ပေါင် ၁.၅ တန်ကျော် အလေးချိန်ရှိပြီး ညတိုင်းလည်း ဝီစကီသောက်တတ်တဲ့ ဒေါ်လာ ၂.၅သန်းတန်ဖိုးရှိ ကမ္ဘာ့အကြီးဆုံး နွားထီ

ပေါင် ၁.၅ တန်ကျော် အလေးချိန်ရှိပြီး ညတိုင်းလည်း ဝီစကီသောက်တတ်တဲ့ ဒေါ်လာ ၂.၅သန်းတန်ဖိုးရှိ ကမ္ဘာ့အကြီးဆုံး နွားထီး

အိန္ဒိယနိုင်ငံမှာ ရှိတဲ့ အခုဖော်ပြမဲ့ Sultan အမည် ရှိနွားထီးတစ်ကောင်ဟာ ဝီစကီ သောက်ရတာကို အတော်လေးကြိုက်ပါတယ်တဲ့။၎င်းဟာ ညတိုင်း ဝီစကီ တစ်ပုလင်းကို သောက်ပါတယ်ေ နာ်။ Sultan က ဝီစကီရဲ့ အရသာကို

ဘယ်လို ခံစားရလဲဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး။အိန္ဒိယနိုင်ငံ Haryana ပြည်နယ်ရှိ Sultan ရဲ့ပိုင်ရှင်ဖြစ်သူ Naresh Kumar က Sultan ဟာ ဒေါ်လာ သုံးသန်းကျော်တန်ဖိုးရှိပြီးတော့ Sultan အား မနက်တိုင်

း ၅ကီလိုမီတာအကွာအဝေးအထိ လမ်းလျှောက်ထွက်ခိုင်းပြီး ညရောက်တိုင်း ဝီစကီတစ်ပုလင်းတိုက်ကြောင်း ပြောပြခဲ့ပါတယ်နော်။နွားတောင် ညတိုင်း ဝီစကီတစ်ပုလင်းသောက်ရတဲ့ဆိုတော့ ကောင်းလိုက်တဲ့ကံဇာတာပါ။Sultan ဟာ

လက်တစ်လောလေးမှာဘဲ အတော်လေးကို နာမည်ကြီးလာခဲ့တာပါ။၎င်းဟာ ပြိုင်ပွဲ ၇ ခုမှာ ပထမဆုချည်းသာရရှိခဲ့ပြီးတော့ ပိုင်ရှင်ဖြစ်သူက ၎င်းဟာ တစ်နိုင်ငံလုံးမှာ ဈေးအကြီးဆုံးနှင့် အကြီးဆုံးသောနွားတစ်ကောင်ဖြစ်ကြောင်း အခိုင်အမာ

ပြောဆိုခဲ့ပါတယ်နော်။Sultan ရဲ့အစားအသောက်ကုန်ကျစရိတ်ကတော့ သင့်ကို ပိုအံ့အားသင့်သွားစေမှာပါ။၎င်းရဲ့တစ်နှစ်စာအစားအသောက်ကုန်ကျစရိတ်က သင်အိမ်တစ်လုံးဆောက်ပြီး အသာလေးနပ်နေလို့တောင်ရပါတယ်တဲ့။Sultan ဟာ

ပန်းသီး ၃၃ ပေါင်၊ မုန်လာဥ ၄၄ ပေါင်၊အသီးအစေ့ ၂၂ ပေါင် နှင့် မြက်စိမ်း၂၂ ပေါင်တို့ကို နေ့စဉ် စားသုံးပြီး နို့ဘူးပေါင်း ဒါဇင်ပေါင်းများစွာကိုလည်း သောက်ပါသေးတယ်နော်။

Sultan ရဲ့ အသုံးစရိတ်ကုန်ကျငွေကို ပိုင်ရှင်ဖြစ်သူ Naresh က နှစ်စဉ် ဒေါ်လာ ၁၅၀,၀၀၀ ဝန်းကျင်ရှိတဲ့ ၎င်းရဲ့သုတ်ရည်တန်ဖိုးလောက် ကုန်ကျကြောင်း ခန့်မှန်းပြောဆိုထားပါတယ်တဲ့။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *