(၅) မိုင်ခရီး နေ့တိုင်းလျှောက်ပြီး တပည့်တွေ အတွက် အခမဲ့နေ့လည်စာ ပို့ပေးနေတဲ့ ဆရာ

(၅)မိုင်ခရီး နေ့တိုင်းလျှောက်ပြီး တပည့်တွေအတွက် အခမဲ့နေ့လည်စာ ပို့ပေးနေတဲ့ ဆရာ

သူရဲကောင်းဆိုတာ ဝတ်စုံရှိပြီး စူပါ စွမ်းအား တွေရှိမှမဟုတ်ပါဘူး။ ဒါကို သက် သေပြခဲ့တဲ့ ကျောင်းဆရာ တစ်ယောက် အကြောင်းကိုBored Panda သတင်းဌာနရဲ့ ဖော်ပြချက် တစ်ချို့ကို ပြောချင်ပအတယ်။ England နိုင်ငံက

ကျောင်းဆရာ တစ်ယေက်ဟာ သူ့ကျောင်းသား ၇၈ ယောက် အတွက် နေ့စဉ်နေ့လည်စာ အတွက် ပေါင်လေးဆယ် ကျော်လေးတဲ့ နေ့လည်စာထုပ်တွေကိုကျောပိုးအိတ်နဲ့လွယ်ပြီး ၅ မိုင်ခန့်ခရီးကို နေ့စဉ်လေမ်းလျှောက်နေရကြောင်း သိရပါတယ်နော်။

အဆိုပါ ကျောင်းဆရာကတော့ Zane Powles ဖြစ်ပြီးတော့ England နိုင်ငံ၊ Grimsby မြို့ရှိ Western Primary School မှာ လက်ထောက်ကျောင်းအုပ်တစ်ယောက်ပါ။ လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့

COVID 19 ရောဂါကြောင့် ကျောင်းတွေအကုန်လုံးပိတ်ထားရတာကြောင့်ဘဲ Zane ဟာ ကျောင်းသားတွေနဲ့ အဆက်အသွယ်မပြတ်သွားအောင် အခုလို လုပ်နေရတာဖြစ်ကြောင်း သိရပါတယ်နော်။ကျောင်းသားတွေ စာလုပ်တဲ့အခါမှာ အခက်အခဲ ဖြစ်ရင်လည်း Zane ဟာ အိမ်မှာ တစ်ခါတည်း

ရှင်းပြလေ့ရှိကြောင်း သိရပါတယ်။Zane ဟာ ကျောင်းသားတွေအတွက် နေ့စဉ်နေ့လည်စာစားသောက်ဖို့ ပေါင်း ၄၀ ကျော်လေးတဲ့ Lunch Boxes တွေကိုလည်းကျောပိုးအိတ်နဲ့ အပြည့် ထည့်သွားလေ့ရှိပါတယ်နော်။

ဒီလိုအချိန်က ကလေးတွေတော်တော်များများပျင်းနေကြမှာလေ။ နေ့စဉ်အိမ်မှာ ချည်းပဲနေနေရတော့ ကလေးတွေအတွက်အဖော်ရအောင် ကျွန်တော် ဒီလို လုပ်တာပဲ ဖြစ်ပါတယ်။

သူတို့လေးတွေ ကြိုက်တတ်တဲ့ဟာတွေကိုလည်း ဝယ်သွားလေ့ရှိပါတယ်။ကျောင်းမလာရတော့ သူတို့ ပျင်းနေကြတာတော့ အမှန်ပဲ။ ကျွန်တော့်ကိုတွေ့တိုင်း ကျောင်းဘယ်တော့ပြန်ဖွင့်မှာလဲဆိုတာပဲ မေးနေကြတယ် လို့ Zane က ပြောာကားခဲ့ပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *