တိုက်ခန်း ငှါးရမ်းသူတွေကို 3 လ ငှါးရမ်းခ သက်ညှာပေးခဲ့တဲ့အပြင် အစားအသောက်တွေပါ ထောက်ပံ့ပေးခဲ့တဲ့ အဆောက်အဦးပိုင်ရှင်

တိုက်ခန်းငှါးရမ်းသူတွေကို 3 လ ငှါးရမ်းခ သက်ညှာပေးခဲ့တဲ့အပြင် အစားအသောက်တွေပါ ထောက်ပံ့ပေးခဲ့တဲ့ အဆောက်အဦးပိုင်ရှင်

အခုလို ကိုဗစ် ကူးစက် ပျံ့နှံ့မှု မြင့်မားနေတဲ့ အချိန်မှာ အချို့တွေက အလုပ် လက်မဲ့ဖြစ်ပြီးတော့ ၊ ဝင်ငွေ အခက် အခဲတွေနဲ့ ရင်ဆိုင်နေရကာ လူတိုင်း လိုလို အခက်တွေv့နေကြတာပါနော် ။ သို့ပေမဲ့လည်းဘဲ အချို့သောသူတွေရဲ့

သက်နိုင်တဲ့ ဖက်က အကူအညီ ပေးတတ်တဲ့ စိတ်ဓာတ် ကိုတော့ အတော်လေး လေးစားအံ့သြမိပါတယ်နော် ။ ဒီတစ်ခေါက်မှာလည်းဘဲ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာရှိတဲ့ Raminthra 99 အဆောက်အအုံရဲ့ပိုင်ရှင်ဟာဆိုရင်

တိုက်ခန်းငှါးရမ်း သူတွေကို 3လ ငှါးရမ်းခ သက်ညှာ ပေးခဲ့တဲ့အပြင်ကို၊ တိုက်ခန်းရဲ့ တံခါးပေါက်တွေမှာ အသင့်အစားအစာ တွေဖြစ်တဲ့ ခေါက်ဆွဲခြောက် ၊ ဆန်တစ်ထုပ် ၊ ငါးသေတ္တာ နဲ့ အိုဗာတင်း တစ်ကပ်စီထည့်ထားတဲ့ အိတ်ကို

ချိတ်ဆွဲထားရစ် ပေးခဲ့ပါတယ်တဲ့ ။ဒါ့အပြင် ‘ ကိုဗစ်ကြောင့် ခင်ဗျား ရော အခြားငှါးရမ်း သူတွေပါ အခက်အခဲတွေ့နေရတာပါ၊ အလုပ် ၊ ဝင်ငွေ နဲ့ ကျန်းမာရေးတွေ အခက်တွေ့နေလို့ အခုလို အိမ်အတွက်အသုံးဝင်မဲ့အရာလေး ထောက်ပံ့ပေးချင်လို့ပါ ၊

ဒါလေးတွေက ခင်ဗျားတို့ကို ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ် ၊ကျန်းမာရေး ဂရုစိုက်ကြပါ ၊ ဒါကို ကျွန်တော်တို့အတူကျော်လွှားနိုင်မှာပါဆိုပြီးတော့လဲ ရေးသားထားတဲ့ စာလေးကိုပါ ချန်ရစ်ထားခဲ့ပါသေးတယ်တဲ့ ။

တစ်ကယ့်ကို ကိုယ့်ရဲ့တိုက်ခန်းငှါးရမ်းသူတွေအပေါ် စာနာနားလည်ပေးမှု အပြည့်ရှိပြီး ၊ အကူအညီပေးတတ်တဲ့ အဆောက်အအုံပိုင်ရှင်တစ်ယောက်လို့ ပြောရမှာပါပဲနော် ။Credit

Add a Comment

Your email address will not be published. Required fields are marked *