ခံစားချက်တွေကို လိုင်းပေါ်တင်ပြီး ပေါက်ကွဲမိတာကြောင့် ခင်ပွန်းကပါ ဘရိတ်အုပ်ဖို့ တားယူနေရ တဲ့အထိ ပွဲကြမ်းနေတဲ့ ပိုးအိအိခန့်

ခံစားချက်တွေကို လိုင်းပေါ်တင်ပြီး ပေါက်ကွဲမိတာကြောင့် ခင်ပွန်းကပါ ဘရိတ်အုပ်ဖို့ တားယူနေရတဲ့အထိ ပွဲကြမ်းနေတဲ့ ပိုးအိအိခန့်

သရုပ်ဆောင် ပိုးအိအိခန့် ကိုတော့ အားလုံး သိကြမှာပါ။ သူမကို စစ်တပ် အသိုင်းဝိုင်းမှ ဖြစ်တာကြောင့် ပရိသတ် တွေက social Punishment လုပ်ခဲ့ကြတာပါ။

တကယ် တော့ ပိုးအိအိခန့်ဟာ အမှန်တရား ဘက်ကနေ ရပ်တည်ပေးနေ သူပါနော်။ပရိသတ် တွေ ဘယ်လောက်ပဲ ပြောဆိုနေပါပစေ သည်းခံ တတ်တဲ့ ပိုးအိအိခန့်ကတော့ ခံစားနေရတဲ့ အရာများကို ဆိုရှယ် မီဒီယာတွင် ဖွင့်ဟ လိုက်ပါပြီနော်။

သူမက တကယ်တော့လေ ဘေးထိုင်ဘုပြောနေသူတွေရဲ့ စိတ်ဓာတ်က ဘာလာလာ ပြောမှာပဲ သိလားအလှပုံပဲတင်ပြီး ဘာမှ မတင် မဆဲ သူတွေကျတော့ဒီချိန်ကြီးမှာ အလှပုံတွေ တင်နေစရာလား လိပ်ပြာလုံပါစေတို့ဘာတို့ ဘာဆို ဘာတခုမှ မတင်ဘဲ

ကိုယ့်ခံယူချက်ကိုယ်သာသိ အများသိဖို့ မလို ဆိုတဲ့ ကျွန်မယောကျာ်းလို လူမျိုးတစ်စုကိုကြပြန်တော့ အပြင်မထွက်နိုင်ရင်တောင်ဖေ့ဘွတ်ပေါ်တခုခုတော့တင်သင့်တယ်ပေါ့ ဒီလောက်နိုင်ငံကြီး ဖြစ်တာ နေနိုင်စိမ့်တယ်ပေါ့။အဲလာပါပြီ

ကျွန်မလို ပြည်ပရောက်နေလို့အပြင်မထွက်နိုင်သော်ငြား လိုင်းပေါ်ကနေ ထိုင်ကန့်ကွက်နေပြန်တော့လဲအပြင်ကျထွက်မလာဘဲ လိုင်းပေါ်မှာတင် အာကျယ်မနေနဲ့တဲ့ ကဲ အဲ့ဒါသာကြည့်တော့တကယ်တော့ အဲ့လို လူတန်းစားတွေနဲ့

ဖက်ရန်ဖြစ်မိတဲ့ ကျွန်မ မှားမှန်းစဉ်းစားလေ သိလေ ဖြစ်လာပါပြီအဲ့တော့ ကြိုက်တာသာ လာပြော ဘေးနားမှာ ရှိနေတဲ့ကျွန်မ အမျိုးသား ဆရာသမားကို အတုယူပြီး နေတော့မယ်ကွယ် ပုံဥပက္ခာ တရားကြီးမားသူကြီးရဲ့ အမျိုးသမီး

မစွာတေးလို့ ရေးထားတာဘဲ ဖြစ်ပါတယ်နော်။ Facebook ပေါ်မှာရေးတင်နေတာကြောင့် ခင်ပွန်းဖြစ်တဲ့ အောင်သူကပါ တားယူနေရတယ်လို့လည်း ပိုးအိအိခန့်က ပြောသွားပါသေးတယ်။Credit

Add a Comment

Your email address will not be published. Required fields are marked *