အသက် ၉၇ နှစ်အရွယ်မိခင် ရောဂါသည် ကို တစ်ယောက်တည်း မချန်ထားရစ်ရက်လို့ နေ့စဉ်အလုပ်သို့ အတူခေါ်ဆောင်သွားလေ့ရှိတဲ့ အမျိုးသား

အသက် ၉၇ နှစ်အရွယ်မိခင် ရောဂါသည် ကို တစ်ယောက်တည်းမချန်ထားရစ်ရက်လို့ နေ့စဉ်အလုပ်သို့ အတူခေါ်ဆောင်သွားလေ့ရှိတဲ့ အမျိုးသား

ကျွန်တော်တို့ အားလုံး အသက်အရွယ်ရ လာတာနဲ့အမျှ ငယ်ငယ်တုန်းက ကျွန်တော် တို့ကို ဂရုစိုက်လာတဲ့ မိဘတွေ ကို ပြန်လည်ကြည့်ရှုစောင့်ရှောက်ဖို့ ဟာ ကျွန်တော်တို့မှာ တာဝန်ရှိတာပါနော် ။ ယခုအမျိုးသားဟာ

အလုပ်ကို အချိန်ဇယား ဆွဲနေစဉ် သူ့ရဲ့တာဝန်ကို လည်း ထမ်းဆောင်နေခဲ့တာပါ ။ Sichuan ပြည်နယ်မှ အသက် ၅၂ နှစ်အရွယ် Cai Yujun အမည်ရှိ အမျိုးသားဟာ စိတ်ဖော်ပြန်မှုခံစားတက်တဲ့ ၉၂ နှစ်အရွယ် မိခင်ကို ပြုစုစောင့်ရှောက်နေပါတယ်နော် ။

သူမရဲ့ အခြေအနေက ပိုမိုဆိုးရွားလာတာကြောင့် သူမကို တစ်ယောက်တည်းထားခဲ့ဖို့ လုံခြုံမှုမရှိတော့ပါဘူး ။ Yujun နဲ့ သူ့ ဇနီးနှစ်ယောက်စလုံးက သူတို့အမေရဲ့ အခြေအနေဟာ အမြဲတမ်းနိုးနိုးကြားကြားရှိဖို့ လိုအပ်တယ်လို့

ထင်ခဲ့ပါတယ်နော် ။ဒါကြောင့် အကောင်းဆုံးလုပ်ဆောင်မှုက သူ့အမေကို အလုပ်သို့ ခေါ်ဆောင်ရန်ဖြစ်ပါတယ်တဲ့။ Yujun က သယ်ယူပို့ဆောင်ရေးသမားအဖြစ် အလုပ်လုပ်ပါတယ်တဲ့ ။ သူ‌ဟာ မိခင်နဲ့ အဆင်ပြေရန်

မော်တော်ဆိုင်ကယ်ကို ပြုပြင်ဖို့ဆုံးဖြတ်ခဲ့ပြီး သစ်သားပျဉ်ပြားတွေ နဲ့ နောက်ထိုင်ခုံကို ချဲ့ထွင်ပြုလုပ်ခဲ့ပါတယ်နော် ။ ထို့အပြင် သူဟာ မိခင်ဖြစ်သူရဲ့ ခြေထောက်များကို အနားယူနိုင်စေရန်သစ်သားခြေနင်းကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ပါတယ် ။

သူသွားလေရာနေရာတိုင်း သူ့အမေကိုပါ အမြဲခေါ်သွားတာပါ ။ Yujun ဟာ မေမေကသူ့အသက်ကိုပင် မိသားစုကို အပ်နှံလိုက်တယ်။

ဒါကြောင့် ဘယ်လောက်ပဲခက်ခဲပါစေ ကျွန်တော် တာဝန်ယူ စောင့်ရှောက်မယ် လို့ သူ့စိတ်ခံစားချက်ကိုပြောလာခဲ့ပါတယ်နော် ။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *