှာတော့ ဒေါ်လာသိန်းပေါင်းများစွာ တန်ဖိုးရှိနေမှန်းသိခဲ့ရတဲ့ အမျိုးသမီး

စိန်လက်စွပ်ကို 13 ဒေါ်လာနဲ့ ဝယ်ယူခဲ့ပြီးတဲ့နောက်မှာတော့ ဒေါ်လာသိန်းပေါင်းများစွာ တန်ဖိုးရှိနေမှန်းသိခဲ့ရတဲ့ အမျိုးသမီး

အခုဖော်ပြပေးမဲ့ အဖြစ်အပျက်တစ်ခုကို သင်ကြားသိသွားပြီးတဲ့နောက်မှာ သင်ဟာ ကျောက်လက်စွပ် (သို့) ကျောက်လည်ဆွဲကဲ့သို့ရှေးဟောင်းပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ရင် သင့်အတွက် အသေအချာလေး စဉ်းစားစရာတစ်ခုဖြစ်သွားပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ သင်ဟာ အခုဖော်ပြမဲ့ အမျိုးသမီးကဲ့သို့ ကံကောင်းခဲ့မယ်ဆိုရင် ပစ္စည်းတစ်ခုတည်းနဲ့ တင် သင့်ရဲ့ဘဝကို ချက်ချင်းပြောင်းလဲပစ်နိုင်တာကြောင့်ပါဘဲနော်။ လွန်ခဲ့တဲ့ ၁၉ ရာစုလောက်က အလွန်ရှားပါးတဲ့ ရှေးဟောင်းစိန်တစ်လုံးရဲ့ပုံသဏ္ဍာန်ဟာ ယနေ့ခေတ်အတွက်

မထင်ထားလောက်စရာကောင်းတဲ့အဖြစ်ပျက်တစ်ခုကို ဖြစ်ပျက်သွားစေခဲ့တညပါ။၎င်းဟာ လူများစွာအတွက် အံ့အားသင့်စရာတစ်ခုသာမဟုတ်ခဲ့တဲ့အပြင် ၎င်းတန်ဖိုးကို ကြားရသိရတဲ့လူတိုင်းရဲ့နားကိုတောင် မယုံမကြည်ဖြစ်သွားစေခဲ့ပါတယ်။

၎င်းစိန်တန်ဖိုးဟာ ဒေါ်လာ ၈၅၀,၀၀၀ ( မြန်မာငွေ သိန်း ၁ သောင်း ကျော်) ရှိကြောင်း သိရပါတယ်နော်။ နည်းနှောတဲ့ပမာဏာတော့ မဟုတ်နေပါဘူး။၎င်းပမာဏာက လူတစ်ယောက်ရဲ့တစ်သက်စာလောက်ရှိပါတယ်။ လက်စွပ်ပိုင်ရှင်ဖြစ်တဲ့ Debra Goddard အမည်ရှိအမျိုးသမီးက သူမဟာ လွန်ခဲ့တဲ့

နှစ်ပေါင်း ၄၀ကျော် ကတည်းက သူမရဲ့လက်ပေါ်မှာရှိနေခဲ့တဲ့လက်စွပ်ရဲ့စစ်မှန်တဲ့တန်ဖိုးကို သိလိုက်ရတဲ့အခါ သူမတကယ်ကို အံ့ဩသွားခဲ့ပြီးတော့ သတိပါလစ်သွားခဲ့ရကြောင်း ဆိုခဲ့ပါတယ်။ သူမဟာ ၎င်းလက်စွပ်ကို ၁၉၈၀ ခုနှစ်များလောက်က UK နိုင်ငံ Isleworth မြို့ West Middlesex

ဆေးရုံအနီးရှိ ဈေးတစ်ခု၌ ၁၀ ပေါင် (၁၃ ဒေါ်လာခန့်) ဖြင့်သာ ပေးဝယ်ခဲ့ပါတယ်တဲ့။သူမဟာ တန်ဖိုးအနည်းငယ်ဖြင့် ၀ယ်ယူခဲ့တာကြောင့် ၎င်းလက်စွပ်ရဲ့တန်ဖိုးအစစ်အမှန်ကိုမသိဘဲ ၎င်းကို သာမန်လက်ဝတ်ရတနာတစ်ခုဟုသာ ထင်ခဲ့ပါတယ်နော်။ ထို့ပြင် လက်စွပ်ကို သေချာစွာ သန့်ရှင်းရေးမလုပ်ထားတာကြောင့်

၎င်းဟာ အမြဲဟောင်းနေပြီး လုံးဝကို ရိုးရှင်းနေခဲ့ပါတယ်တဲ့။တစ်နေ့မှာ Debra Goddard ဟာ Sotheby’sရှိ ရတနာဆိုင်ထဲသို့ ဝင်သွားခဲ့ပြီး အတွေ့အကြုံရှိတဲ့ ဆိုင်ပိုင်ရှင်ဟာ Debra Goddard အား သူမဆီမှာ အလွန်တန်ဖိုးရှိတဲ့ရတနာတစ်ခုရှိနေတာကို အသိပေးအကြောင်းကြားခဲ့ပါတယ်။

မယုံနိုင်စရာပါဘဲ၊ ထို့နောက် Debra Goddard က ၎င်းဆိုင်ပိုင်ရှင်အား ၎င်းလက်စွပ်အတွက် နောက်ထပ်စစ်ဆေးမှုများပြုလုပ်နိုင်ဖို့ Gemological Association of America သို့ ၎င်း လက်စွပ်ကို ဆက်သယ်သွားခွင့်ပေးခဲ့ပါတော့တယ်။ ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် ကျွမ်းကျင်သူများက

၎င်းလက်စွပ်ဟာ ၁၉ ရာစုမှာ လူကြိုက်များတဲ့ကူရှင်ပုံစံဖြင့် ဖြတ်တောက်ခဲ့ကြောင်း ပြောကြားအတည်ပြုခဲ့ကြပါတယ်။အမှန်တော့၊ လက်စွပ်တွင် ထည့်ထားတဲ့ကျောက်ဟာ ဒေါ်လာ ၈၅၀,၀၀၀ ခန့်တန်ဖိုးရှိပြီး ၎င်းဟာ ပြည့်စုံတဲ့

surreal အလှတရားနှင့် ၂၆.၂၇ ကာရက်အဖြူရောင်စိန်တုံးကြီးတစ်တုံးဘဲ ဖြစ်ပါတယ်။ လက်စွပ်ပိုင်ရှင်ကတော့ အကြီးကြီးပွတာပေါ့ဗျာ။ Debra Goddard ရဲ့ကံဇာတာကတော့ ပြောမပြတန်အောင်ပါဘဲ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *