အမွှာညီအကိုနှင့် တစ်ချိန်တည်းမှာ အတူတူလက်ထပ်ပွဲကိုကျင်းပခဲ့ကြတဲ့အပြင် ကိုယ်ဝန်ဆောင်တဲ့ အချိန်ပါ တူနေခဲ့တဲ့ အမွှာညီအမနှစ်ဦး

အမွှာညီအကိုနှင့် တစ်ချိန်တည်းမှာ အတူတူလက်ထပ်ပွဲကိုကျင်းပခဲ့ကြတဲ့အပြင် ကိုယ်ဝန်ဆောင်တဲ့ အချိန်ပါ တူနေခဲ့တဲ့ အမွှာညီအမနှစ်ဦး

အမွှာတွေက တူညီတဲ့ဦးစားပေးမှုများရှိပြီး တူညီတဲ့ရွေးချယ်မှုများကို ပြုလုပ်လေ့ရှိတယ်လို့ လူတိုင်းက ပြေတာပါ။အကယ်လို့ အဲ့လိုဖြစ်ရင်တော့ ၎င်းတို့အတွက် အတော်ကို ဝမ်းနည်းစရာကောင်းနေမှာပါ။ဘာလို့ဆိုတော့ ၎င်းတို့ဟာ တူညီတဲ့

သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာဘဲ အမြဲထာဝရတည်ရှိသွားနိုင်တာပေါ့ဗျာ။သို့ပေမဲ့ ၎င်းတို့ဟာ အခြားသောအမွှာမောင်နှမတို့နှင့်လည်း အတူတူချစ်ကြိုက်သွားတတ်သလို နောက်ဆုံး ပုံပြင်ဆန်စွာ လက်ထပ်သွားအထိပါ ဖြစ်သွားတတ်ကြပါတယ်

။ဒါဟာ အတော်လေး မိုက်တယ်လို့ ဆိုရမှာပါ။လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဩဂုဏ်လမှာ အမွှာညီအကိုများဖြစ်တဲ့ Josh နှင့် Jeremy Salyers တို့ဟာ အမွှာညီအမများဖြစ်တဲ့ Brittany နှင့် Briana Deane တို့ဖြင့် စုံတွဲနှစ်တွဲအဖြစ်

လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်နော်။၎င်းတို့ဟာ အမွှာအချင်းချင်း လက်ထပ်ခဲ့ကြတဲ့အမွှာစုံတွဲများဖြစ်တာကြောင့်ဘဲ စုံတွဲနှစတွဲပေါင်းကာ မင်္ဂလာပွဲကို ရိုးရှင်းစွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ထို့နောက် အိမ်တစ်အိမ်မှာ အတူတကွနေထိုင်ရန် ဆုံးဖြတ်တဲ့အခါ

၎င်းတို့လေးယောက်စလုံးအတွက် စိန်ခေါ်မှုတစ်လုံးလိုဖြစ်လာခဲ့ပါတယ်နော်။ခင်ပွန်းနှစ်ယောက်စလုံးနှင့် ဇနီးနှစ်ယောက်စလုံးက ရုပ်တွေ ချွတ်စွပ်တူနေကြတာကြောင့်ဘဲ ၎င်းတို့ရဲ့လက်တွဲဖော်များအနေနဲ့ ကိုယ့်ခင်ပွန်း နှင့် ကိုယ့်ဇနီးကို

ခွဲခြားသိနိုင်ရန် ၎င်းတို့အတွက် မေးခွန်းများစွာ ပေါ်ပေါက်လာစေခဲ့ပါတယ်နော်။၎င်းတို့ကကော ကိုယ့်ရဲ့လက်တွဲဖော်ကို ခွဲခြားတတ်ပါမလားဗျာ။ကျွန်တော်သာဆို ခွဲခြားတတ်မှာမဟုတ်ဘူးဗျာ။သို့ပေမဲ့ ၎င်းတို့လေးယောက်ဟာ အိမ်မှာ

၎င်းတို့အချင်းချင်း လူမှားခေါ်မိသွားတဲ့အချိန်မျိုးဘယ်တော့မှမရှိခဲ့ဖူးကြောင်း ပြောကြားခဲ့ကြပါတယ်။သို့ပေမဲ့ အိမ်တစ်အိမ်မှာအတူတူနေခြင်းက အစပိုင်းမှာတော့ ၎င်းတို့စုံတွဲနှစ်တွဲအတွက် အတော်လေးမသက်အသာဖြစ်ခဲ့ရကြောင်း

အမွှာစုံတွဲနှစ်တွဲက အမှန်အတိုင်း ဝန်ခံခဲ့ကြပါတယ်။နောက်ဆုံးတော့လည်း ၎င်းတို့လေးယောက်က အရာအားလုံးကို သိနိုင်အောင် ကြိုးစားခဲ့ကြတာကြောင့် အခုတော့ အိမ်တစ်လုံးမှာ အဆင်ပြေစွာ အတူတူနေထိုင်နေပြီဖြစ်ကြောင်းလည်း

ထပ်မံပြောပြခဲ့ကြပါတယ်။အခုဆိုရင် Brittany နဲ့ Briana တို့ဟာ ကိုယ်ဝန်လွယ်ထားနေရပြီဆိုတော့ ၎င်းတို့လေးယောက်ဟာ နောက်ထပ်သော  လေးထပ်ကွမ်းအမွှာလေးတွေ ကြိုဆိုဖို့ အဆင့်သင်ဖြစ်နေကြပါပြီတဲ့။Credit

Add a Comment

Your email address will not be published. Required fields are marked *