ထီဆုကြီးပေါက်ခဲ့ပေမယ့် သူများကိုယုံစားမိလို့ စည်းစိမ်ပြုတ်ခဲ့ရတဲ့ အမျိုးသား

ထီဆုကြီးပေါက်ခဲ့ပေမယ့် သူများကိုယုံစားမိလို့ စည်းစိမ်ပြုတ်ခဲ့ရတဲ့ အမျိုးသား

သြစတေးလျနိုင်ငံရဲ့အကြီးဆုံးထီဆုကြီးတွေထဲက ဒေါ်လာသန်း(၃၀) ဆုကြီး ပေါက်ခဲ့တဲ့ အမျိုးသားတစ်ဦးဟာ အိမ်ခြံမြေအကျိုးဆောင်ရဲ့စကားကို ယုံကြည်ပြီးတော့ မရင်းနှီးမမြှုပ်နှံသင့်တဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံခဲ့တာကြောင့်

အခုအခါ ပိုင်ဆိုင်သမျှစီးပွားရေးလုပ်ငန်းအားလုံးမှာ အရှုံးပေါ်နေပြီဖြစ်ကြောင်း Thewest အွန်လိုင်းသတင်းအရ သိရတာပါ။ ထီဆုကြီးကံထူးသူ အမျိုးသားဟာ အသက်(၂၃)နှစ်အရွယ် ရှီးရစ်ဖ်န်ဂါဂျစ်စ်ဆိုသူပါ။ သူဟာ ပါ့သ်မြို့က ရုပ်ရှင်ရုံမှာ

အချိန်ပိုင်းအလုပ်လုပ်ကိုင်နေစဉ်အတောအတွင်း(၂၀၀၇) ခုနှစ်မှာ သြစတေးလျထီဆုကြီး ပေါက်ခဲ့တာ ဖြစ်ပါတယ်။ဒီလောက် များပြားတဲ့ ငွေပမာဏကို ရရှိခဲ့ပေမယ့်လည်း မထိုက်တဲ့အတွက် ရှီးရစ်ဖ်ရဲ့ ထီဆုငွေတွေဟာ နည်းအမျိုးမျိုးနဲ့

ကုန်သွားရတယ်လို့ မှတ်ယူနိုင်ဖွယ် ရှိပါတယ်နော်။ ရှီးရစ်ဖ်ဟာ အိမ်ခြံမြေအကျိုးဆောင်ဌာနက ရက်ဆဲလ်ပိုလီကာဆိုသူရဲ့စကားကို နားယောင်ကာသူ့အကြံပေးချက်အတိုင်း ငွေတွေကို စီးပွားရေးလုပ်ငန်းအသီးသီးမှာ ရင်းနှီးမြှုပ်နှံခဲ့တာပါ။

ရှီးရစ်ဖ်ဟာ အရက်ဆိုင်တစ်ဆိုင်၊ ဇိမ်ခံသင်္ဘောလှေတစ်ဦးနဲ့ ကမ်းခြေတစ်ခုက မြေနေရာအချို့ကို ဝယ်ယူခဲ့ပါတယ်နော်။ သူ့အလုပ်တွေက တဖြည်းဖြည်းနဲ့ ဝင်ငွေမရှိပဲ အထွက်ချည်းပြနေပေမယ့် အရက်ဆိုင်ကို ပြန်လည်မွမ်းမံပြင်ဆင်ဖို့ဆိုပြီး

ဒေါ်လာ(၁) သန်းကျော်သုံးစွဲခဲ့ပါသေးတာပ့။ အဆိုပါအရက်ဆိုင်နေရာကလည်း (၃) နှစ်အတွင်းမှာ ဒေါ်လာ(၁) သန်းကျော် ရှုံးနေခဲ့ပြီဖြစ်ပါတယ်နော်။ရှီးရစ်ဖ်ဟာ နိုက်ကလပ်နဲ့ တိုက်ခန်းတွဲဖွင့်ထားတဲ့ နေရာတစ်ခုကိုလည်း ကာလပေါက်ဈေးထက်

ကျော်လွန်ပြီး ဒေါ်လာ(၂.၆၅) သန်းနဲ့ ဈေးကြီးပေးကာ ဝယ်ယူခဲ့ပါသေးတယ်တဲ့။ ရှီးရစ်ဖ်ဟာ စီးပွားရေးကို ဟိုဟာလုပ် ကောင်းနိုးနိုး၊ သည်ဟာလုပ် ကောင်းနိုးနိုးနဲ့လက်တည့်စမ်းရင်း (၂၀၁၂) ခုနှစ်မှာတော့ သူ့လက်ထဲမှာတော့ ဒေါ်လာ(၅) သန်းပဲ

ကျန်ပါတော့တယ်နော်။ မကြာခင်မှာပဲ အဲဒီဒေါ်လာ(၅) သန်းဟာလည်း သူ့ရဲ့ ပြန့်ကြဲနေတဲ့ စီးပွားရေးလုပ်ငန်းတွေထဲ ထည့်ရင်း ကုန်သွားပါတယ်(၂၀၁၄) ခုနှစ်မှာတော့ ရှီးရစ်ဖ်ဟာ ရက်ဆဲလ်ပိုလီကာကို သူ့ငွေတွေကို မှားယွင်းစွ

ာ ရင်းနှီးမြှုပ်နှံခိုင်းလို့ဆိုပြီး တရားစွဲခဲ့ပါတယ်။လက်ရှိမှာတော့ တရားရုံးက ရက်ဆဲလ်ပိုလီကာကို ရှီးရစ်ဖ်ထံ ဒေါ်လာ(၂) သန်းကျော် လျှော်ကြေးပြန်ပေးဖို့ အမိန့်ချခဲ့တယ်လို့ သိရပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *