အွန်လိုင်းပေါ်မှာ ချစ်ကြိုက်ပြီး ယူခါနီးမှ သူဌေးကြီးဖြစ်နေမှန်းသိလိုက်ရတဲ့ ဗီယမ်နန် အမျိုးသမီး

အွန်လိုင်းပေါ်မှာ ချစ်ကြိုက်ပြီး ယူခါနီးမှ သူဌေးကြီးဖြစ်နေမှန်းသိလိုက်ရတဲ့ ဗီယမ်နန်အမျိုးသမီး

အွန်းလိုင်းကနေ ချစ်သူရည်းစားထားလို့ ဒုက္ခရောက်သွားတဲ့ အကြောင်းတွေ တစ်နေ့ကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ အခု သတင်းလေးကတော့ ဒါတွေအားလုံးနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အခုပြောပြမဲ့ သတင်းလေးကတော့ Long DistanceRelationship နဲ့

၁၀လအကြာ ချစ်ကြိုက်ခဲ့ပြီး လက်ထပ်သွားတဲ့ ဗီယမ်နန်စုံတွဲတစ်တွဲအကြောင်းပါ။Baomoi (Via WoB) သတင်းအရ Van Anh ဆိုတဲ့ ဗီယမ်နမ်အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်က ဟနွိုင်းတက္ကသိုလ်ကနေသိပ္ပံနဲ့ နည်းပညာဘွဲ့ရခဲ့တာပါ။

အဲ့ဒီနောက် Single ဘဝနဲ့ ရပ်တည်နေချိန်မှာပဲ ၂၀၁၆ ခုနှစ်ရောက်တော့ သူမအရမ်း ကြိုက်တဲ့Idol တစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်ထားတဲ့ အမျိုးသားတစ်ဦးကို Facebook ပေါ်မှာတွေ့လိုက်တာပါ။Van Anh ဟာ သူမအရမ်းအသည်းစွဲဖြစ်တဲ့

Idol နဲ့ ခင်မင်ရင်းနှီးချင်တာကြောင့် အဆိုပါ ဓာတ်ပုံတွဲရိုက်ထားတဲ့ အမျိုးသားကို သူမရဲ့Idol နဲ့ အကျွမ်းတဝင်ရှိမရှိ၊ တကယ်လို့ ရင်းနှီးတယ်ဆို သူမနဲ့ မိတ်ဆက်ပေးဖို့ အကူအညီတောင်းမေးမြန်းရာကနေ သူမတို့ရဲ့ ဖူးစာဇာတ်လမ်းလေးက စတင်ခဲ့တာပါ

အဆိုပါ အမျိုးသားလည်း သူမရဲ့ Idol နဲ့ မရင်းနှီးဘူးဆိုတဲ့အကြောင်း စာပြန်ပို့ရင်း စကားအပြန်အလှန်ပြောဖြစ်ခဲ့ကြပါတယ်နော်။ အဲ့ဒီနောက် တဖြည်းဖြည်း တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးလာပြီးတော အဆက်အသွယ်တွေ ရလာခဲ့ပါတယ်။

အဆိုပါ အမျိုးသားဟာ ဗီယမ်နန်နိုင်ငံသားတစ်ဦးဖြစ်ပြီး သူရဲ့ နာမည်ကDang Tuan လို့ဆိုပါတယ်။ဒါ့အပြင် သူဟာ ရုရှားမှာနေပြီး အလုပ်လုပ်နေကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၆ခုနှစ် နိုဝင်ဘာလရောက်တဲ့အချိန်မှာတော့ သူတို့နှစ်ဦးဟာ အွန်လိုင်းကနေ ချစ်သူတွေ ဖြစ်ခဲ့သွားခဲ့ကြတာပါ။

LDRS နဲ့ ၁၀အကြာတွဲပြီးတဲ့နောက်မှာတော့ သူတို့နှစ်ဦးဟာလက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်တဲ့။ဒါပေမဲ့ Van Anh ရဲ့ မိဘတွေကတော့ အွန်လိုင်းကနေ ချစ်ကြိုက်တဲ့သူဖြစ်တာကြောင့် သဘောမတူဘဲ တားမြစ်ခဲ့တာပါ။ ဒီသတင်းကို ကြားတဲ့ Dang Tuan ဟာ သူရဲ့ အချစ်က စင်ကြယ်ပြီး

မေတ္တာစစ် မေတ္တာမှန်နဲ့ တကယ်ချစ်ကြောင်း သက်သေပြဖို့အတွက်ရုရှားကနေ ဗီယမ်နမ်ကို လေယာဉ်ခရီးဖြင့် ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် Van Anh ရဲ့ မိဘတွေဆီမှာ တောင်းရမ်း လက်ထပ်ယူခဲ့ပါတယ်။ Van Anh ရဲ့ မိဘတွေက

အစပိုင်းမှာ လက်မခံပေမဲ့ နောက်ပိုင်းမှာ သူတို့နှစ်ယောက်က အလျော့မပေးတာကြောင့်လက်ခံလိုက်ရပါတယ်နော်။မိဘတွေကလည်း သဘောတူလိုက်ပြီးဆိုတော့ Van Anh တစ်ယောက် သူ့ရဲ့ ချစ်သူ Dang Tuan နဲ့ မင်္ဂလာကိစ္စ စီစဉ်ဖို့အတွက်ရုရှားကို လိုက်သွားခဲ့တာပါ။

ရုရှားရောက်သွားတဲ့ အခါမှာတော့ သူမအတွက် မယုံနိုင်လောက်အောင် အံ့အားသင့်စရာတစ်ခုနဲ့ကြုံတွေလိုက်ရပါတယ်။ ဒါကတော့ သူမရဲ့ ချစ်သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေတယ်ဆိုတာပါပဲ။

သူမရဲ့ ချစ်သူဟာ နာမည်ကြီး လူကြိုက်များတဲ့ International Fashion Brandတွေရဲ့ အထွေထွေ မန်နေဂျာတစ်ဦးပဲဖြစ်ပါတယ်တဲ့။ Dang Tuan ဟာသူတို့နှစ်ဦးရဲ့ ဆက်ဆံရေးမှား အတားအဆီဖြစ်မှာဆိုးတဲ့အတွက်သူရဲ့ ချမ်းသာကြွယ်ဝမှုကို ချစ်သူရည်းစားသက်တမ်းတစ်လျှောက်လုံး

ဖွင့်မပြောဘဲ ဖုံးကွယ်ခဲ့တာပါ။အွန်းလိုင်းကနေ ဖူးစာဆုံတဲ့ ကြည်နူးစရာ သူတို့စုံတွဲရဲ့ မင်္ဂလာဆောင်ကို ၂၀၁၇ခုနှစ် ၉လပိုင်းမှာ ဟနွိုင်းရဲ့ ကြယ်ငါးပွင့် ဟိုတယ်ကြီမှာ ခမ်းနားစွာ

ကျင်းပခဲ့ကြပါတယ်နော်။ အဲ့ဒီနောက် ရုရှားမှာပဲ အခြေချနေထိုင်ပြီး အခုဆို ကြည်နူးစရာဘဝလေးထဲ သားသားမီးမီးလေးတွေပါ ဝင်လာနေပြီလို့ သိရပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *