ကမ္ဘာ့ အကြီးမားဆုံးသော နီလာတုံးကြီးကို အိမ်နောက်ဖေးမှာ ရေတွင်းတူရင်း အမှတ်မထင် တွေ့ရှိခဲ့တဲ့ အမျိုးသား

ကမ္ဘာ့ အကြီးမားဆုံးသော နီလာတုံးကြီးကို အိမ်နောက်ဖေးမှာ ရေတွင်းတူရင်း အမှတ်မထင် တွေ့ရှိခဲ့တဲ့အမျိုးသား

သီရိလင်္ကာနိုင်ငံရဲ့ Ratnapura မြို့မှာနေထိုင်တဲ့ Gamage အမည်ရှိ တဲ့ အမျိုးသားတစ်ဦး က အိမ် အသစ်ဆောက်ရင်း သူ့ရဲ့ခြံဝန်းအနောက် ဖက်မှာ ရေတွင်းတူးချင်နေခဲ့ တာပါနော် ။ ဒါကြောင့် ဆောက်လုပ်ရေး လုပ်သားတွေနဲ့

ရေတွင်း တူးနေကြစဉ် အစိုင်အခဲ ကျောက်တုံး ကြီးတစ်ခုကို တူးမိခဲ့ကြပတာပါ ။ ဆက်လက် တူးဖော် ခဲ့ကြရင်းနဲ့ အလွန်ကြီးမားတဲ့ ကျောက်တုံး တစ်တုံးကို ဖော်ထုတ်နိုင်ခဲ့ ပါတယ်တဲ့ ။ အခြားသော ကျောက်မျက် ရတနာတွေကိုပါ ရှာဖွေတွေ့ခဲ့ လို့

သူတို့ မိသားစုဟာ အဆိုပါကျောက်တုံးဟာ ဘာတွင်းထွက်ပစ္စည်းများဖြစ်မလဲဆိုပြီးစိတ်လှုပ်ရှားကာ ကျွမ်းကျင်သူတွေကိုခေါ်ယူပြီး ဆုံးဖြတ်ခိုင်းခဲ့ပါတယ်တဲ့ ။

အံ့သြဖို့ကောင်းလောက်အောင်ပဲ အဆိုပါကျောက်တုံးကြီးက သူတို့ရဲ့ဘဝကို ပြောင်းလဲပစ်ခဲ့ပါတယ် ။ အကြောင်းကတော့ နီလာကျောက်ကြီးဖြစ်နေခဲ့ပြီး 2.5 million carats ရှိကာ အလေးချိန်မှာ 510 kg နှင့် အရှည် 100 cm ၊

အကျယ် 72 cm နှင့် အမြင့် 50 cm ရှိနေခဲ့ပါတယ် ။ ပျမ်းမျှတန်ဖို့မှာ အမေရိကန်ဒေါ်လာ 100 million ခန့်ရှိကြောင်း သိရပါတယ်တဲ့ ။

အဆိုပါကျောက်မျက်ရတနာကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်မှာ Gamage ဟာ အစိုးရကို အကြောင်းကြားခဲ့ပြီး နောက်ဆုံး သန့်စင်ခွဲခြမ်းစိတ်ဖြာခဲ့ပြီးနောက်မှာတော့ အရမ်းကိုတန်ဖိုးကြီးတဲ့ နီလာကျောက်တွေဖြစ်နေခဲ့ပါတယ်နော် ။

အဆိုပါ နီလာကို တကယ့် ကျောက်မျက်ရတနာပညာရှင်တွေက ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော နီလာ ဆိုပြီး သတ်မှတ်ခဲ့ကြပါတယ်တဲ့ ။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *