လူတော်တော် များများ မသိကြသေးတဲ့ သဲကန္တာရကြီး အောက်က မြေကြီးထဲမှာ တည်ထားတဲ့ ကူဘာပီးဒီမြို့

လူတော်တော်များများ မသိကြသေးတဲ့ သဲကန္တာရကြီးအောက်က မြေကြီးထဲမှာ တည်ထားတဲ့ ကူဘာပီးဒီမြို့

သာမန် လူတွေ ယုံနိုင်မလားတော့ မသိပေမယ့်လည်း ကမ္ဘာမြေကြီးရဲ့ အောက်ကို နက်နက်တူးပြီး မြေအောက်မှာ နေထိုင်ကြတဲ့ ကူဘာပီးဒီး မြို့မှာ ပြင်ပလောကမှာ တကယ်ရှိ လို့နေပါတယ်နော်။၎င်းမြို့ကတော့

သြစတြေးလျ နိုင်ငံ တောင်ပိုင်းမှာ တည်ရှိပြီးတော့ ၎င်းမြို့ဟာ ကမ္ဘာမြေကြီးရဲ့အောက် ပေ တော်တော် နက်နက်မှာ တည်ထားတဲ့မြို့တစ်မြို့ပါ။၎င်း ကူဘာပီးဒီမြို့ရှိတဲ့ နေရာဟာ ကန္တာရကြီး ဖြစ်တဲ့အပြင် နွေရာသီမှာ ဆိုရင် ကျောက်တုံးပေါ်မှ

ာ ကြက်ဥကြော်လို့ရတဲ့ အပူချိန် ၅၀ ဒီဂရီ စင်တီဂရိတ်ထိ ရှိနေတာပဲဖြစ်ပါတယ်နော်။သို့ပေမယ့် မြေအောက် မှာဆိုရင် တော့ အပူချိန်ဟာ ၂၅ ဒီဂရီစင်တီ ဂိတ်ပဲရှိသလို မြေကြီးပေါ်မှာနွေ ၊ မြေအောက်မှာ ဆောင်းဖြစ် နေတာကြောင့် ဒေသခံ တွေဟာ

မြေအောက်က တူးထားတဲ့ လိုဏ်းခေါင်းတွေ ထဲမှာပဲ နေလာကြရာကနေ နောက်ပိုင်းမှာ အိမ်တွေ ဆောက်ပြီး နေထိုင် လာကြတာပါ။သို့ပေမယ့်လည်း မြေကြီးအောက် က အိမ်တွေဆိုပြီး အထင်သွားသေးလို့မရပါဘူး သူတို့အိမ်တွေဟာ

ဘယ်လောက် သေသပ် လှပနေလဲဆိုတာ ယခု ပရိသတ်တွေမြင့်တွေ့နေရတဲ့ ပုံတွေထဲက အတိုင်းပါပဲနော်။ဒါ့အပြင်ကို ၎င်းမြို့မှာဆိုရင် မြေပေါ်ကမြို့တွေလိုပဲ ဟိုတယ်တွေ ၊

စားသောက်ဆိုင်တွေ ၊ ရုပ်ရှင်ရုံတွေ ၊ ဘုရားကျောင်းတွေ ၊ဆံပင်ညှပ်ဆိုင်တွေနဲ့ ရေကူးကန်တွေပါ စုံစုံလင်လင်ရှိလို့နေပါသေးတယ်နော်။၎င်းမြို့ဟာ နေမရှိ လမရှိ ၊ ကောင်းကင်မရှိ ၊ စမ်းချောင်းမရှိ

၊ တောအုပ်တွေမရှိ ၊ ကျေးငှက်ကလေးတွေ မရှိတဲ့မြို့တစ်မြို့ဆိုပေမယ့် အမြဲတမ်းလိုလို အေးအေးချမ်းချမ်းရှိလှပြီးတော့ နေထိုင်ချင်စရာကောင်းလှတဲ့ မြို့လေးတစ်မြို့ပဲဖြစ်ပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *