တစ်နှစ်ပြည့် Anniversary မှာ ချစ်သူကောင်လေးကို BMW ကားအသစ်၊ အိမ်အသစ်လေးနဲ့ လက်ထပ်ခွင့် တောင်းခဲ့တဲ့ အမျိုးသမီး

တစ်နှစ်ပြည့် Anniversary မှာ ချစ်သူကောင်လေးကို BMW ကားအသစ်၊ အိမ်အသစ်လေးနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသမီး

မကြာသေးမီက တရုတ်အမျိုးသမီးတစ်ဦးဟာ သူမရည်းစားကို တစ်နှစ်ပြည့် နှစ်ပတ်လည်ကာလအတွင်းမှာ လက်ထပ်ခွင့်တောင်းခဲ့တာပါ ။ ဒါပေမယ့်လည်း မိန်ကလေးဖြစ်သူက ယောကျာ်းလေးကို ဦးဆုံးကမ်းလှမ်းခဲ့တာကြောင့်

လူတိုင်းကိုအံ့အားသင့်စေရုံသာမက သူမဟာ BMW ကားအသစ်နဲ့ အိမ်အသစ်တစ်လုံးကိုလည်း ကမ်းလှမ်းခဲ့ပါတယ်နော် ။ AsiaOne ရဲ့အဆိုအရ Xiaojing အမည်ရှိ ၂၄ နှစ်အရွယ်အမျိုးသမီးဟာ ဒီဇိုင်းရေးဆွဲရေးနယ်ပယ်မှာ

အလုပ်လုပ်နေတာပါ ။ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ‌သူမရဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့တဲ့ တစ်နှစ်ပြည့်နှစ်ပတ်လည်ကာလအတွင်း သူမချစ်သူကို ကမ်းလှမ်းခဲ့တာပါနော် ။Xiaojing က သူမရဲ့ကောင်လေး Xiaoke ကို ပြပွဲခန်းမသို့ လာရန် ပြောခဲ့ပါတယ်နော် ။

Xiaoke ကလည်း သူမပြောတဲ့အတိုင်း အလွယ်တကူပြုလုပ်ခဲ့ပါတယ် ။ Xiaojing က ထိုအချိန်မှာ သူ့အတွက် ကြီးမားတဲ့ Surprise ပေးလိမ့်မယ်လို့ သူအနည်းငယ်မျှ သတိမပြုမိခဲ့ပါဘူးတဲ့ ။ သူဟာ ပြပွဲခန်းမသို့ရောက်တဲ့အခါ

Xiaojing က မင်္ဂလာဆောင်ဝတ်စုံနဲ့ ပန်းများဝန်းရံလျက် သူ့အတွက် ကြီးမားတဲ့ပန်းစည်းကို ကိုင်ဆောင်လာတဲ့ Xiaojing ကို တွေ့လိုက်ရတဲ့အခါ သူအံ့အားသင့်ခဲ့ရပါတယ်နေည် ။ ဒါတွေအားလုံးကိုကျွန်မ ပြင်ဆင်ခဲ့တယ် ။

ဒီမှာကားတစ်စီးနဲ့ အိမ်တစ်လုံးက ရှင့်အတွက် ရှင့်မှာငွေရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျွန်မအတွက်အရေးမပါဘူး ။ ရှင်နဲ့ အမြဲတမ်း အတူရှိနေချင်တာတစ်ခုဘဲ ကျွန်မအလိုချင်ဆုံးပါ ။ ကျွန်မကို လက်ထပ်ခွင့်ပြုပါလား လို့ Xiaojing က

သူကို ပန်းစည်းပေးတဲ့အချိန်မှာ မေးခဲ့ပါတယ်နော် ။အဲ့လောက်ထိ ကိုယ့်အပေါ်ချစ်မြတ်နိုးတဲ့ မိန်းကလေးကို ဘယ်သူကမှ လက်လွှတ်ချင်ဦးမှာလဲ ။ ဟုတ်ကဲ့ ,ကိုယ်လက်ထပ်ပါ့မယ်လို့ Xiaoke က ပြန်ဖြေလိုက်ပါတယ်နော် ။ ဒါပေမဲ့

အင်တာနက်အသုံးပြုသူတော်တော်များများက Xiaojing ဟာ Xiaoke ကို လက်ထပ်ခွင့်တောင်းတာက မသင့်လျော်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်နော် ။ ဒါပေမဲ့ ဒီမိန်းမပျိုရဲ့ရည်းစားက သူမအပေါ် အလေးထားပြီး အမြဲဂရုစိုက်တတ်သူဖြစ်ကြောင်း Xiaojing ပြန်လည်ပြောဆိုခဲ့တာပါ ။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *