သံသယစိတ်နဲ့ ချစ်သူကောင်လေးရဲ့ကားကို အမျိုးသမီး လစဉ်သုံးပစ္စည်း အပြည့် ကပ်ထားခဲ့လို့ အမှားကြီးဖြစ်ခဲ့ရတဲ့ အမျိုးသမီး

သံသယစိတ်နဲ့ ချစ်သူကောင်လေးရဲ့ကားကို အမျိုးသမီး လစဉ်သုံးပစ္စည်းအပြည့် ကပ်ထားခဲ့လို့ အမှားကြီးဖြစ်ခဲ့ရတဲ့ အမျိုးသမီး

ကျွန်တော်တို့ဟာ စိတ်လိုက် မာန်ပါဖြစ်တဲ့အခါ တစ်ခါတစ်ရံ ပြင်းထန်ပြီး အရိုင်းဆန်တဲ့ အပြုအမူတွေ ပြုလုပ် တတ်ကြပါတယ်နော်။တရုတ်နိုင်ငံက Li Tanအမည်ရှိတဲ့ဒီအမျိုးသမီးလိုပေါ့။Liဟာ သူမချစ်သူကောင်လေး De Wuက

ကတိ ပေးထားတဲ့ အချိန်ထက် နောက်ကျမှ အိမ်ပြန်ရောက်ခဲ့ပြီးနောက် သူမ အပေါ်လိမ်လည် နေကြောင်းကို သံသယဝင်သွားခဲ့ပြီးတော့ သူမအပေါ် ချစ်သူ ကောင်လေးရဲ့သစ္စာမဲ့ ဖောက်ပြန်မှုအတွက် ပုံမှန်မဟုတ်တဲ့အပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

သူမဟာ အနီးအနားက စတိုးဆိုင်သို့ သွားပြီး အမျိုးသမီး လစဉ်သုံးပစ္စည်းအား ကားတစ်စီးကို ဖုံးပစ်ဖို့လုံလောက်တဲ့အထိများစွာဝယ်ယူခဲ့ပြီးတော့ သံသယစိတ်နဲ့ Wuရဲ့ကားတစ်စီးလုံးကို အဆိုပါလစဉ်သုံးပစ္စည်းတွေအပြည့်ကပ်နေခဲ့ပါတယ်။

Liဟာ လူရှုပ်နေတဲ့ လမ်းဘေးက Wu ဌားရမ်းထားတဲ့ အဆိုပါ Toyotaကားပေါ် ကို အမျိုးသမီး လစဉ်သုံးပစ္စည်း အထုပ် ၃၀ကျော်အကုန်ခံကပ်ခဲ့ပါတယ်နော်။လမ်းဘေးကလူတွေက ဘာမှဝင်မပြောနိုင်ပေမဲ့ ကားပတ်ပတ်လည်ကိုကြည့်ရင်း

နရာအနှံ့လစဉ်သုံးပစ္စည်းတွေလိုက်ကပ်နေတဲ့ Liကို တအံ့တဩနဲ့သာ ကြည့်နေခဲ့ကြပါတယ်။အဲ့ဒီနောက် သူမဟာ ဓာတ်ပုံရိုက်ပြီး onlineမှာ သူမရဲ့လုပ်ရပ်ကို သူမကိုယ်တိုင်”ဟုတ်တယ် အဲ့ဒါငါလုပ်ခဲ့တာဘဲ လို့ဆိုကာ ဓာတ်ပုံတင်ခဲ့ပါသေးတယ်တဲ့။

အဆိုပါသူ့ပိုစ့်ဟာ အဲလို ပညာပြသင်တယ်”၊”နင့်သုံးပြီးသားဟာတွေနဲ့ ကပ်ရမှာ”လို့မှတ်ချက်ပေးကြတဲ့အင်တာနက်သုံးစွဲသူတွေရဲ့ထောက်ခံပေးမှုတွေကိုပါ ရရှိခဲ့ပါတယ်။နောက်ဆုံးတော့ သူဌားရမ်းထားတဲ့ကားက လစဉ်သုံးပစ္စည်းတွေနဲ

့ပြည့်နေရတဲ့အကြောင်းကို သိရဖို့ Wuဟာ အိမ်ပြန်လာခဲ့ပြီး သံသယစိတ်နဲ့စိတ်လိုက်မာန်ပါလုပ်ခဲ့တဲ့Liကို အကျိုးအကြောင်းသေချာရှင်းပြခဲ့ရပါတော့တယ်နော်။Liဟာ အဖြစ်မှန်ကို သိလိုက်တော့ တုန်လှုပ်သွားခဲ့ရပြီးတော့

တကယ်တော့ Wuဟာ သူမအတွက် စပရိုက်မွေးနေ့ပါတီလုပ်ပေးဖို့ စီစဉ်နေခဲ့တာကြောင့် အိမ်ပြန်နောက်ကျသွားခဲ့တာပါ။Wuဟာ ကြိုတင်စာရင်းသွင်းရတဲ့နာမည်ကြီးစားသောက်ဆိုင်တစ်မှရရှိတဲ့ဘေဖြတ်ပိုင်းနဲ့အတူ

သူ့ရဲ့မကောင်းသတင်းကို ပြန်လည်ဖုံးဖိခဲ့ရပါတယ်။အဆုံးတော့ အဆိုပါစုံတွဲဟာ အဆင်ပြေသွားခဲ့ပြီးတော့ Wuက”ဒီကားကိုတော့ ဘယ်သူမှ ထပ်ဌားချင်ကြမှာမဟုတ်ဘူး လို့နောက်ပြောင်ပြောဆိုခဲ့ပါသေးတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *