ပျက်စီးနေတဲ့ လမ်းမပေါ်ရှိ ရွှံ့အိုင်ထဲမှာ ရေချိုးပြကာ လမ်းတွေပြုပြင်ပေးအောင် တာဝန်ရှိသူတွေကို ဆွဲဆောင်ခဲ့တဲ့ TikToker တစ်ဦး

ပျက်စီးနေတဲ့လမ်းမပေါ်ရှိ ရွှံ့အိုင်ထဲမှာ ရေချိုးပြကာ လမ်းတွေပြန်လည်ပြုပြင်ပေးအောင် တာဝန်ရှိသူတွေကို ဆွဲဆောင်ခဲ့တဲ့ TikToker တစ်ဦး

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ @ suksusasn25 အမည်ရှိ TikToker တစ်ဦးဟာ ထိုင်းနိုင်ငံ Ayutthaya ရှိ လမ်းမကြီးပေါ်ရှိရေအိုင်ထဲမှာ သူကိုယ်တိုင်ရေချိုးနေခဲ့တဲ့ဗီဒီယိုတစ်ခုကို တင်ခဲတာပါ။ထို့နောက်

သူဟာ အဆိုပါဗီဒီယိုအား Facebook ပေါ်မှာ ပြန်လည်မျှဝေကာ ထိုင်းနိုင်ငံရှိသယ်ယူပို့ဆောင်ဝန်ကြီးဌာနရဲ့Facebook page ကိုပါ tag တွဲခဲ့ပါသေးတယ်တဲ့။ရက်အနည်းငယ်အကြာမှာတော့ တရားဝင်ကိုယ်စားလှယ်တစ်ဦးဟာ ဆောက်လုပ်ရေးလုပ်သားနှင့်အတူ ထိုနေရာသို့ရောက်ရှိလာခဲ့ပြီးတော့

၎င်းလမ်းအား ခေတ္တယာယီပြင်ဆင်ထားခဲ့ပါတယ်တဲ့။အဆိုပါဗီဒီယိုအား ရိုက်ကူးခဲ့တဲ့ အမျိုးသားက လမ်းပေါ်မှာရှိတဲ့ရွှံ့အိုင်ရေချိုးကန်ရဲ့ review လို့ဆိုကာ ထိုကဲ့သို့ caption တပ်ခဲ့ပါတယ်။သူဟာ ထဘီအား ရင်ဘက်ပေါ်ထိရစ်ပတ်ကာ ခွက်လေးဆွဲရင်း

စိတ်လှုပ်ရှားစွာဖြင့် အိမ်မှာ မီးပျက်တာ ဒါမှမဟုတ် အိမ်မှာ ရေမရှိတဲ့အခါကျ့ရင် ဒီပျက်စီးနေတဲ့လမ်းပေါ်က ရွှံ့အိုင်မှာ ရေလာချိုးလို့ရနေတာပဲဟု ဗီဒီယိုရဲ့အစမှာပြောတာပါ။ထို့နောက် သူဟာ ရွှံ့အိုင်ထဲသို့ ထိုင်ချလိုက်ပြီး ခွက်ဖြင့် ရွှံ့ရေကို

ခွက်ချိုးနေရင်း တွေ့လား၊ ဒီနည်းနဲ့ တိုင်းပြည်ကို ကူညီရင်း ရေကို ချွေတာလို့ရပြီ လို့ ထပ်ပြောတာပါ။ထို့နောက် အချိန်အနည်းငယ်အကြာမှာတော့ သူဟာ သူ့ရှေ့မှဖြတ်သန်းသွားတဲ့ကုန်တင်ကားနှစ်စီးအား ဒီလမ်းမှာ အခုလို အပေါက်ဖြစ်နေတာတွေ

အများကြီး လို့ လှမ်းပြောနေခဲ့တာကို တွေ့ရမှာပါ။ထို့အပြင် အဆိုပါ TikToker က ၎င်းလမ်းရဲ့ဆောက်လုပ်ရေးကုန်ကျစရိတ်ဟာ ฿ 103,000,000 (ဒေါ်လာ 3,154,670) ကုန်ကျပြီး ၎င်းလမ်းက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ

ဆောက်လုပ်ပြီးစီးခဲ့သည့်အကြောင်းကို သူ့ရဲ့ပရိသတ်များအား ပြောပြနေခဲ့ပါတယ်တဲ့။လမ်းပြင်တဲ့ထိုအချိန်မှစပြီး ယခုထိ လမ်းကြားတွေမှာ လမ်းပြုပြင်မှုများပြုလုပ်ခဲ့သော်လည်း ယခုလို တွင်းပေါက်များ ရှိနေသေးကြောင်းကို ထပ်မံပြောပြခဲ့ပါသေးတယ်နော်။

Facebook page မှာ tag တွဲခံရပြီးနောက် Ayutthaya ရဲ့ပြည်နယ်ရုံးမှ တာဝန်ရှိသူများဟာ ၎င်းလမ်းမကြီးအား စစ်ဆေးရန် သွားရောက်ခဲ့ကြကြောင်း Spring News သတင်းက ဇူလိုင်လ ၁၃ ရက်နေ့မှ

ာ ဖော်ပြထားခဲ့ပါတယ်နော်။ထို့နောက် Phra Nakhon Si Ayutthaya မြို့ရဲ့ကျေးလက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး Mr. Surin Kakaro က ၎င်းပြဿနာကို ယာယီလျော့ပါးသွားစေရန် ပြန်လည်ပြင်ဆင်မှုများပြုလုပ်သွားမည်ဟု

ပြောကြားခဲ့ပါတော့တယ်။ထို့နောက် အင်တာနက်အသုံးပြုသူများစွာက ရွှံ့ရေကို ခွက်ချိုးရင်း အများအကျိုးအတွက် ထိပ်ဆုံးက ဦးဆောင်ပေးခဲ့တဲ့ အဆိုပါ TikToker အား ကျေးဇူးအထူးတင်ရှိကြောင်း ပြောဆိုနေခဲ့ကြပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *