လက်ထပ်ခွင့်တောင်းတဲ့အခါ ဘာလို့ ဒူးတစ်ဖက် ထောက်ကြတာလဲ?

လက်ထပ်ခွင့်တောင်းတဲ့အခါ ဘာလို့ ဒူးတစ်ဖက်ထောက်ကြတာလဲ?

ချစ်သူ ကောင်လေးက ဒူးတစ်ဖက် ထောက်ပြီး ချစ်သူကောင်မလေးကို ခရမ်းရင့်ရောင် လက်စွပ် ဗူးလေးထဲမှာ တလက်လက်တောက်ပနေတဲ့ စိန်လက်စွပ် ကိုပြပြီးတော့

လက်ထပ်ဖို့ ခွင့်တောင်းတာပါ။“ငါ့ကိုလက်ထပ်နိုင်မလား” ဆိုတဲ့ မေးခွန်း မမေးမီ ဒူးအရင် ထောက်ရတဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ။ဒီလိုရိုမန့်တစ် ဆန်ဆန် အပြုအမူမျိုးက

ဘယ်တုန်းက အစပြုခဲ့လဲဆိုတာတော့ ဘယ်သူမှ မသိကြဘူးနော်။ဒါပေမယ့် ဒီအပြုအမူက ကတိပေးတယ်ဆိုတဲ့ သဘောမျိုးသက်ရောက်တယ်လို့ ထုတ်ဖော်တဲ့ သီအိုရီတွေတော့ရှိပါတယ်နော်။

အလယ်ခေတ် သူရဲကောင်းတွေရဲ့ ကြင်နာသိမ်မွေ့ရဲရင်တဲ့ ပုံစံမျိုး မတိမ်ကောသွားတဲ့အပြင်နောက်ပိုင်းခေတ်သစ်ရောက်လာချိန်မှာလည်း အလယ်ခေတ်အေဒီ ၁၁၀၀ ၊ ၁၄၀၀ တုန်းက

ပိုးပန်းတဲ့ နည်းလမ်းတွေ သုံးကြတာပါ။ဒူးထောက်တယ်ဆိုတာကလည်း ရိုမန်တစ်ဆန်တဲ့ အခမ်းအနားတွေမှာ ပြုလုပ်နေကြတဲ့ ဓလေ့ တစ်မျိုးပါနော်။အလယ်ခေတ်အေဒီ ၁၁၀၀ ၊၁၄၀၀ လောက်က အနုပညာ ၊ စာပေတွေမှာဆို သူရဲကောင်းတွေ

ကသူတို့မြေပိုင်ရှင်သူဌေးပေးအပ် ချီးမြှင့် တဲ့ မြေကို လက်ခံယူချိန်မှာ ဒူးထောက်ကြသလိုသူတို့လေးစားချစ်ခင်တဲ့ မိန်းကလေးတွေပေါ်မှာ သိမ်မွေ့နူးညံ့တဲ့အချစ်တွေပြသဖို့ဒူးထောက်ကြတာပါနောါ။

ဒီလိုမျိုး အလယ်ခေတ် ရာစုရဲ့ဓလေ့ထုံးတမ်းလောက်နဲ့ ရှင်းပြဖို့ရန်မလုံလောက်ပါဘူးတဲ့။ဘာသာရေးကလည်း အခန်းကဏ္ဍ တစ်ခုအနေနဲ့ ရပ်တည်နေတာကြောင့်ပါ။

ခရစ်ယာန်ဘာသာ ၊ အစ္စလာမ်ဘာသာ ယုံကြည် သက်ဝင်သူတွေက ဘုရားသခင်ထံမှာထာဝရသက်ဝင် ယုံကြည်မှု နှင့် လေးစားမှုကို ပြသဖို့ ဒူးထောက် ဆုတောင်း ဝတ်ပြုကြပါတယ်နော်။

ဒါကြောင့်မို့ သင်ချစ်ရတဲ့ သူက ဒူးတစ်ဖက်ထောက်ပြီး လက်စွပ်လေးနဲ့ အံ့အားသင့်အောင် ပြုလုပ်တာက သင့် ရဲ့ ‘ Yes’ဆိုတဲ့အဖြေကြားချင်ရုံ တစ်ခုတည်း

မဟုတ်ဘဲ သင့်ကို တန်ဖိုးထား မြတ်နိုးပြီး ထာဝရ ချစ်သွားနိုင်ကြောင်းပြသနေတာဖြစ်လို့ ဂုဏ်ယူလိုက်ပါနော်။credit

Add a Comment

Your email address will not be published. Required fields are marked *