ဆိုင်ကယ်ကို အရှိန်တင်မောင်းခဲ့တဲ့ ဆယ်ကျော်သက် ကောင်လေးအတွက် မွေးနေ့ကိတ် တစ်လုံး ဝယ်ပေးခဲ့တဲ့ ရဲအရာရှိ

ဆိုင်ကယ်ကို အရှိန်တင်မောင်းခဲ့တဲ့ ဆယ်ကျော်သက် ကောင်လေးအတွက် မွေးနေ့ကိတ်တစ်လုံး ဝယ်ပေးခဲ့တဲ့ ရဲအရာရှိ

ထိုင်းသတင်း ဝက်ဘ်ဆိုက်ရဲ့အဆိုအရတော့ ထိုင်းနိုင်ငံရှိ ရဲအရာရှိ တပ်ဖွဲမှူးတစ်ဦးဖြစ်တဲ့ တပ်ကြပ် Kanokpan Puttapong ဟာ ဆိုင်ကယ်ကို အရှိန်မလျော့ဘဲ လျင်မြနစွာမောင်းနှင်မှုကြောင့် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အား

ဖမ်းဆီးခဲ့ပါတယ်တဲ့။သို့သော် ရဲအရာရှိဟာ အဆိုပါဆယ်ကျော်သက်အား ဖမ်းဆီးလက်မှတ်ထုတ်မပေးခင်မှာဘဲ အဆိုပါဆယ်ကျော်သက်ဟာ ရုတ်တရက် မျက်ရည်ကျကာ ငိုပါတော့တယ်တဲ့။ထို့နောက် ရဲအရာရှိဟာ အဆိုပါဆယ်ကျော်သက်ရဲ့

စိတ်ခံစားချက်ပေါက်ကွဲမှုကို အံ့အားသင့်သွားခဲ့တာကြောင့်ဘဲ ဘာဖြစ်တာလဲလို့ ကောင်လေးကို မေးခဲ့ပြီး အဆိုပါဆယ်ကျော်သက်ကောင်လေးကလည်း သူ့ကို ဖွင့်ပြောခဲ့ပါတယ်နော်။ကြည့်ရသည်မှာ ထိုနေ့ဟာ အဆိုပါဆယ်ကျော်သက်ရဲ့မွေးနေ့ဖြစ်နေပေမဲ့

မိသားစုဖြစ်သူများက သူ့ရဲ့မွေးနေ့ကိုဂရုမစိုက်ဟန်မတူသည့်အတွက် ကောင်လေးဟာ အလွန်ဝမ်းနည်းနေခဲ့တာပါ။ထို့ကြောင့် အဆိုပါကောင်လေးဟာ မိသားစုထံမှ လျစ်လျူရှုခံလိုက်ရပြီးနောက် အိမ်မှ ထွက်ပြေးလာခဲ့ပြီးတော့ စိတ်ခံစားချက်များ

ပွင့်ထွက်သွားအောင် ညသန်းခေါင်ချိန်မှာ မော်တော်ဆိုင်ကယ်ကို အရှိန်တင်မောင်းခဲ့ပုံရပါတယ်နော်။ထို့နောက် ရဲအရာရှိဟာ အဆိုပါကောင်လေးအတွက် ဖမ်းဆီးလက်မှတ်ပေးခြင်းထပ် ပိုကောင်းတဲ့အရာကို သိနေခဲ့တာကြောင့်ဘဲ အနီးဆုံး

စတိုးဆိုင်တစ်ဆိုင်သို့ သွားကာ cake တစ်ခုကို ဝယ်လာပေးခဲ့ပါတယ်တဲ့။ထို့ပြင် ရဲအရာရှိဟာ အဆိုပါကောင်လေး မွေးနေ့ဆုတောင်းနိုင်ဖို့ cake မှာ ဖယောင်းတိုင်များကိုပါ ထွန်းထားပေးလိုက်ပါသေးတယ်နော်။ပြီးခဲ့တဲ့လက Facebook ပေါ်မှာ

တင်ခဲ့တဲ့အဆိုပါဗီဒီယိုထဲမှာတော့ အဆိုပါကောင်လေးဟာ ရဲအရာရှိ Kanokpan က သူ့ကို ကြည့်နေစဉ်အတွင်းမှာဘဲ သူဟာ cake ကို ဝမ်းသာစွာ ယူစားနေခဲ့ပါတယ်။ထို့နောက် အဆိုပါကောင်လေးဟာ နောက်ပိုင်းမှာတော့

warning ပေးခံရပြီးနောက်မှာဘဲ ပြန်လွှတ်သွားခဲ့ပါတယ်တဲ့။အဆိုပါအဖြစ်အပျက်ဟာ ရဲအရာရှိအတွက် ရိုးရှင်းတဲ့အပြုအမူတစ်ခုလို့သာ ထင်ရပေမဲ့ ၎င်းအပြုအမူဟာ

ကောင်လေးအတွက် အိမ်မှာ ကြမ်းတမ်းလှတဲ့တစ်နေ့တာကို ဖြတ်ကျော်ရပြီးနောက် သူ့အားပြန်ပြုံးလာအောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်နော်။Mia (kbdailynews)

Reference : goodtimes

Add a Comment

Your email address will not be published. Required fields are marked *