မတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပြီးတဲ့နောက် မနက်အိပ်ယာထတိုင်း မနေ့ကဖြစ်ပျက်ခဲ့တဲ့ အရာမှန်သမျှကို ပြန်မမှတ်မိနိုင်တော့တဲ့ ကောင်မလေး

မတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပြီးတဲ့နောက် မနက်အိပ်ယာထတိုင်း မနေ့ကဖြစ်ပျက်ခဲ့တဲ့ အရာမှန်သမျှကို ပြန်မမှတ်မိနိုင်တော့တဲ့ ကောင်မလေး

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ အသက် ၁၄ နှစ်အရွယ် Caitlin အမည်ရှိကောင်မလေးတစ်ဦးကသူမရဲ့သူငယ်ချင်းများနှင့်အားကစားလုပ်ရင်းကနေ သူမရဲ့ဦးခေါင်းမှာ မတော်တဆမှုတစ်ခုဖြစ်ပွါးတာပါ။ သို့ပေမဲ့ ၎င်းမတော်တဆမှုက

သူမရဲ့မှတ်ဥာဏ်ကို အကြီးအကျယ်ထိခိုက်ပျက်စီးသွားစေလိမ့်မယ်လို့လည်း ဘယ်မိသားစုဝင်ကမှမမျှော်လင့်ထားခဲ့ပါဘူး။ လက်ရှိမှာ Caitlin ဟာ သူမအတန်းတက်ခဲ့တဲ့နေ့ သို့မဟုတ် မိသားစုရဲ့ကားအသစ်ကို ဘယ်လိုဖွင့်ရမယ်ဆိုတာကိုတောင်

မမှတ်မိနေပါဘူးတဲ့။ Caitlin ဟာ သူမနိုးထလာတဲ့မနက်တိုင်းမှာ မနေ့ကဖြစ်ပျက်ခဲ့သမျှအရာအားလုံးကိုလည်း မေ့သွားခဲ့ပါတယ်။.ထို့ကြောင့် Caitlin ရဲ့မိဘများက သူမအား အမေရိကန်နိုင်ငံ North Carolina ပြည်နယ်၊

Greensboro မြို့ရှိ ဆေးရုံတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ကြတာပါ။ ရောဂါလက္ခဏာများစမ်းသပ်အပြီးမှာ ဆရာဝန်များက သီတင်းပတ် အနည်းငယ်အကြာမှာ သူမရဲ့မှတ်ဉာဏ်ပြန်ည်ကောင်းမွန်လာလိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်နေယ်။

သို့ပေမဲ့ ၁၈ လကြာသွားတဲ့အထိ Caitlin ဟာ သူမလုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၂ နာရီကျော်ကဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို မေ့လျော့ကာသတိလည်းမရလာသေးပါဘူး။ ထို့နောက် ဆရာဝန်များက သူမရဲ့ရောဂါဟာ “ anterograde amnesia” လို့ခေါ်တဲ့ မှတ်ဥာဏ်အသစ်များရဲ့ဖန်တီးနိုင်စွမ်းကို

နှောက်ယှက်တဲ့ရောဂါလို့ ယုံကြည်ကာ သတ်မှတ်ခဲ့ကြပါတယ်။ လက်ရှိမှာ ၎င်းရောဂါအတွက် တိကျတဲ့ကုထုံးများလည်းမရှိသေးပါဘူး။.သူမရဲ့ဆရာဝန်များက မှတ်ဥာဏ်လေ့ကျင့်ခန်းများ သို့မဟုတ် အချက်အလက်များကို ဒိုင်ယာရီမှတဆင့် မှတ်တမ်းတင်ခြင်းဖြင့်သာ အခြေအနေကို တိုးတက်စေခဲ့ပါတယ်။

Caitlin ဟာ သူမအား ရက်သတ္တပတ်ရဲ့နေ့ ၊ ထိုနေ့ရဲ့အချိန်ဇယားကို သတိပေးမဲ့သူတစ်ယောက်ကိုပါလိုအပ်လာခဲ့ပါတယ်။ သူမရဲ့နေ့စဉ်မှတ်စုကိုလည်း Sarah Little အမည်ရှိသူမရဲ့အစ်မဖြစ်သူကသာ ပြင်ဆင်ပေးနေရပါတယ်တ့။

သူမရဲ့မိသားစုကလည်း သူမအား အရာရာကို ပြန်လည်မှတ်မိလာစေဖို့အတွက် ရှိသမျှနည်းမျိုးစုံဖြင့် ကူညီပေးနေရပါတယ်နောါ။ မိသားစုဝင်များက သူမကို သက်ဆိုင်ရာဆရာဝန်များစွာထံသို့ခေါ်သွားခဲ့ကြပေမယ့် သူမရဲ့မှတ်ဥာဏ်ကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့ဆေးကုသထုံးကိုတော့ ဘယ်ဆရာဝန်ကမှ မဖော်ထုတ်နိုင်ခဲ့ကြပါဘူး။လက်ရှိမှာတော့ ၎င်းတို့မိသားစုဟာ သူမရဲ

့အခြေအနေအားပိုမိုကောင်းမွန်လာစေမဲ့မျှော်လင့်ချက်နဲ့ တက္ကဆက်ပြည်နယ်မှာ ကုသမှုအသစ်တစ်မျိုးကို စမ်းသပ်နေလျက်ရှိပါတယ်။ သို့ပေမဲ့ ၎င်းကုသမှုရဲ့ကုန်ကျစရိတ်က အလွန်ဈေးများလွန်းတာကြောင့်ဘဲ Caitlin အတွက်

GoFundMe ဆိုတဲ့ အလှူခံ Page ကို မိသားစုများက တည်ထောင်ထားပေးခဲ့ပါတယ်။ Caitlin ရဲ့လက်ရှိအခြေအနေကို သေချာစွာ မသိရှိရသေးတာကြောင့် Caitlin အတွက် အမြန်နေကောင်းလာပါစေလို့ဘဲ ဆုတောင်းပေးရင်း မျှော်လင့်မိပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *