တစ်နေကုန်လုံး ကမာကောင်တွေ ချည်းသာ ဖမ်းမိခဲ့ပေမဲ့လည်း မထင်ထား လောက်အောင် ကံကောင်းသွားခဲ့တဲ့ တံငါသည် အဘိုးအို

တစ်နေကုန်လုံး ကမာကောင်တွေ ချည်းသာ ဖမ်းမိခဲ့ပေမဲ့လည်း မထင်ထား လောက်အောင် ကံကောင်းသွားခဲ့တဲ့ တံငါသည် အဘိုးအို

တရုတ်နိုင်ငံ၊ ယူနန်က အဘိုးကြီးတစ်ဦးက ဈေးကွက်မှာ ငါးတွေကို ရောင်းချခြင်းအားဖြင့် အသက်မွေးဝမ်းကျောင်း ရှာဖွေ နေရတာပါ။ အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ Liu ဟာ တံငါသည် တစ်ယောက်ဖြစ်ပြီး တစ်သက်လုံးငါးဖမ်း

အလုပ်လုပ် စားနေတာ ပါနော် ။ အဘိုးဟာ အသက်ကြီးတာကြောင့်ဘဲ မြစ်ဝမှာသာ ပိုက်ကွန်ချနိုင်ခဲ့တာပါ ။ တစ်နေ့မှာ အဘိုးငါးဖမ်းထွက်သွားပြီး ကမာကောင် အချို့ ဖမ်းရန် သူ့ရဲ့ ပိုက်ကွန်ကို

မြစ်ပေါ်ပစ်ချ လိုက်ပါတယ်နော် ။ တစ်နေ့တာ ကုန်ဆုံးချိန်မှာတော့ အဘိုးဟာ ဖမ်းမိတဲ့ ပိုက်ကွန်ကို ဆွဲထုတ် လိုက်ပါတယ်နော် ။ပိုက်ကွန်ထဲမှာ ငါးတွေအစား အဘိုးက ကမာကောင်ကြီးတွေ ကိုသာ

ဖမ်းဆီးနိုင်ခဲ့ပါတယ်တဲ့ ။ Liu က သူရဲ့ဖမ်းဆီးရ မိမှုကို စိတ်ပျက်မိကြောင်းနဲ့ သူဟာ ကမာများကို အိမ်သို့ ယူပြန်ခဲ့ပါတယ်နော် ။ အနည်းဆုံးတော့ ကမာတွေကို သူ့မိသားစု အတွက် အစာစားနိုင်အောင် သူလုပ်ပေးနိုင်တယ်လို

့ အဘိုးက ထင်ခဲ့ပါတယ်နော်။ အိမ်ရောက်တော့ ကမာကို ချက်ဖို့ လုပ်တဲ့အခါမှာ ယခင်က ဖမ်းမိခဲ့တဲ့ ကမာနဲ့ မတူဘဲ ကမာအတွင်းမှာ ရေချိုပုလဲတွေ ဆယ်ပုံတစ်ပုံပါရှိနေခဲ့ပါတယ်နော် ။

ကမာကောင်အတွင်းမှာ ပုလဲအမြောက်အမြားကို သူကပထမဆုံးတွေ့ခဲ့တာလို့ Liu ကပြောကြားခဲ့ပါတယ်နော်။ ကံကောင်းတာက Liu ဟာ အခုတော့ပုလဲတွေကို ရောင်းဖို့ပဲလိုပါတော့တယ် ။ အဘိုးအို တကယ်ကို ကံကောင်းပါပေတယ်နော် ။

JRose (kbdailynews)

Reference : gtgoodtimes

Add a Comment

Your email address will not be published. Required fields are marked *