














Unicode…တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ ဘောလုံးစကေးကြောင့် အင်္ဂလန် ဘောလုံးကလပ်တေက ကမ်းလှမ်းထားတဲ့ ကလေးငယ်

အားကစားဆိုတာ လူကြီးရော ကလေးငယ်တွေကိုပါ ကျန်းမာ သန်စွမ်းဖို့ ပြုလုပ်ပေးတာပါ။သိုသော် ၆ နှစ်သား အရွယ်ရှိတဲ့ အီရန် ကလေးငယ်လေးက အဲဒီအဆင့်ထက် သာလွန်ပြီး အားကစားသမားလေးတစ်ဦး ဖြစ်နေပါတယ်။

သူကတော့ Arat Hosseini လို့နာမည်ရတဲ့ အီရန်ကလေးငယ်တစ်ဦး ဖြစ်ပြီး အသက် ၆ နှစ်ဖြစ်သော်လည်း professional အားကစားသမားတစ်ဦးလို six-pack နဲ့ တောင့်တင်းကြံ့ခိုင် သန်မာတဲ့ ခန္ဓာကိုယ်ကို

ပိုင်ဆိုင်ထားပြီဘဲ ဖြစ်ပါတယယ်။အာကစားမှာထူးချွန်တဲ့ Arat လေးဟာ ယခုမှာ Liverpool Academy မှာ လေ့ကျင့်ရေးဆင်းနေတဲ့သူလေး ပါနော်။Arat ရဲ့ ဖခင်ဖြစ်သူ Mohammad က Instagram မှာ

Arat လေးရဲ့ စိတ်ဝင်စားစရာဗီဒီယိုလေး ကို တင်လိုက်လို့ ဆိုရှယ်မီဒီယာမှာ တော်တော်လေးနာမည်ကြီးသွားခဲ့တာပါနော်။အသက် ၃ နှစ်အရွယ်ကတည်းက Aratက အိမ်နံရံဖက်တက်နိုင်ခဲ့တဲ့သူပါ။ အသက် ၄ နှစ်အရွယ်မှာတော့

သူ ဘောလုံးကစားတဲ့ဗီဒီယိုတွေကို IG မှာ စတင်ခဲ့တာပါ။အဲကတည်းက ဆိုရှယ်မီဒီယာသုံးစွဲသူတွေကလည်း Arat လေးကို ချစ်ခင်လာကြတာပါ။ နေ့စဉ်လေ့ကျင့်ခန်းလုပ်တဲ့ Arat လေးဟာ

အရွယ်ရောက်ပြီးသားလအမျိုးသားတွေတောင် ရဖို့မလွယ်ကူနိုင်တဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားတာပါနော်။ဒီလို ဖြစ်ဖို့ဆိုတာ ၆ နှစ်အရွယ်ကလေးငယ် တစ်ယောက်အတွက်တော့ ဖြစ်ခဲလွန်းပါတယ်နော်။

နေ့စဉ်လေ့ကျင့်မှုတွေကြောင့် Aratက လူကြီးတွေလို ဗလပြတဲ့ပို့စ်အမျိုးမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်နော်။Arat လေးရဲ့ အိပ်မက်ကတော့ နောင်တစ်ချိန်မှာ ထူးချွန်တဲ့ဘောလုံးအားကစားသမားတစ်ဦး ဖြစ်လာဖို့ပါပဲနော်။

သူ့ရဲ့ Idol တွေကတော့ နာမည်ကျော် ဘောလုံးသမားတွေဖြစ်တဲ့ Cristiano Ronaldo နဲ့ Lionel Messi ဖြစ်ပါတယ်နော်။ဖခင်ဖြစ်သူကလည်း Arat လေးရဲ့အိပ်မက်အတွက် ထေက်ပံ့အားပေးနေတဲ့သူပါ။

ငယ်ငယ်ကတည်းက အားကစားဘက်မှာပါရမီထူးခြားတဲ့ Arat လေးရဲ့ အရည်အရည်းကို ဖခင်ဖြစ်သူက သိရှိ ခဲ့ပြီး အားကစားလေ့ကျင့်မူတေ ပြုနိုင်အောင် ပံ့ပိုး ပေးနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ Arat ရဲ့အိပ်မက်တွေကို

အကောင်အထည်ဖော်ဖို့အတွက် သူတို့မိသားစုဟာ အီရန်နိုင်ငံကနေ အင်္ဂလန်နိုင်ငံ၊ Liverpool မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်နော်။ဖခင်ရဲ့အဆိုအရ Liverpool ဘောလုံးကလပ်က တာဝန်ရှိသူတစ်ဦးဟာ

Arat လေးရဲ့အရည်အချင်းတွေကို တွေ့မြင်သွားပြီးနောက်မှာ Liverpool Academy ကို ဖိတ်ခေါ်ကစားစေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ထို့ပြင် Arat လေးဟာ အင်္ဂလန်ဘောလုံးကလပ်များစွာရဲ့

ကမ်းလှမ်းမှုတွေကို လည်း ရရှိခဲ့တယ်လို့ဆိုပါတယ်နော်။ အသက် ၆ နှစ်မှာ ကတည်းက အရည်အချင်းရှိပြီး ချောမောတဲ့အားကစားသမားလေး Arat Hosseini ဟာ

နောင်အေနာဂတ်မှာ နာမည်ကျော်ကြားပြီး လင်းလက်တောက်ပတဲ့ ကြယ်ပွင့်လေးတစ်ပွင့် ဖြစ်လာဖို့ အသေချာပါနော်။Phito credit:Instagram Source: Bright Side Katie Scarlett We Media

Tags:

Add a Comment

Your email address will not be published. Required fields are marked *