အမြွှာညီအစ်မနှစ်ဦး မွေးကင်းစ အရွယ်ကတည်းက ကွဲကွာနေပြီး ၃၆ နှစ်ကျော်ကြာမှ ပြန်လည်ဆုံဆည်းနိုင်ခဲ့တဲ့ အဖြစ်

အမြွှာညီအစ်မနှစ်ဦး မွေးကင်းစအရွယ်ကတည်းကကွဲကွာနေပြီး ၃၆ နှစ်ကျော်ကြာမှ ပြန်လည်ဆုံဆည်းနိုင်ခဲ့တဲ့ အဖြစ်

တရုတ်နိုင်ငံမှာနေထိုင်တဲ့ Wang Hui နဲ့ Wu Lu အမည်ရှိတဲ့ အမြွှာအမျိုးသမီးနှစ်ဦးဟာ ရာအရာရှိတစ်ဦးရဲ့ အကူအညီကြောင့်ဘဲ 36 နှစ်အကြာမှ ပြန်ဆုံဆည်နိုင်ခဲ့ပါတယ်တဲ့ ။

သတင်းအရ သူတို့အမြွှာနှစ်ယောက် မွေးဖွားပြီးတော့ 16 ရက်အကြာမှာ တစ်မြို့ထဲမှာနေထိုင်တဲ့ မိသားစုနှစ်ခုဆီသို့ မွေးစားဖို့အတွက် ရောက်ရှိသွားခဲ့ရတာပါ ။ သူတို့အမြွှာနှစ်ဦးကတော့ သိတတ်တဲ့အရွယ်ကတည်းကစပြီး တစ်ယောက်နဲ့တစ်ယောက်

ရှာဖွေနေခဲ့ကြတာပါနော် ။ Wang Hui ဟာ ဘတ်စ်ကားသမားတစ်ယောက်အနေနဲ့ အလုပ်ဝင်လုပ်ရင်း Zang Hangen အမည်ရှိတဲ့ ရဲအရာရှိတစ်ဦးထံ သူမရဲ့ပျောက်ဆုံးနေတဲ့အမြွှာညီမအကြောင်းကို ပြောပြခဲ့ပါတယ်တဲ့

။Wang ဟာ သူမရဲ့ညီမဖြစ်သူက တစ်မြို့ထဲမှာရှိနေမှန်း ယုံကြည်နေခဲ့ပါတယ်နော် ။ ဘာလို့ဆိုတော့ သူမနဲ့ရုပ်ချင်းဆင်တူသူကို တွေ့ဖူးလေ့ရှိကြောင်း ခရီးသည်တွေက သူမကိုပြောပြခဲ့လို့ပါပဲတဲ့။ အဆိုပါအကြောင်းကိုကြားပြီး ရဲအရာရှိမှာလည်း

တစ်မြို့ထဲ Wang နဲ့ မွေးနေ့မွေးရက်သူတဲ့ အမျိုးသမီး 280 ကျော်ကို ရှာဖွေခဲ့ပါတယ်နော် ။ ဒါ့အပြင် အဆိုပါအမျိုးသမီး 150 ကျော်ရဲ့ ဓာတ်ပုံကိုကြည့်ပြီး Wang နဲ့ ရုပ်ချင်းဆင်တူတဲ့သူကို ရှာဖွေခဲ့ပါတယ် ။ အဲ့အချိန်မှာပဲ Wang နဲ့

ရုပ်ချင်းအရမ်းဆင်တူတဲ့ Wu Lu ကို တွေ့ရှိခဲ့ပြီး ဆက်သွယ်ခဲ့ရာ Wang ရဲ့ တစ်ကယ့်အမြွှာညီမဖြစ်နေခဲတာပါ ။၎င်းတို့ညီအစ်မနှစ်ဦးဟာ နေထိုင်တဲ့ ပတ်ဝန်းကျင်က နီးကပ်နေပေမဲ့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံကြုံတွေ့ခွင့် မရခဲ့ကြတာပါ ။

Wu Lu ကလည်း အစ်မဖြစ်သုကို အမြဲရှာဖွေနေသူပါ ။ ညီအစ်မနှစ်ယောက် ပြန်ဆုံဆည်းခွင့်ရလို့ ရဲစခန်းမှာ ပွေ့ဖက်ပြီး ပျော်ရွှင်လွန်းလို့ ငိုခဲ့ကြတာပါ။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *