ကိုယ့်ကိုကိုယ် ယုံကြည်မူလွန်ကဲပြီး မြွေခေါင်းကို ပါးစပ်ထဲ ငုံပြခဲ့တဲ့ မြွေဆရာရဲ့ အဖြစ်ကတော့

မြွေဆိပ်ပြီးတယ်ဆိုတဲ့ ဖိလစ်ပိုင်မြွေဆရာ၊ မြွေဆိပ်ကြောင့် မာလကီးယားပြီ

ဖိလစ်ပိုင်နိုင်ငံမှ မြွေဆရာတစ်ယောက်ကတော့ မြွေဆိပ်ကြောင့်ပဲ သေဆုံးခဲ့ရတာပါ။ အဲဒီမြွေဆရာဟာ သူနဲ့နီးစပ်တဲ့နယ်ပယ်မှာတော့ မြွေဆိပ်အားလုံးကို နိုင်နင်းတယ်၊ ပြီးတယ်ဆိုပြီး နာမည်ကြီးသူပါတဲ့။ သူ့ကို မြွေလူသား”လို့လည်း တင်စားကြပြီး၊

အမည်ရင်းကတော့ Bernardo Alvarez ဖြစ်ပါတယ်။သူသေဆုံးချိန်မှာ အသက် (၆၂) နှစ် ရှိနေပါပြီ။ သူဟာ ပြင်းထန်တဲ့မြွေဆိပ်ကြောင့် ဇူလိုင်(၉)ရက်နေ့က ဆုံးပါးခဲ့တာပါနော်။ Alvarez ဟာ Mangaldan ပြည်နယ်၊ Pangasinan မြို့က

နေအိမ်တစ်ခုမှာ မြောက်ပိုင်းတောကြီးမြွေဟောက်’လို့ခေါ်တဲ့ အဆိပ်ပြင်းမြွေဟောက်ကြီးက ဝင်ရောက် ကျူးကျော်စဉ်၊ လာရောက်ဖမ်းဆီးပေးဖို့ Alvarez ကို အကူအညီတောင်းခဲ့တာပ့။သူဟာ မြွေကြီးကို လက်ဗလာနဲ့ ရဲရဲတင်းတင်း ဖမ်းခဲ့ပါတယ်နော်။

ဒေသခံအိမ်နီးနားချင်းတွေကတော့ Alvarez ရဲ့ ရဲစွမ်းသတ္တိပြောင်လွန်းတဲ့ လုပ်ရပ်ကို လက်ခုပ်လက်ဝါးတီးက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ Alvarez ဟာ သူ့ကို အားပေးတဲ့ ပရိသတ်ကြီး မြင်သာအောင် မြွေကိုပါးပြင်းထောင်စေကာ

ခါးလယ်ကနေ ကိုင်မြှောက်ပြခဲ့ပါတယ်နော်။ဖြစ်ချင်တော့ မြွေရဲ့ဦးခေါင်းနဲ့ သူရဲ့မျက်နှာက ကပ်လွန်းသွားခဲ့ပါတယ်နော်။ မြွေဆရာတွေရဲ့ထုံးစံအတိုင်း မြွေရဲ့ဦးခေါင်းကို နမ်းပြဖို့ ကြိုးစားစဉ်မှာ တောကြီးမြွေဟောက်က မထင်မှတ်ဘဲ တိုက်ခိုက်တာကို

Alvarez တစ်ယောက် ခံလိုက်ရတာပါ။ မြွေဟာ Alvarez ရဲ့လျှာကို မိမိရရ ကိုက်နိုင်ခဲ့ပါတယ်။ ဒါဟာ အလွန်အန္တရာယ်ကြီးတဲ့ တိုက်ခိုက်မှုပါ။လက်မောင်းတို့ ခြေထောက်တို့ကို ကိုက်ရင် မြွေဆိပ်မပျံ့နှံ့လွယ်အောင် စည်းနှောင်ထားလို့ရပေမယ့်

အခုဟာက လျှာကို ကိုက်ခံလိုက်ရတာဖြစ်လို့ မြွေဆရာ Alvarez တစ်ယောက် ဘယ်လိုမှ မတက်နိုင်ရှာတော့ပါဘူးတဲ့။ သူဟာ ချက်ချင်းပဲ မြေပြင်မှာ ပတ်လက်လှန် လဲကျသွားပါတယ်နော်။ နောက် မိနစ်အနည်းငယ်အကြာမှာ

သူ သေဆုံးသွားခဲ့တာပါ။ပရိသတ်ကြီးခမျာ မျက်စိအောက်တင် ဖြစ်သွားတာမို့ အံ့အားသင့်နေကြပါတယ်။ သက်ဆိုင်ရာက Alvarez ကို ဆေးရုံအမြန်ပို့ပေးခဲ့သော်လည်း အသက်ကိုတော့ ကယ်တင်နိုင်ခဲ့ခြင်း မရှိတော့ပါဘူးနော်။

အခင်းဖြစ်စဉ်မှာ Alvarez နဲ့အတူ လိုက်ပါလာတဲ့ ညီမဖြစ်သူ Teresa Oca ကတော့ မြွေဆိပ်က သိပ်ကိုပြင်းထန်လွန်းတဲ့အတွက် ဘယ်လိုမှ ကယ်ဆယ်ဖို့ မဖြစ်နိုင်တော့ကြောင်း၊ ဘာပဲဖြစ်ဖြစ် အစ်ကိုရဲ့ ရဲစွမ်းသတ္တိကို ဒီနယ်ပယ်က သတိတရ ရှိနေကြလိမ့်မယ်လို့ ပြောခဲ့ပါတယ်နော်။လင်းသူရိန်Ref ; The Sun

Tags:

Add a Comment

Your email address will not be published. Required fields are marked *