နှစ်ပေါင်း ၁၀,၀၀၀ ရှိပြီဖြစ်တဲ့ Glyptodon သတ္တဝါကြီးရဲ့ဥ ကျောက်ဖြစ်ရုပ်ကြွင်းကို သူ့ရဲ့ လယ်ယာကွင်းထဲမှာ တွေ့ရှိခဲ့ရတဲ့ အမျိုးသား

နှစ်ပေါင်း ၁၀,၀၀၀ ရှိပြီဖြစ်တဲ့ Glyptodon သတ္တဝါကြီးရဲ့ဥ ကျောက်ဖြစ်ရုပ်ကြွင်းကို သူ့ရဲ့လယ်ယာကွင်းထဲမှာတင် တွေ့ရှိခဲ့ရတဲ့ အမျိုးသား

Jose Antonio Nievas အမည်ရှိအမျိုးသားဟာ Argentina နိုင်ငံ Buenos Aires မြို့ရဲ့တောင်ဘက် ၂၅ မိုင်အကွာရှိ သူ့ရဲ့လယ်ယာခြံကွင်းထဲမှ ဧရာမမျိုးဥကြီးတစ်လုံးရဲ့ရုပ်ကြွင်းကို တွေ့ရှိခဲ့တာပါ။Nievas က

ကြီးမားလွန်းတဲ့၎င်းမျိုးဥကို ဒိုင်နိုဆောမျိုးဥလို့ ထင်ခဲ့ပါသေးတယ်။သုတေသနသိပ္ပံပညာရှင်များဟာ Nievas ရဲ့ခြံကွင်းသို့သွားခဲ့ကြပြီး ၎င်းဥပုံသဏ္ဍာန်ရှိတဲ့အရာကို စစ်ဆေးခဲ့ရာမှာ ၎င်းရဲ့တောက်ပလွန်းတဲ့မျက်နှာပြင်ကြောင့် ၎င်းက

မျိုးဥမဟုတ်ဘဲ Ice Age ပါတွန်းဇာတ်ကားထဲကလို ရှေးရှေးခေတ်မှာနေထိုင်တည်ရှိခဲ့တဲ့ Glyptodonရဲ့ကြေးခွံသာ ဖြစ်တယ်လို့ သတ်မှတ်ခဲတာပ့။၎င်းသတ္တဝါဟာ လိပ်တစ်ကောင် (သို့) သင်းခွေချပ်တစ်ကောင်နဲ့ ပုံစံတူပါတယ်တဲ့။

၎င်းသတ္တဝါက လိပ်ထက် သင်းခွေချပ်နဲ့ ပိုမိုဆက်စပ်မှုရှိပေမဲ့လည်း Red Hot Awesome ရဲ့ Vlogအရ Glyptodon ကောင်များဟာ အစွမ်းထက်တဲ့သတ္တဝါများဖြစ်တဲ့အပြင် နှစ် ၁,၀၀၀ ခန့်အထိ နေထိုင်ကျက်စားနေနိုင်တဲ့အခွံမာသတ္တဝါများဖြစ်ကြောင်း ထို့ကဲ့သို့ ထောက်ပြထားခဲ့ပါတယ်နော်။

Nievas ရဲ့လယ်ယာမြေမှာရှိနေတဲ့နမူနာက ငယ်ရွယ်တဲ့ Glyptodon ကောင်သာဖြစ်ကြောင်းနှင့် ၎င်းရဲ့မာကျောတဲ့အခွံရှိအချို့သောအစိတ်အပိုင်းများက ကျိုးပဲ့နေခဲ့ပုံကိုကြည့်ခြင်းအားဖြင့် ၎င်းဟာ အခြားသော Glyptodon ကောင်နဲ့ တိုက်ခိုက်ခဲ့ပုံရကြောင်းကိုပါ ထောက်ပြခဲ့ပါတယ်နော်။ထို့နောက်

Nievas ဟာ ခြံထဲရှိ၎င်းအရာကြောင့် အတော်လေးကို သိများလာကာ social media များက မေးမြန်းမှုများပါ ပြုလုပ်ခဲ့ကြပါတယ်။၎င်းအရာကို ပထမဆုံးတွေ့ခဲ့ရစဉ်က Nievas ဟာ ဝမ်းသာစွာ အားတက်သရောဖြင့် မိသားစုဝင်များကို

၎င်းတို့ခြံမှာ ဒိုင်နိုဆောဥတစ်မျိုးကို တွေ့ခဲ့တယ်လို့ပြောခဲ့ကြောင်းကို Nievas ရဲ့မိသားစုဝင်များက ရယ်မောပြီးတော့ Nievas ပြောခဲ့တဲ့စကားအချို့ကို ပြန်ပြောပြခဲ့ပါတယ်နော်။Glyptodon များဟာ Ice Age အတွင်းမှာ နေထိုင်ခဲ့ကြတဲ့

ရှားပါးပြီး ရဲရင့်တဲ့သင်းခွေချပ် ကဲ့သို့သော သတ္တဝါများသာ ဖြစ်ပါတယ်။အန္တရာယ်များနဲ့ကြုံလာတဲ့အခါ Glyptodon များဟာ လိပ်များကဲ့သို့ပင် ၎င်းတို့ရဲ့ကြီးမားတဲ့ကြေးခွံထဲသို့ ပြန်လည်ဝင်ရောက်နေနိုင်ပါတယ်တဲ့။လိပ်များက

ခန္ဓာကိုယ်ထိပ်ပိုင်းနှင့်အောက်ပိုင်းဘက်မှာသာ အခွံမာများရှိပေမဲ့လည်း Glyptodon မှာတော့ ပျော့ပြောင်းတဲ့ underbellies များလည်း ပါရှိပါသေးတယ်နော်။Mia (kbdailynews)

Reference : rachfeed

Add a Comment

Your email address will not be published. Required fields are marked *