လစဉ်ပုံမှန်လစာ ၆သိန်းကျော် ရရှိနေပေမဲ့လည်း အလုပ်က လွယ်ကူ လွန်းနေတာကြောင့် အလုပ်မှနုတ်ထွက်ခဲ့တဲ့ အမျိုးသားတစ်ဦး

လစဉ်ပုံမှန်လစာ ၆သိန်းကျော်ရရှိနေပေမဲ့လည်း အလုပ်က လွယ်ကူလွန်းနေတာကြောင့် အလုပ်မှနုတ်ထွက်ခဲ့တဲ့ အမျိုးသားတစ်ဦး

ယခုလိုအချိန်မှာ ကူးစက်ရောဂါကြောင့်ဘဲ တိုင်းပြည်ရဲ့စီးပွါးရေးအခြေအနေက စိုးရိမ်စရာကောင်းအောင် တဖြည်းဖြည်းကျဆင်းလာခဲ့ပေမဲ့လည်း အလုပ်အကိုင်ရှိတဲ့

ကံကောင်းတဲ့သူများကတော့ ၎င်းတို့အလုပ်အကိုင်ဖြစ်နေသေးတာကို အထူး ကျေးဇူးတင်နေသင့်ပါတယ်နော်။မကြာသေးခင်ကဘဲ Netizen တစ်ဦးကတော့ သူဟာ RicebowlMY ကုမ္ပဏီသို့ အလုပ်ဝင်ပြီးတော့ သူ့အား လစဉ်ဝင်ငွေ

ရင်းဂစ် ၁၆၀၀ ကို ပေးနေတဲ့ကုမ္ပဏီတစ်ခုမှာ စီမံခန့်ခွဲမှုအပိုင်းနှင့် အလုပ်အား ဘယ်လိုစတင်ခဲ့တဲ့အကြောင်းကို သူ့ရဲ့ Facebook Page မှာ မျှဝေပြောကြားခဲ့တာပါ။သူ့အား ကုမ္ပဏီကပေးအပ်တဲ့အလုပ်တာဝန်အားလုံးက

အရမ်းလွယ်ကူနေတာကြောင့် ၎င်းအလုပ်ဟာ သူ့အတွက်စိန်ခေါ်တစ်ခုလို မခံစားရကြောင်း ဆိုထားခဲ့ပါတယ်နော်။ကျွန်တော့်အတွက် အလုပ်ချိန်အများစုက ဘာအလုပ်မှ လုပ်စရာကို မရှိပါဘူး၊ နံနက်ပိုင်း နှစ်နာရီစာလောက်သာ အလုပ်များပြီး

ကျန်တဲ့အချိန်မှာ ကျွန်တော့်မှာ ဘာမှလုပ်စရာမရှိနေပါဘူး၊ တစ်ခါတစ်လေ လတစ်လရဲ့ပထမတစ်ရက်မှာသာ ကျွန်တော် အလုပ်များပါတယ် လို့ ပြောပြထားပါတယ်နော်။ကျန်တဲ့ဝန်ထမ်းများလည်း အလားတူ ၎င်းတို့ရဲ့အချိန်များ

ကုန်လွန်သွားစေဖို့ ၎င်းတို့ရဲ့ဖုန်းများဖြင့်သာ အချိန်ကုန်စေကြကြောင်း အဆိုပါအမျိုးသားက ဆက်လက်ပြောပြခဲ့ပါတယ်နော်။တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုပြန်စဉ်းစားမိပြီး ကျန်ဘဝတစ်လျှောက်လုံးအတွက် ဒီအလုပ်က

ငါ့ကိုအသက်ရှင်စေမှာလားလို့ တွေးမိပါတယ်၊ဒီအလုပ်ကနေ နုတ်ထွက်နိုင်ဖို့ ကိုယ့်အပေါ်မှာဘဲ မူတည်နေပေမဲ့ ကျွန်တော့်အတွက် အလုပ်ချိန်အတွင်း နေ့တိုင်းမျှော်လင့်နေရတဲ့တစ်ခုတည်းသောအလုပ်က ကျွန်တော် နေ့လည်စာကို

ဘယ်မှာမှာယူပြီး ဘယ်အစားအစာကို စားရမလဲ ဆိုတာပါဘဲ လို့ သူက ဆက်ပြောပြခဲ့တာပါ။ထို့နောက် အဆိုပါ post ဟာ Netizen များထံမှ များစွာတဲ့တုံ့ပြန်မှုအမျိုးမျိုးကို ရရှိခဲ့ပါတယ်နော်။တစ်ချို့ကလည်း ဒီလိုခက်ခဲတဲ့အချိန်မျိုးမှာ

အဲဒီလိုအလုပ်မျိုးကို ရချင်တာကြောင့် ၎င်းတို့ကတောင် မနာလိုဖြစ်မိကြောင်း ဆိုခဲ့ကြပြီး အခြားသူများကမူ မင်းက ကုမ္ပဏီမှ မည်သည့်အရာမှ သင်ယူခြင်းမရှိနေဘူးလို့ ခံစားရလျှင်

မင်းရဲ့အလုပ်မှထွက်သွားသင့်တယ် လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။လူအနည်းစုကတော့ မင်းရဲ့တိုးတက်မှုနှုန်းက မင်းရဲ့စိတ်ခံစားချက်နှင့်သာ ဆက်စပ်ကြောင်းပြောဆိုခဲ့ပါတယ်နော်။Mia (kbdailynews)

Reference : worldofbuz