အငှား ကိုယ်ဝန်ဆောင်ကာ ကလေး ၁၀၀ ဦးအထိ ရယူဖို့ ကြိုးစားနေတဲ့ သန်းကြွယ်ဇနီးမောင်နှံ

အငှားကိုယ်ဝန်ဆောင်ကာ ကလေး ၁၀၀ ဦးအထိ ရယူဖို့ ကြိုးစားနေတဲ့ သန်းကြွယ်ဇနီးမောင်နှံ

အသက် ၂၃ နှစ်အရွယ် Christina Ozturk ဟာ အသက် ၅၆ နှစ်အရွယ် သန်းကြွယ်သူဌေး Galip Ozturk နဲ့ လက်ထပ်ထားတာဖြစ်ပါတယ်။ သူမတို့ဇနီးမောင်နှံဟာ အငှားကိုယ်ဝန်ဆောင်တွေနဲ့ ကလေး ၁၀၀ ဦးအထိ ရယူဖို့ စိတ်ကူးထာတာပါ။ ဒီအတွက် စုစုပေါင်း ပေါင် ၈ သိန်းအထိ

အကုန်အကျခံသွားမှာဖြစ်ပါတယ်နော်။လက်ရှိမှာတော့ ကလေး ၁၀ ဦးနဲ့ နောက်ဆုံးရရှိထားတဲ့ တစ်ဦးဖြစ်တဲ့ Olivia တို့ရှိနေပါပြီ၊ သူက ပြီးခဲ့တဲ့လကမှ ကျွန်မတို့ဘဝထဲကိုရောက်လာခဲ့တာပါ၊ လွန်ခဲ့တဲ့ခြောက်နှစ်က သမီးအကြီးဆုံး Vika ကို

ကျွန်မကိုယ်တိုင်မွေးဖွားခဲ့ပါတယ်၊ ကျန်တဲ့ကလေးတွေအားလုံးကတော့ ကျွန်မနဲ့ ကျွန်မခင်ပွန်းတို့ရဲ့ မျိုးရိုးဗီဇဆိုင်ရာကလေးတွေဖြစ်ပြီး အငှားကိုယ်ဝန်ဆောင်ခဲ့တာပါလို့ သူမက Newsflash သတင်းဌာနကို ပြောခတာပ့။သူတို့နှစ်ဦးဟာ

ကလေးငယ်ပေါင်း ၁၀၅ ဦးအထိ ရယူလိုတဲ့အကြောင်းကို သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီကိန်းဂဏန်းကလည်း ကျပန်းကိန်းဂဏန်းသာဖြစ်ပြီး ဘယ်လောက်ထိများများရရှိနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်လို့တော့ ဝန်ခံခဲ့ပါတယ်နော်။နောက်ဆုံးဘယ်လောက်ထိ

ရလာမလဲဆိုတော့ မသိဘူး၊ ဒါပေမယ့် ဆယ်ယောက်တည်းနဲ့တော့ ရပ်တန့်မသွားချင်ပါဘူးလို့ ကလေးတွေကို အရူးအမူးဖြစ်နေတဲ့ မိခင်ဖြစ်သူက ဆိုပါတယ်နော်။ ဘယ်လောက်ထိ ယူမလဲဆိုတာ အခုချိန်မှာပြောဖို့တော့ အသင့်မဖြစ်သေးပါဘူး၊ ဘာမဆိုဖြစ်သွားနိုင်ပါတယ် လို့ သူမက ထပ်ပြောခဲ့ပါတယ်နေယ်။

သူမရည်မှန်းထားသလိုမျိုး အသက် ၃၀ နှစ်အတွင်းမှာ ကလေး ၁၀၀ ဦးအထိ ရရှိဖို့ဆိုရင် လာမယ့် ၇ နှစ်အတွင်း တစ်နှစ်ကို ကလေး ၁၂ဦးအထိ မွေးဖွားရမှာလည်းဖြစ်ပါတယ်။သူတို့ကတော့ ဂျော်ဂျီယာနိုင်ငံမှာနေထိုင်နေတာဖြစ်ပြီး

အငှားကိုယ်ဝန်ဆောင်ကာ ကလေးမွေးဖွားမှုက တရားဝင်အဖြစ်သတ်မှတ်ထားပြိး တစ်ဦးအတွက် ယူရို ၈၀၀၀ အထိ ကုန်ကျတယ်လို့ The Sun က ဆိုပါတယ်။မော်စကိုမှာမွေးဖွားခဲ့တဲ့ Christina ဟာ ကလေးတစ်ဦးအမေဖြစ်ပြီးတော့ အားလပ်ရက်မှာ ကမ်းခြေမြို့တစ်မြို့ဆီ အလည်အပတ်သွားရင် Galip နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ကလေး ၁၀ ဦးအထိ အငှားကိုယ်ဝန်ဆောင်ကာ မွေးဖွားခဲ့ပြီးနောက်မှာ နောက်ထပ်လိုချင်နေကြတပါ။ သူတို့နှစ်ဦးရဲ့မျိုးရိုးဗီဇကို ရယူကာ အငှားကိုယ်ဝန်ဆောင်ပေးမယ့်သူအတွက် တရားဝင်စာရွက်စာတမ်းတွေက မရှိမဖြစ်လိုအပ်မှာပါ။

အငှားကိုယ်ဝန်ဆောင်သူတွေအတွက် Batumi က ဆေးခန်းတစ်ခုက တာဝန်ယူဆောင်ရွက်ပေးပေမယ့် Christina ကတော့ အစားအသောက်နဲ့ပတ်သက်ပြီး သူမကိုယ်တိုင် အကြံပေးထိန်းချုပ်မှုတွေကို ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်နော်။

ကမ္ဘာပေါ်မှာ အကြီးမားဆုံးမိသားစုကို ဖန်တီးဖို့အိပ်မက်ကို နှစ်ဦးစလုံးက အကောင်အထည်ဖော်ချင်နေတာဖြစ်ပေမယ့်လည်း တစ်နှစ်ကို ကလေးငါးဦးနှုန်းနဲ့ ရယူမယ်ဆိုရင်တောင် နှစ်ပေါင်း ၂၀ အထိတော့ ကြာမြင့်မှာပါ။therivernewstrn

Tags:

Add a Comment

Your email address will not be published. Required fields are marked *