အဘွားအိုရဲ့ ကားနောက်ကို ပျားအကောင် အုပ်စုလိုက် လိုက်ပါလာခဲ့တဲ့ အကြောင်းရင်းကို 2 ရက်အကြာမှ သိခဲ့ရတဲ့အဖြစ်

အဘွားအိုရဲ့ ကားနောက်ကို ပျားအကောင် အုပ်စုလိုက် လိုက်ပါလာခဲ့တဲ့ အကြောင်းရင်းကို 2 ရက်အကြာမှ သိခဲ့ရတဲ့အဖြစ်

၆၈ နှစ်အရွယ် Carol Howarth လို့ခေါ်သော အဖွားက သူမရဲ့ကားကို Wales နိုင်ငံက Haverfordwest မြို့လယ်မှာ ကားခနရပ်ထားပြီးတော့ အနီးအနားက Supermarket မှာ ဈေးဝယ်ထွက်ခဲ့တာပါ ။

ဒါပေမဲ့ သူမ ရပ်ထားတဲ့ကားဆီပြန်လာတဲ့အခါမှာ ကားရဲ့အနောက်ဘက်က ထောင်ပေါင်းများစွာသောပျားတွေဖုံးလွှမ်းနေတာကို တွေ့မြင်ခဲ့ပြီး ထိတ်လန့်သွားခဲ့ပါတယ်နော် ။ ကျေးဇူးတင်စရာမှာ ပျားမွေးမြူသူသုံးဦး၊ အမျိုးသားဥယျာဉ်မှူးတစ်ဦး နဲ့ြ

ပည်သူများအပါဝင် ကယ်ဆယ်ရေးအဖွဲ့တွေက ပျားတွေကို ဖမ်းဆီးပြီးတော့ အထူးပျားမွေးမြူသူတွေက သေတ္တာထဲမှာ ချုပ်ထားခဲ့လိုက်ပါတယ်တဲ့ ။သူမအိမ်ပြန်ပြီး နောက်တစ်နေ့မှာ သူမရဲ့ကားကို ပျားအကောင် ၂၀၀၀၀ လောက်

ထပ်မံဖုံးထားခဲ့တာကြောင့် Mrs Howarth က ပျားမွေးမြူသူတွေကို ထပ်မံပြီး ခေါင်ဆောင်ကာ ဖမ်းဆီးစေခဲ့ပါတယ်နော် ။ ဒုတိယအဖြစ်အပျက်ပြီးနောက် ပျားမွေးမြူသူတစ်ဦးက ပျားမိဖုရားက Mrs Howarth ရဲ့ ကားထဲမှာ

ပိတ်မိနေတာဖြစ်နိုင်တယ် လို့ သံသယဖြစ်မိခဲ့ပါတယ်နော် ။ ပျားတွေက သူတို့ရဲ့မိဖုရားကို ဘယ်နေရာမှာမဆို ရှာဖွေနိုင်ဒါကြောင့် ၎င်းဟာအမှန်လို့ ကျွန်မထင်တယ် ဆိုပြီးတော့ အဖွားက ပြောကြားခဲ့ပါတယ် ။ ဖြစ်ကောင်းဖြစ်နိုင်မဲ့အဖြေကရှိနေသော်လည်း

Mrs Howarth က အများကြီးတွေးမနေတော့ဘဲသူတို့ရဲ့ မိဖုရားကို ဘာလို့မရှာတွေ့နိုင်တာလည်းဆိုတာကို ငါနားမလည်တော့ဘူး ။ သူတို့က ငါ့ကားရဲ့ အပူကို ကြိုက်နှစ်သက်ပုံရတယ် လို့ အင်တာဗျူးမှာ နောက်ဆုံး ပြောကြားခဲ့ပါတယ်နော် ။

မျှော်လင့်ချက်များအရ ပျားတွေက သူတို့ရဲ့ပျောက်ဆုံးနေတဲ့ မိဖုရားကို အမြန်ဆုံးရှာတွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော် ။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *