အရိုးရှင်းဆုံးသော လုပ်ရပ် တစ်ခုတည်းနဲ့ ကိုယ်ဝန်ဆောင်သည် ဇနီးကို အပျော်ရွှင်ဆုံးဖြစ်စေခဲ့တဲ့ အမျိုးသား

အရိုးရှင်းဆုံးသော လုပ်ရပ်တစ်ခုတည်းနဲ့ ကိုယ်ဝန်ဆောင်သည်ဇနီးကို အပျော်ရွှင်ဆုံးဖြစ်စေခဲ့တဲ့ အမျိုးသား

ယနေ့ ခေတ်ကာလမှာ စမတ်ဖုန်းနှင့် လိုင်းကောင်းတဲ့ အင်တာနက်ရှိနေရုံနဲ့ သင့်ရဲ့အိမ်မှာဘဲနေပြီးတော့ သင်လုပ်ချင်တာကို အေးဆေးလေး လုပ်နိုင်ပါပြီ။သို့ပေမဲ့ အမျိုးသမီးတစ်ဦး ကတော့ ခင်ပွန်းဖြစ်သူရဲ့ဖုန်းထဲက google app ရှိ

search history မှာ ဖခင်ကောင်းတစ်ဦးဖြစ်ရန် နည်းလမ်းများဆိုတဲ့ search များကို စစ်ဆေးတွေ့ရှိ လိုက်ရပြီးနောက် သူမဟာ အတော်လေး စိတ်ပျော်ရွှင်သွားခဲ့ ရပါတယ်တဲ့။Jheoñela Shammah Lopez အမည်ရှိတဲ့

အဆိုပါ အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူ Mark Arvince Galgana DiCaprio ရဲ့ဖုန်းကို စစ်ဆေးကြည့်နေ တုန်းမှာဘဲ ၎င်းကို ရှာဖွေတွေ့ ရှိခဲ့ရပါတယ်။ခင်ပွန်းဖြစ်သူဟာ google မှာ ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာလိုအပ်လဲ

ဖခင်ကောင်း တစ်ယောက်နှင့် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ဖို့ ဘာလိုအပ်လဲ ကိုယ်ဝန်သည် ဇနီးကို ဘာလို့ စောင့်ရှောက်သက့်လဲ စတဲ့ တူညီတဲ့ မေးခွန်းတွေကို ထပ်ခါ ထပ်ခါ မေးမြန်းရှာဖွေထားခဲ့ပါတယ်တဲ့။ခင်ပွန်းဖြစ်သူဟာ တကယ်လည်း

ခင်ပွန်းကောင်းတစ်ဦးနှင့်ဖခင်ကောင်းတစ်ဦးဖြစ်ဖို့ကို အကောင်းဆုံးကြိုးစားချင်တာကြောင့် အင်တာနက်ရဲ့အကြံဥာဏ်ကို ယူဖို့ ကြိုးစားနေခဲ့ပုံရပါတယ်နော်။ဖခင်ကောင်းတစ်ဦးဖြစ်ဖို့ နည်းလမ်းများစွာ ရှိနေပြီးတော့ ၎င်းအတွက်

မည်သည့်နည်းလမ်းများကိုမှ တိတိကျကျ သတ်မှတ်ထားခြင်းမရှိသေးပါဘူး။သို့ပေမဲ့ ဖခင်ကောင်းတစ်ဦးဖြစ်ဖို့အတွက် ရိုးရှင်းတဲ့အချက်ကလေးတွေကတော့ သင်ဟာ ကလေးရဲ့စံပြပုဂ္ဂိုလ်ဖြစ်နေပါစေ

သင်ဟာ ကလေးရဲ့ဆရာတစ်ယောက်လို ဖြစ်နေပါစေ ၊ ချစ်ခြင်းမေတ္တာနှင့် အပြုသဘောဆောင်တဲ့ အုပ်ထိန်းမှုပုံစံ ရှိပါစေ ၊ ကလေးထံမှ နားထောင်တတ်ပါစေ ၊ မိသားစုလိုက်

ထမင်းအတူတူစားတတ်ပါစေ နှင့် သင့်ရဲ့ကလေးနှင့်အတူ အချိန်ဖြုန်းတတ်ပါစေ စတဲ့ နည်းလမ်းလေးများအပြင် အခြားသောနည်းလမ်းများလည်း များစွာရှိနေပါတယ်နော်။

Mia (Mckzone Daily)

Source : rachfeed

Tags:

Add a Comment

Your email address will not be published. Required fields are marked *