လူနာရဲ့အသက်ကို ကယ်တင်ဖို့ ဖခင်ဖြစ်သူနှင့်နောက်ဆုံးအကြိမ်သာ တွေ့ခွင့်ရမဲ့အခွင့်အရေးကို စတေးခဲ့တဲ့ ကိုယ်ကျိုးမငဲ့တဲ့ဆရာဝန်တစ်ဦး

လူနာရဲ့အသက်ကို ကယ်တင်ဖို့ ဖခင်ဖြစ်သူနှင့်နောက်ဆုံးအကြိမ်သာ တွေ့ခွင့်ရမဲ့အခွင့်အရေးကို စတေးခဲ့တဲ့ ကိုယ်ကျိုးမငဲ့တဲ့ဆရာဝန်တစ်ဦး

တရုတ်နိုင်ငံ Anhui မြို့မှ အသက် ၅၅ နှစ်အရွယ် Zhang Xinzhi အမည်ရှိဆရာဝန်တစ်ဦးက လူနာတစ်ဦးအား ခွဲစိတ်မှုပြုလုပ်ရန်အတွက် ဖခင်ဖြစ်သူရဲ့နောက်ဆုံးခရီးကို သွားမတွေ့နိုင်ဘဲ သူ့ဘ၀မှာ အခက်ခဲဆုံးသောအချိန်များကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။ထို့နေ့မှာ Zhang ဟာ သူ့အဖေဟာ

စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတာကို သတိထားမိနေခဲ့တာပါ။သူဟာ ခွဲစိတ်မှုမစတင်ခင်မှာ သူ့အဖေကို သွားတွေ့ပြီး ခွဲစိတ်မှုတစ်ခုလုပ်ပြီးတာနဲ့ အဖေဆီပြန်လာခဲ့မယ်လို့ အဖေဖြစ်သူအား မှာခဲ့ပါတယ်တဲ့။ထို့နောက် အဖေဖြစ်သူကလည်း သူ့ရဲ့အလုပ်ကိုနားလည်တာကြောင့် Zhang အား ခေါင်းလေးညိတ်ပြရင်း

သူ့အား ပြန်ပြုံးပြနေခဲ့ပါတယ်။ထို့နောက် Zhang ဟာ ဖခင်ဖြစ်သူအား ထားခဲ့ကာ ခွဲစိတ်ခန်းသို့ဝင်သွားခဲ့ပါတယ်နော်။ကံမကောင်းစွာနဲ့ပဲ ခွဲစိတ်မှုမစခင်လေးမှာ Zhang ဟာ သူ့အဖေဆုံးသွားပြီဆိုတဲ့သတင်းကို လက်ခံရရှိခဲ့ရပါတယ်။pZhang က

သူ့ရဲ့စိတ်ကို အတည်ငြိမ်ဆုံးဖြစ်ရန် အတတ်နိုင်ဆုံးထိန်းထားခဲ့ပြီး မျက်ရည်များကိုလည်း ထိန်းချုပ်ကာ အဖေဖြစ်သူအား ဂုဏ်ပြုတဲ့အနေဖြင့် အဆိုပါလူနာကို အတတ်နိုင်ဆုံးကယ်တင်ရမယ်လို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်နော်။ခွဲစိတ်မှုအတွင်း Zhang က

သူ့ရဲ့ဖုန်းမှခေါ်ဆိုမှုများစွာကို လက်ခံရရှိခဲ့ပေမဲ့လည်း ခွဲစိတ်မှုမပြီးမချင်းအထိ ၎င်းကို လျစ်လျူရှုထားခဲ့ပါတယ်။ထို့နောက် ၂ နာရီအကြာမှာဘဲ ခွဲစိတ်မှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်နော်။မျက်ရည်များကို မနည်းထိန်းချုပ်ထားခဲ့တဲ့

Zhang ဟာ ချက်ချင်းငိုချခဲ့ပြီး ခွဲစိတ်ခန်းမှပြေးထွက်ကာ ဖခင်ဖြစ်သူထံသို့ အမြန်ဆုံးသွားခဲ့ပါတော့တယ်။ဆရာဝန်သက်တမ်း ၃၃ နှစ်အထိ ရှိပြီဖြစ်တဲ့ Zhang က အဲဒီနေ့က ကျွန်တော် အဖေ့အနားမှာမရှိနေနိုင်ခဲ့တာကို တွေးတိုင်း

ကျွန်တော်အရမ်းကို ဝမ်းနည်းရတယ် ၊ အဖေ့ကိုနောက်ဆုံးအကြိမ်အဖြစ် မတွေ့လိုက်ရတာက အရမ်းကို အပြစ်ရှိနေသလိုခံစားရပေမဲ့ ကျွန်တော်က ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကျွန်တော့်လူနာရဲ့အသက်ကိုကယ်ဖို့ကလည်း အရမ်းအရေးကြီးတယ်

လို့ ဆိုခဲ့ပါတယ်နော်။Zhang ရဲ့အဖြစ်အပျက်ဟာ professional ဆန်လွန်းပြီး ဆရာဝန်တစ်ယောက်အနေနဲ့ ထားရှိတဲ့သူ့ရဲ့အလုပ်ကျင့်ဝတ်အတွက် netizen များစွာက သူ့အား လေးစားချီးကျူးခဲ့ကြပါတယ်။

သူ့ရဲ့သားက အရမ်းတော်တဲ့ဆရာဝန်တစ်ယောက်ဆိုတာကို သိနေတဲ့သူ့အဖေရဲ့စိတ်ဝိညာဉ်ကလည်း ငြိမ်းချမ်းစွာ အနားယူနေလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်မိပါတယ် ဟု netizen တစ်ဦးက ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *