တန်ဖိုးကြီး ဇိမ်ခံကားတစ်စီးကို အကြွေစေ့နှင့်အကြွေစက္ကူများဖြင့် ဝယ်ယူခဲ့တဲ့ အမျိုးသား

တန်ဖိုးကြီး ဇိမ်ခံကားတစ်စီးကို အကြွေစေ့နှင့်အကြွေစက္ကူများဖြင့် ဝယ်ယူခဲ့တဲ့ အမျိုးသား

တရုတ်ပြည်မြောက်ပိုင်းမှ အမျိုးသား တစ်ဦးဟာ ဇိမ်ခံကားတစ်စီးအတွက် ငွေပေးချေရန် နည်းလမ်း အသစ်တစ်မျိုးကို ဖန်တီးခဲတာပ့။အဆိုပါ ဖောက်သည် အမျိုးသားဟာ တရုတ်နိုင်ငံ Henan ပြည်နယ် Zhengzhou မြို့ရှိ ကား

showroom ဆိုင်တစ်ဆိုင်မှာ Toyota Land Cruiser Prado တစ်စီးကို ဝယ်ရန်အတွက် ဒင်္ဂါးပြားအိတ်များနှင့် အနည်းဆုံးယွမ် ၄၀၀,၀၀၀ (ဒေါ်လာ ၅၈,၀၀၀) တန်ဖိုးရှိတဲ့အကြွေပိုက်ဆံတို့ကို အိတ်များဖြင့်

ယူဆောင်လာပြီးနောက်မှာ ဆိုင်ဝန်ထမ်းများဟာ ၎င်းပေးချေငွေများကို ၁၂ နာရီကြာ ရေတွက်ခဲ့ကြရတာပါ။ The Straits Times ၏ဖော်ပြချက်အရ အဆိုပါဖောက်သည်က ငွေပေးချေရန် အသုံးပြုခဲ့တဲ့ တန်ဖိုးအကြီးဆုံး အကြွေပိုက်ဆံရွက်က

၁ ယွမ်ရွက်တန်သာဖြစ်ပြီးတော့ တန်ဖိုးအနည်းဆုံး ဒင်္ဂါးပြားကတော့ ယွမ်ငွေ တစ်ဆယ်ပြားတန်သာဖြစ်ပါတယ်တြ့။ဒင်္ဂါးပြားအိတ်များက အလွန်လေးလံလွန်တာကြောင့် ကားဝယ်ယူရန် သွားနေတဲ့ခရီးမှာ အဆိုပါဖောက်သည်ရဲ့ကားဘီးပါ

ပေါက်သွားခဲ့ကြောင်း သတင်းများက ဖော်ပြထားပါသေးတယ်နော်။၎င်းနှင့်ပတ်သက်ပြီး ဆိုင်ဝန်ထမ်းတစ်ဦးက ကျွန်မ အခုထိ လက်တွေတုန်နေတုန်းဘဲ လို့ ပြောကြားခဲ့တာပါ။အဆိုပါဖောက်သည်ဟာ မုန့်ညက်ဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်ထားတာကြောင့် ဖောက်သည်များထံမှ အကြွေစေ့နှင့် အကြွေပိုက်ဆံများကို

ရရှိခဲ့ပုံရပါတယ်နော်။သူဟာ အခြားသောကုန်သည်များထံမှ ဇိမ်ခံကားကိုဝယ်ရန်ကြိုးစားသော်လည်း သူ့ရဲ့ထူးခြားလွန်းတဲ့ငွေပေးချေမှုပုံစံကြောင့် ငြင်းပယ်ခံခဲ့ရပါတယ်တြံ။ထို့အပြင် ဘဏ်များကလည်း ပိုမိုကြီးမားတဲ့ငွေစက္ကူများအတွက် ဒင်္ဂါးပြားများနှင့် ပိုက်ဆံအကြွေများကို လဲလှယ်​ပေးရန်

ငြင်းဆန်ခဲ့ကြတာပ့။ယခင်က အဆိုပါဖောက်သည်ဟာ ယွမ်င်္ဒဂါးပြားပေါင်း ၄၈၀,၀၀၀ တန်ဖိုးရှိတဲ့ ကားတစ်စီးကို အောင်မြင်စွာ ဝယ်ယူခဲ့ဖူးပါသေးတယ်နော်။အကြွေစေ့တွေကို ၁၂နာရီကြာ ရေတွက်ခဲ့ရတဲ့ဆိုင်ဝန်ထမ်းတွေကတော့

ရူးချင်စိတ်ပါပေါက်သွားချင်ခဲ့ကြရမှာဘဲဗျာ။၎င်းက အဆိုပါဖောက်သည်ရဲ့အမှားမဟုတ်ပါဘူး၊ အကြွေလဲပေးဖို့ငြင်းပြီး ဝန်ဆောင်မှုညံ့ဖျင်းခဲ့တဲ့ ဘဏ်တွေရဲ့အမှားလို့ဘဲ ဆိုရမှာပါနော်။

Mia (kbdailynews)

Reference : rachfeed

Tags:

Add a Comment

Your email address will not be published. Required fields are marked *