ကစားသမားဘဝတစ်လျှောက်မက်ဆီအောင်ပွဲမခံခဲ့တဲ့တစ်လုံးထဲသောသွင်းဂိုး

၂၀၁၅ခုနှစ်အတွင်းက မက်ဆီဟာ ဂိုးသွင်းပြီးတဲ့အချိန်မှာ အောင်ပွဲမခံပဲ တောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာ ဘာစီလိုနာအသင်းက ရေးဗားပလိတ်အသင်းကို ၃ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ပွဲမှာ မက်ဆီက ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။၂၀၁၁ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်တုန်းကလို ဂိုးသွင်းအပြီး အားရပါးရ အောင်ပွဲခံတဲ့ပုံစံမျိုးကို ပြုလုပ်သင့်ပေမယ့်၊ ဂိုးသွင်းပြီးချိန်မှာ မက်ဆီဟာလက်တစ်ဖက်ကို မြှောက်ပြီး ပွဲကြည့်စင်ပေါ်က ရေးဗားပလိတ်ပရိတ်သတ်ပေါင်း ၁၆၀၀၀ ကို တောင်းပန်ခဲ့တာပါ။နယူးဝဲလ်အိုးလ် ဘွိုင်းစ် ကလပ်အသင်းကျန ထွက်ရှိလာသူ ၊ အာဂျင်တီးနားကပ္ပတိန် မက်ဆီဟာ မိုင်ပေါင်းများစွာခရီးနှင်လာပြီး ဘောလုံးပွဲကိုလာကြည့်ခဲ့တဲ့ အာဂျင်တီးနားပြည်သူတွေဖြစ်တဲ့ ရေးဗားပလိတ်ပရိတ်သတ်များကို တောင်းပန်ခဲ့တာဖြစ်ပါတယ်။

အဆ်ိုပါပွဲ ပွဲပြီးအင်တာဗျူးအစီအစဉ်မှာ မက်ဆီက အခုလို ပြောဆိုခဲ့ပါတယ်။” ပရိတ်သတ်တွေဟာ ဒီပွဲကို ကြည့်ဖို့ဘယ်လောက်ထိ ခရီးနှင်ခဲ့ရပြီး၊ ဘယ်လောက်ထိစိတ်လှုပ်ရှားနေမယ်ဆ်ိုတာ ကျွန်တော်သိပါတယ်။အာဂျင်တီးနားသားဖြစ်တဲ့ ကျွန်တော်က အဖွင့်ဂိုးသွင်းပြီး သူတို့ရဲ့မျှော်လင့်ချက်ကို ရိုက်ချိုးမိခဲ့တယ်။ကျွန်တော် sorryလို့ ပြောမိခဲ့သလားဆိုတာကိုတော့ အတိအကျမမှတ်မိတော့ပါဘူး။ဒါပေမယ့် အဲ့ဒီအပြုအမူဟာ တောင်းပန်တာကို ပြသတာပါ”လို့ မက်ဆီက ရှင်းလင်းပြောဆိုခဲ့ပါတယ်။အားကစားစိတ်ဓာတ်အပြည့်ရှိတဲ့ မက်ဆီဆီက ကောင်းမွန်တဲ့အပြုအမူတစ်ခုကို ထပ်မံမြင်တွေ့ခဲ့ ရတာလည်း ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *